အရွယ်ရောက်ပြီး လူ (၃) ဦးမှာ တစ်ဦးလောက်က သွေးတိုးရောဂါခံစားနေရတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုထားပါတယ်။ သွေးတိုးရောဂါကို အသက် (၂၅) နှစ်အရွယ် လူငယ်တွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ သွေးတိုးရောဂါဟာ နေထိုင်မှုပုံစံမှားယွင်းခြင်းကြောင့် ဖြစ်တက်ပြီး တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားမှာပါ။

တစ်နေကုန်ထိုင်နေရခြင်း

Source: Runtastic

အလုပ်စားပွဲမှာ တစ်နေကုန်ထိုင်နေရခြင်းက သွေးတိုးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာပါဝင်ပါတယ်။ အချိန်အကြာကြီးထိုင်နေခြင်းက အဆီပိုတွေစုလာစေပြီး ကိုယ်အလေးချိန်တတ်လာကာ သွေးတိုးရောဂါကို ဦးတည်စေပါတယ်။

သွေးတိုးရောဂါကာကွယ်ဖို့အတွက် တစ်ပတ်မှာ (၆) ရက်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ ရေကူးတာ၊ ပြေးတာ၊ လမ်းလျှောက်တာနဲ့ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။

အဲလ်ကိုဟော အလွန်အကျွံသောက်ခြင်း

Source: FlawlessEnd

အဲလ်ကိုဟော အလွန်အကျွံသောက်ခြင်းကလည်း သွေးတိုးရောဂါဖြစ်နိုင်ခြေကို မြှင့်မားစေပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့လို့ သောက်ဖြစ်ခဲ့ရင်လည်း အကန့်အသက်နဲ့သောက်ပါ။ အလွန်အကျွံနေတိုင်းနီးပါးသောက်တာမျိုး မဖြစ်ပါစေနဲ့။

ဆားအလွန်အကျွံစားခြင်း

Source: Healthline

တစ်ချို့လူတွေက အငန်စားရတာကြိုက်ကြတယ်။ အငန်များတဲ့အစားအစာတွေကို စားလိုက်ရင် ဆိုဒီယမ်ဓာတ်တွေနဲ့ပြည့်နေပြီး သင့်ခန္ဓာကိုယ်က ရေဓာတ်အများကြီးလိုလာပါတယ်။အဲဒီလိုဖြစ်လာရင် သွေးလွှတ်ကြောက သွေးဖိအားတွေတိုးလာပါတယ်။ သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ရှောင်ကြဉ်ဖို့ဆိုရင် ဟင်းချက်တဲ့အခါ ဆားအများကြီးအသုံးမပြုပါနဲ့။ ဆိုဒီယမ်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေက တစ်နေ့ကို ဆား (၅) ဂရမ်ထက်ပိုပြီး မစားသုံးသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

စိတ်ဖိစီးခြင်း

Source: Complete Welbeing

အခုခေတ်မှာ စိတ်ဖိစီးမှုမရှိတဲ့သူ မရှိသလောက်ပါပဲ။ လူတိုင်းလိုလို ဖိအားတွေရှိသလို စိတ်ဖိစီးမှုဒဏ်ကိုလည်း ခံစားကြရပါတယ်။ စိတ်ဖိစီးမှုက ဟော်မုန်းဓာတ်တွေတိုးလာစေကာ သွေးဖိအားကို ထုတ်လွှတ်ဖို့အတွက် အဒရီနယ် ဂလင်းကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကြာရှည်လေလေ နှလုံးရောဂါ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေရှိလေလေပါပဲ။ စိတ်ဖိစီးမှုကင်းဝေးအောင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပြီး တရားထိုင်ပေးပါ။ အချိန်တိုင်း စိတ်ဖိစီးနေတဲ့လူတွေက စိတ်တည်ငြိမ်အေးချမ်းဖို့နဲ့ အပန်းဖြေဖို့အတွက် နည်းလမ်းရှာဖို့ အရေးကြီးပါတယ်။