၂၁ ရာစုမှာ နောက်ကျောနာတဲ့ ပြသာနာဟာ ရေပန်းစားလာပါတယ်။ နောက်ကျောနာရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ လူတယောက်ရဲ့ နေထိုင်မှုပုံစံနဲ့ ဆက်နွယ်မှုရှိနေပါတယ်။ တခြားနာတာရှည် ခါးနာရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများစွာလည်းရှိပါသေးတယ်။အခု kwee page ကနေပြီးတော့ လူတယောက်ရဲ့နေထိုင်မှုပုံစံက ခါးနာရောဂါနဲ့ ဘယ်လိုဆက်နွယ်မှုရှိလဲဆိုတာကို ပြောပြပေးသွားမှာပါ။

 

ဆေးလိပ်သောက်ခြင်း

Source: World news today

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်။ ပြီးတော့ ဆေးလိပ် သောက်ခြင်းက ခါးနာရောဂါနဲ့လည်းဆက်နွယ်မှုရှိတယ်လို့ ပညာရှင်တွေကပြောထားကြပါတယ်။ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဟာ ကျောရိုးမကြီးရဲ့ သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးတဲ့အတွက်ကြောင့် ခါးရိုးအတွက် အန္တရာယ်ရှိပါတယ်။

 

မက်တပ်ရပ်နေစဉ်အလုပ်လုပ်ခြင်း

Source: Healthline

အထိုင်များပြီးအလုပ်လုပ်တာက ခါးအတွက် မကောင်းဘူးဆိုတာ ကွီးပရိသက်တွေ အားလုံးနီးပါးကြားဖူးကြမှာပါ။ ဒါပေမဲ့ အကြာကြီး မက်တပ်ရပ်ပြီး အလုပ်လုပ်ရတဲ့အခါမှာလည်း ကျန်းမာရေးအတွက် မကောင်းပြန်ပါဘူး။ မက်တပ်ရပ်နေတဲ့ ပုံစံမမှန်ဘူးဆိုရင် လည်ပင်း၊ ခါး နဲ့ ပခုံးကျန်းမာရေးအတွက် ထိခိုက်မှုရှိနိုင်ပါတယ်။ခေါင်း ဒါမှမဟုတ် ပခုံးအနေအထားတွေ မမှန်ဘူးဆိုရင် ဒါကခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကို ကောင်းစွာထိန်းချုပ်မှုမရှိနေတာကိုဆိုလိုပါတယ်။

ခန္ဓာကိုယ်လှုပ်ရှားတဲ့အချိန်မှာ အနေအထားမမှန်တာတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်ဖန်များလာရင် ခါးနာကျောနာတာတွေဖြစ်တတ်ပါတယ်။ဒီလို ခါနားကျောနာ တာတွေ ရှောင်ရှားနိုင်ဖို့အတွက် အလုပ်ထဲမှာ တနေကုန်ထိုင်နေတာမျိုးမလုပ်ဖို့လိုပါတယ်။ ပြီးတော့ ခဏတဖြုတ်ထပြီးလမ်းလျှောက်တာတို့ ခန္ဓာကိုယ်ဆန့်ထုတ်ပြီး လှဲအိပ်လိုက်တာမျိုးလုပ်ပေးသင့်ပါတယ်။

 

ဖုန်းအသုံးပြုလွန်းတာ

Source: Flmtraining.co.uk

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ ရိုးရိုးမက်ဆေ့ တဆောင်ဝင်ဖက်တာတောင် ကျောရိုးနာဗ်ကြိုးကို ၄၅ ပေါင်လောက် ဖိအားသက်ရောက်စေတယ်လို့ ဖော်ပြထားပါတယ်။ နေ့စဉ်ဖုန်းအသုံးပြုလွန်းတာဟာ ကျောရိုးမကြီးကို အမှန်တကယ်ပဲ သက်ရောက်မှုရှိစေပါတယ်။ တနေ့ကို ၂-၄ နာရီးကြား ဖုန်းအသုံးပြုလေ့ရှိတဲ့သူဟာ တနှစ်ကိုနာရီပေါင်း ၇၀၀ နဲ့ ၁၄၀၀ ကြား လည်းပင်းကို ကွေးနေရတဲ့ သဘောပါပဲ။ ဒီလိုလည်ပင်းအနေအထား မမှန်တာက နာတာရှည်ခါနားရောဂါကို ဖြစ်စေပါတယ်။

အထူးသဖြင့် မိုဘိုင်းဖုန်းအသုံးများတဲ့ ဆယ်ကျော်သက်လူငယ်တွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ဖုန်းအသုံးပြုတာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ခန္ဓာကိုယ်အနေအထား မှန်အောင်ထားပြီး အသုံးပြုကြဖို့အကြံပေးချင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ခါနားရောဂါဖြစ်ပွားမှုနူန်းကို လျှော့ကျစေမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ ဖုန်းအသုံးပြုတဲ့ အချိန်ကိုလျှော့ချဖို့ အကြံပေးချင်ပါတယ်။

Kwee ပရိသက်တွေရော ခါနားရောဂါရှိနေပြီလို့ သံသယ ရှိနေပြီလား။ အဲ့ဒါဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းပေးပါ။ ခါးနာရောဂါဟာ နာတာရှည်ရောဂါသဖွယ်ဖြစ်သွားနိုင်တာကိုသတိထားပေးပါ။