လူတစ်ယောက်ချင်းစီမှာ မတူတဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်လေးတွေ ရှိတတ်ကြပါတယ်။ ဒီလို အကျင့်လေးတွေက ကိုယ့်စရိုက်ကို ပြောနေတယ်ဆိုတာကိုတော့ သတိထားမိတဲ့သူ နည်းပါတယ်။ တချို့ လုပ်ရပ်လေးတွေက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်သဘာဝကို အများကြီး ထုတ်ပြနေတတ်လို့ ကိုယ့်စရိုက်ကို ပြောပြနေတဲ့ အကျင့်လေးတွေအကြောင်း ဖော်ထုတ်ကြည့်ရအောင်ပါ။

(၁) အော်ဂဲနစ်အသီးအနှံတွေ စားခြင်း

man buying organic foods

Photo: helpguide

အန္တရာယ်ရှိတဲ့ အသီးအနှံတွေ ရှောင်ပြီး ပိုးသတ်ဆေးမပါတဲ့ အစားအစာတွေ စားတတ်သူတွေဟာ တခြားသူတွေကို ဆရာလုပ်တတ်တယ်လို့ ဆိုပါတယ်။ ပြန်သုံးလို့ရတဲ့ ဈေးဝယ်အိတ် Reusable Shopping Bag ဝယ်သူတွေလည်း ဒီအတိုင်းပါပဲ။ သုတေသီတွေကတော့ ဒါဟာ စိတ်ပညာအရ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့ မှန်တဲ့ အလုပ်ကို လုပ်နေတယ်လို့ ခံယူနေတာ ဖြစ်ပါတယ်။ မဟုတ်တာ မလုပ်သလို အများအကျိုးရှိအောင် တစ်နည်းနေထိုင်တယ်လို့ စိတ်အခံရှိတတ်ကြပါတယ်။

(၂) နေစာခံစက် သုံးခြင်း

man Indoor Tanning

Photo: ReviewThis

အသားညိုအောင် နေရောင်ခြည်တုစက်အောက် နေစာခံတဲ့အလေ့အထက အနောက်နိုင်ငံတွေမှာ ပိုပြီးလုပ်လေ့ရှိပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကာလာအဖြစ် ကြေးနီရောင် အသားအရေမျိုး ပိုင်ဆိုင်ဖို့ လုပ်တာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ Tanning Booths သုံးတဲ့သူတွေဟာ အရက်စွဲမှု ၆ ဆ ပိုမြင့်နိုင်ခြေရှိပြီး ရာသီပြောင်း စိတ်အခြေအနေမမှန်မှု ဖြစ်နိုင်ခြေလည်း ၃ ဆ ပိုဖြစ်တတ်တယ်လို့ ဆိုပါတယ်။

(၃) Cold Water ချိုးခြင်း

man taking bath in shower

Photo: RVCJ India

ရေချိုးခြင်းဟာ လူတွေရဲ့ စိတ်အခြေအနေပေါ် လွှမ်းမိုးမှုရှိတယ်လို့ ဆိုပါတယ်။ ဥပမာ ရေနွေးနွေးနဲ့ ချိုးလေ့ရှိလေလေ ပိုပြီး အထီးကျန်တယ်လို့ ခံစားရလေလေ ဖြစ်တတ်ပါတယ်။ Cold Water လို့ ခေါ်တဲ့ ရေအေးချိုးတတ်သူတွေက ခေါင်းမာတယ် ၊ အတ္တကြီးတတ်တယ် ၊ သူတစ်ပါးအမြင်သဘောထားတွေလည်း သိပ်သဘောမကျတတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ကိုယ်နဲ့ အမြင်မတူသူတွေရဲ့ အသံကို နားထောင်ရင်တောင် သဘောမတူတတ်တဲ့လူစားမျိုးလို့လည်း ဆိုကြပါတယ်။

(၄) အီးမေးလ်

man using email with computer

Photo: Freepik

လူတစ်ယောက်ရဲ့ Mailbox ကလည်း သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း ပြောပြနိုင်တယ်လို့ ဆိုပါတယ်။ မေးလ်ဝင်လာတိုင်း သူ့ကဏ္ဍနဲ့သူ စီစဉ်တာ ၊ ပြန်စာရေးတာတို့ မလိုတာကို ဖျက်ပစ်တာတို့ လုပ်တတ်သူမျိုးဟာ အရာရာတိုင်းကို သူတို့ လက်သူတို့ခြေ နေရတာ ပိုသဘောကျသူမျိုး ဖြစ်တတ်ပါတယ်။ မက်ဆေ့တွေ ဖတ်ပြီးတာနဲ့ ဖျက်ပစ်တတ်တဲ့သူတွေဟာ အကောင်းဆုံးဝါဒီကို လက်ခံသူတွေဖြစ်ပြီး လုံခြုံရေးအမြင် အမြဲရှိတဲ့သူလို့ ဆိုပါတယ်။ အီးမေးလ်ကို ဘယ်တော့မှ မဖတ်ဖြစ်သလို ဖျက်လည်း မပစ်တဲ့သူတွေကတော့ ပိုပြီး ဉာဏ်ပြေးတဲ့သူလို့ ဆိုရပါမယ်။ သူတို့အနေနဲ့ ဒီစာတွေဖတ်လို့ ဘာအကျိုးမှ မရှိတာမှန်း သိပြီး အီးမေးလ်ကြောင့် အချိန်ကုန်မခံချင်သူတွေ ဖြစ်လို့ပါတဲ့။

(၅) Social Media မှာ Like ပဲ ပေးတတ်သူတွေ

Using smartphone for news and entertainment

Photo: Freepik

သုတေသနအရ Facebook မှာ Like သင်္ကေတပဲ သုံးလေ့ရှိသူတွေက အပျင်းကြီးတဲ့ လက္ခဏာ Slacktivism ပုံစံရှိသူတွေ ဖြစ်တတ်ပါတယ်။ အချိန်ကုန်မခံချင်သူတွေလည်း ဖြစ်နိုင်ပါတယ်တဲ့။