လူမှာ အရေးကြီးဆုံးက ကျန်းမာဖို့ပါ။ ကျန်းမာနေရင် ချမ်းသာမှု သုခကို အလိုလို ရနေပါတယ်။ ဒီဘက်ခေတ်မှာ ကျန်းမာရေးဟာ လူတိုင်းရဲ့ ထိပ်တန်းဦးစားပေးကိစ္စ ဖြစ်လာပါတယ်။ကျန်းမာရေးကောင်းဖို့ အာဟာရရှိရှိ စားသောက်တာ အပြင် လူမှုပုံစံကိုလည်း ကျန်းမာရေးနဲ့ ညီဖို့ ဂရုပြုလာကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ မသိလိုက်ဘာသာ လုပ်မိတဲ့ ကျန်းမာရေးအမှားလေးတွေ ရှိတတ်ကြပါတယ်။

(၁) လက်သည်းကိုက်တာ

Photo: Medical News Today

လက်သည်းကိုက်တတ်တဲ့ လူတော်‌တော်များများကို မြင်ဖူးကြမှာပါ။ လက်သည်းကိုက်တတ်တဲ့ အကျင့်ကြောင့် အရင်ဆုံး လက်သည်းတွေ ပျက်စီးပါတယ်။ လက်မှာ တွယ်ကပ်နေတဲ့ မမြင်ရတဲ့ ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေ ပါးစပ်ထဲရောက်ပြီး ရောဂါတွေ ဖြစ်နိုင်ပါတယ်။ အခုခေတ်မှာဆို ကိုရိုနာဗိုင်းရပ်စ်လို ရောဂါဆိုးကြီးတွေအထိ ဖြစ်နိုင်ပါတယ်။

(၂) လေလည်ချင်စိတ် အောင့်ထားတာ

Photo: Medical News Today

လေလည်ချင်တာကို ချုပ်ထားမယ်ဆိုရင် ဝမ်းဗိုက်အောင့်လာနိုင်ပါတယ်။ လူကြားထဲမှာ လေလည်တာမျိုးကတော့ သိပ်မမိုက်ပါဘူး။ တတ်နိုင်ရင် လူရှင်းတဲ့နေရာသွားပြီး လွှတ်သင့်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် လေလည်ချင်တာကို အောင့်ထားသူဟာ ကြာလာရင် ဗိုက်နာမယ် ၊ ဗိုက်ကယ်ပြီး နေရထိုင်ရ ခက်လာနိုင်ပါတယ်။

(၃) Porn တွေ ကြည့်တာ

Photo: Teaching Mens Fashion

အရွယ်ရောက်တဲ့ အမျိုးသားတစ်ယောက်အနေနဲ့ အပြာကားကြည့်တာ အမှားမဟုတ်ပါဘူး။ ကျန်းမာရေးအမြင်အရ ကြည့်ရင်တော့ မူးယစ်ဆေးဝါးလိုမျိုး စိတ်စွဲလမ်းမှုမြင့်စေတယ် ။ စံတန်ဖိုးတွေ ဖျက်စီးပစ်နိုင်တယ် ။ လူမှုဘဝပေါ် လွှမ်းမိုးလာနိုင်ပါတယ်။ အသိဉာဏ်နုနယ်တဲ့ အရွယ်မှာ အပြာကားတွေပေါ် စွဲလမ်းသွားရင် ဘဝတိုးတက်ရေး နှောင့်နှေးသလို အမှားတွေလည်း အများကြီး လုပ်မိနိုင်ပါတယ်။

(၄) ပရိုတိန်း အစားများတာ

Photo: IG60

ပရိုတိန်းဟာ ကြွက်သားကြီးဖို့ အားပေးတဲ့ အာဟာရပါ။ ဒါပေမယ့် ပရိုတိန်းအစားများရင် ဆိုဒီယမ် မြင့်မားတာကြောင့် ရေဓါတ်ခမ်းခြောက်နိုင်သလို အသည်းလည်း ထိခိုက်ပျက်စီးနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အလေးချိန််နဲ့ ချိန်ပြီးမှ ပရိုတိန်းစားသုံးမှု လုပ်ပါ။

(၅) အိပ်ခါနီး ဇာတ်ကားကြည့်တာ

Photo: Teaching Mens Fashion

လူအများစုအတွက် အခုပြောတဲ့ အချက်ဟာ ပုံမှန်အကျင့်တစ်ခုလို ဖြစ်နေလောက်ပါပြီ။ အိပ်ခါနီး တီဗွီကြည့်တာ ၊ ဖုန်းသုံးတာဟာ သင့်ရဲ့ အိပ်စက်မှုပုံစံကို အကြီးအကျယ် ထိခိုက်ပါတယ်။ မျက်စိကြောင်ပြီး အိပ်ရေးပျက်စေနိုင်ပါတယ်။ အကောင်းဆုံးက အိပ်ရာဝင်ခါနီး တစ်နာရီလောက်က စလို့ စာအုပ်တစ်အုပ် ဖတ်လိုက်တာက သင့်ကို အမြန်အိပ်ပျော်စေနိုင်ပါတယ်။

(၆) အကြာကြီး ထိုင်နေမိတာ

Photo: eurogroup

အလုပ်စားပွဲမှာ အချိန်အကြာကြီး ထိုင်နေမိရင် နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ဖြစ်စေနိုင်ပါတယ်။ ခါးတွေနာ ပုခုံးတွေအောင့်ပြီး ကယ်လိုရီတွေ တက်လာနိုင်ပါတယ်။ တစ်နာရီကြာတိုင်း ၅ မိနစ်အနားပေး လမ်းလျှောက်တာ လှေကားတက်တာ လုပ်ပါ။ အဓိက အရေးကြီးတာကတော့ ဒီအတိုင်း အကြာကြီး ထိုင်နေတာထက် သွက်လက်လှုပ်ရှားပေးနေဖို့ပါပဲ။