တစ်နေ့တစ်နေ့ ကျွန်တော်တို့ နေ့စဉ်လုပ်နေမိတဲ့ သေးသေးမွှားမွှား အရာလေးတွေကအစ ကျွန်တော်တို့ ကိုယ်ခန္ဓာဖွဲ့စည်းပုံနဲ့ စွမ်းဆောင်ရည်ပေါ် သက်ရောက်မှု ရှိနေပါတယ်။ တစ်ချို့အရာတွေက ကျွန်တော်တို့ လုပ်မိနေမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ ဒီထဲမှာ အခုပြောမယ့် အချက်တွေကလည်း သင့်ကိုယ်ခန္ဓာရဲ့ကြံ့ခိုင်သန်စွမ်းမှုအပေါ် နေ့စဉ် လွှမ်းမိုးနေပါတယ်။

(၁) အိပ်ရာထတဲ့ ပုံစံမှန်သလား

Photo: Freepik

မနက်ခင်းနှိုးစက်သံမြည်လို့ အိပ်ရာက ထတဲ့အချိန်မှာ လုပ်တတ်တဲ့ အလေ့အကျင့်ကလည်း သင့်ကိုယ်ခန္ဓာပေါ် သက်ရောက်မှု ရှိပါတယ်။ မနက်အိပ်ရာထချိန်မှာ ယောဂကစားသလား ၊ အကြောလျှော့လေ့ကျင့်ခန်း လုပ်သလား။ အပြေးနဲ့ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်သလား ။ ဒါမှမဟုတ် ဖုန်းပွတ်ပြီး Social Media ပေါ်မှာ အချိန်ကုန်သွားပါသလား။ သင်လုပ်တဲ့ အလေ့အထကြောင့်ပဲ သင်ဟာ ကျန်းမာတဲ့ ကိုယ် ဒါမှမဟုတ် ချိနဲ့ချို့တဲ့နေတဲ့ ခန္ဓာကိုယ် ဖြစ်သွားတတ်ပါတယ်။

(၂) မနက်စာ ဘယ်လိုစားလဲ

Photo: Freepik

မနက်စာကို ကော်ဖီတစ်ခွက်ပဲ သောက်ပြီး အလုပ်သွားတယ်ဆိုရင် သင့်ရဲ့ လူနေမှုပုံစံ မှားယွင်းနေပြီလို့ ပြောရမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ မနက်စာကို ဝဝလင်လင် စားသုံးခြင်းဟာ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးကြီးတဲ့ အရာ ဖြစ်ပါတယ်။ မနက်စာမစားဖြစ်တာ ကြာရင် ဒါမှမဟုတ် စားတဲ့ မနက်စာဟာ အာဟာရနည်းပါးနေတယ်ဆိုရင် ကိုယ်ခန္ဓာစွမ်းအင်ကျဆင်းလာပါလိမ့်မယ်။

(၃) လမ်းဘယ်လောက် လျှောက်ဖြစ်လဲ

Photo: Freepik

တစ်နေ့တစ်နေ့ လမ်းဘယ်လောက် လျှောက်ဖြစ်သလဲဆိုတာ သိဖို့ အခုခေတ်က လွယ်လာပါပြီ။ ဖုန်းထဲမှာပါတဲ့ ကျန်းမာရေး app ဒါမှမဟုတ် စမတ်နာရီနဲ့ လက်ပတ်ရှိရင်ကို ခြေလှမ်းပမာဏကို သိနိုင်ပြီ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းဟာ သင့်နှလုံးအားကောင်းဖို့နဲ့ ကြွက်သားတွေ သန်မာလာဖို့အတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ လမ်းလျှောက်သွားချိန်မှာ ဒူးဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁.၅ ဆခန့်ကို စုပ်ယူပါတယ်။ တစ်နာရီကြာတိုင်း ထိုင်ရာက ထပြီး လမ်းလျှောက်ဖြစ်ဖို့ app တစ်ခု ဒါမှမဟုတ် စမတ်နာရီတစ်လုံး ဆောင်ထားပါ။

(၄) အသက်ရှုပုံ မှန်သလား

Photo: Freepik

လူတော်တော်များများဟာ အသက်ရှုခြင်းရဲ့ လေးနက်မှုကို သတိမထားမိကြပါဘူး။ စိတ်ဖိအားများနေချိန်မှာ အသက်ကို သိပ်မရှုဖြစ်ကြတာကြောင့် သွေးတွင်း အောက်ဆီဂျင်ဖြန့်ဖြူးမှု လျော့ပါးနေပြီး အာရုံစူးစိုက်မှုပါ ထိခိုက်လာနိုင်ပါတယ်။ နက်နက်ရှိုင်းရှိုင်း အသက်ရှု/ထုတ်လုပ်ခြင်းကတော့ သွေးဖိအားကျဆင်းစေပြီး ကြွက်သားတွေ ပြေလျော့အနားရစေပါတယ်။ ဒီနည်းနဲ့ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင်ပေးပို့လာပြီး စိတ်စုစည်းမှု ပိုကောင်းလာစေပါတယ်။

(၅) ခန္ဓာကိုယ်အနေအထား

Photo: Freepik

သင့်အလုပ်စားပွဲမှာ ထိုင်နေတဲ့ ပုံစံကလည်း သင့်ရဲ့ ကျန်းမာရေးအတွက် အချက်ပြမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ နေထိုင်မှုပုံစံ မှားယွင်းခြင်းကြောင့် ပုခုံးတွေ နာ ၊ လက်ပြင်နဲ့ နောက်ကျောတွေ အောင့်ပြီး ကြာလာရင် ခါးအကြီးအကျယ်နာတာနဲ့ ကျီးပေါင်းတွေအထိ ဖြစ်နိုင်ပါတယ်။ ထိုင်တဲ့ ပုံစံမမှန်ကန်တာဟာ လက်ပြင်ကုန်းပြီး အကြည့်ရဆိုးတဲ့ လူတစ်ယောက်အထိ ဖြစ်သွားနိုင်ပါတယ်။