စိတ်ခံစားချက်ဟာ သင့်ရဲ့ နိစ္စဒူဝ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာ အလေ့အကျင့်လေးတွေပေါ် လိုက်ပြီး စိတ်ခံစားချက် အတက်အကျ ဖြစ်ကြတာပါ။ စိတ်ဓါတ်ကျနေတယ်လို့ ခံစားရပြီ ဆိုရင် ကိုယ့်ရဲ့ နေ့စဉ်အကျင့်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဘယ်လို နေ့စဉ် အလေ့အကျင့်လေးတွေကို ဂရုတစိုက်ရှောင်ကြဉ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။
(၁) ကိုယ့် Lifestyle ကို ဂရုမစိုက်ခြင်း
Photo: Freepik
Depression ဝင်စေတဲ့ အကြောင်းရင်းလေးတွေက သေးသေးလေးကနေ စပုံပြီး ဖြစ်သွားတတ်ပါတယ်။ အားကစားမလုပ်ဖြစ်ဘူး ၊ အိပ်ရာထ နောက်ကျတယ် ၊ ဆေးလိပ်/အရက်တွေ သုံးစွဲတယ် ၊ အာဟာရဖြစ်အောင် မစားဘူး။ Hot Dog လို အသင့်စား တာရှည်ခံစားသောက်ကုန်တွေပဲ စားနေမိတယ်။ စတဲ့ စတဲ့ အကြောင်းရင်းတွေက စိတ်ဓါတ်ကျဆင်းမှုကို ပိုဆိုးစေနိုင်ပါတယ်။
(၂) တစ်ယောက်တည်း အနေများခြင်း
Photo: Freepik
တစ်ခါတလေမှာ ရှုပ်ထွေးဖိစီးနေတဲ့ ပတ်ဝန်းကျင်ကနေ ခွာပြီး တစ်ယောက်တည်း ဧကစာ နေတဲ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့လည်း လူတွေသူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်း နေတာ များလာရင်လည်း စိတ်ထိခိုက်ခံစားမှု ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။
(၃) လူမှုကွန်ရက်တွေပေါ်မှာ အလုပ်များနေခြင်း
Photo: Freepik
ကြည့်လိုက်ရင် ၂၄/၇ စမတ်ဖုန်းတွေ ၊ Laptops ၊ တီဗွီ နဲ့ Streaming Services တွေနဲ့ပဲ အချိန်ပြည့် ဖြစ်နေရင် Depression ပိုဆိုးလာနိုင်ပါတယ်။ မီဒီယာတွေမှာ အချိန်များများ ကုန်လေလေ စိတ်ခံစားမှု Mood အရည်အသွေးကျဆင်းလာတတ်ပါတယ်။ Media ပေါ်မှာ ဗဟုကိစ္စ Multitasking လုပ်တဲ့ အချိန်အနည်းအများပေါ်လိုက်ပြီး လူတစ်ယောက်စိတ်ခံစားချက် တက်/ကျ ဖြစ်လာနိုင်ပါတယ်။
(၄) အဆိုးမြင်သူတွေနဲ့ ပေါင်းသင်းခြင်း
Photo: Freepik
ကိုယ့်ပတ်ဝန်းကျင်က လူတွေက ကိုယ့်အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ကောင်းတဲ့သူတွေနဲ့ အတူနေရင် စိတ်ကောင်းစေတနာကောင်း ဝင်တတ်ပြီး အဆိုးမြင်သူတွေနဲ့ နေရင် ဘဝကို စိတ်ပျက်စရာကြီးအဖြစ် အမြင်စောင်းနိုင်ပါတယ်။ ကိုယ့်အပေါင်းအသင်းတွေကို သေချာရွေးချယ်ပါ။
(၅) Green Time လုံလုံလောက်လောက် မရခြင်း
Photo: Freepik
လူတစ်ယောက်ဟာ အခန်းထဲချည်း အမြဲတမ်း အချိန်ကုန်နေရင် ကြာလေလေ စိတ်ခံစားချက်တွေ ဖောက်ပြန်ပျက်စီးလာနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်က လှုပ်ရှားသွားလာမှုတွေ ၊ တောစိမ်းစိမ်း တောင်စိမ်းစိမ်းနဲ့ လောကဓါတ်တစ်ခွင်ကို မမြင်ရရင် စိတ်ဖိစီးမှု ပိုများပြီး Depression အပါအဝင် စိတ်ကျန်းမာရေးထိခိုက်တဲ့အဖြစ်တွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် အခန်းထဲပဲ အောင်းမနေပါနဲ့။ အပြင်လောကထဲ လမ်းလျှောက်ထွက်ပါ။