ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး ကင်ဆာဖြစ်စေပါတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းတာက လူတွေနေ့စဉ်ပြုမူနေတဲ့ အလေ့အကျင့်လေးတွေက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လို အပြုအမူအလေ့အကျင့်လေးတွေက ကင်ဆာရောဂါဖြစ်စေနိုင်သလဲဆိုတာကို ပြောပြပေးသွားမှာပါ။

အဝလွန်ခြင်း

Source: Cancer Treatment Centers of America

အဝလွန်ခြင်းကြောင့် နှလုံးရောဂါ နဲ့ ဆီးချိုရောဂါတွေကိုပဲ ဖြစ်စေတာမဟုတ်ပါဘူး။ ကင်ဆာရောဂါကိုလည်း ထည့်တွက်ထားဖို့ လိုအပ်ကြောင်း ကျွမ်းကျင်သူတွေကပြောထားပါတယ်။

ညဘက်အလုပ်လုပ်ခြင်း

Source: Andrew Weil, MD

လေ့လာသူတွေက ညဘက်အလုပ်လုပ်ခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်တယ်လို့ သုတေသနအချို့က ဆိုထားပါတယ်။ ညဘက်အလုပ်လုပ်ရင် ဇီဝနာရီ အလုပ်လုပ်ဆောင်မှုတွေ မူမမှန်ဖြစ်စေနိုင်သလို ကိုယ်ခံအားလျော့နည်းခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ညဆိုင်းအလုပ်သမားတွေက ကဖင်းသောက်သုံးမှု မြင့်မားတဲ့အတွက် ညအိပ်မရတဲ့ရောဂါနဲ့ ကဖင်းဓာတ်လွန်ကဲခြင်း တွေလည်း ဖြစ်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

ပူလောင်တဲ့သောက်စရာတွေကို သောက်သုံးခြင်း

Source: Chicago Tribune

အပြည်ပြည်ဆိုင်ရာ ကင်ဆာဂျာနယ်ထဲမှာ ပူလောင်တဲ့ သောက်စရာတွေမှာ တွေ့ရတဲ့အပူချိန်ဟာ အစာပြွန်ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်နွယ်နေတယ်လို့ ဖော်ပြထားပါတယ်။

သီအိုရီအရတော့ အပူချိန်မြင့်မားခြင်းဟာ အစာပြွန်ထဲမှာ အပူလောင်ခြင်းကို ဖြစ်စေနိုင်ရာကနေ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်နဲ့ ဟော်မုန်းပြောင်းလဲခြင်းတွေကိုပါ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ပူလောင်တဲ့သောက်စရာတွေကို ချက်ချင်းမသောက်ဘဲ အအေးခံပြီးမှ သောက်သုံးပေးသင့်ပါတယ်။

ပြုပြင်ထားတဲ့ အသားများကို စားခြင်း

Source: CNN.com

တာရှည်ခံအောင်လို့ နေလှန်းထားတဲ့၊ ဆားသိပ်ထားတဲ့၊ ကြပ်တင်ထားတဲ့ အစားအသောက်တွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိနေနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန အဖွဲ့ကတော့ တာရှည်ခံအသားတွေ တွေဟာ အူမကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် တာရှည်ခံအသားတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပြီး စားမယ်ဆိုရင်လည်း ပမာဏနည်းနည်းပဲ လျှော့စားသင့်ပါတယ်။

အရက်အလွန်အကျွံ့သောက်ခြင်း

Source: Cancer Treatment Centers of America

တကယ်တော့ အရက်ကို အတိုင်းအထွာနဲ့ ချင့်ချိန်သောက်သုံးတတ်မယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်ဘဲ ပမာဏာအများကြီး သောက်သုံးမိပြီဆိုရင်တော့ ကင်ဆာရောဂါနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အမေရိကန် အမျိုးသားကင်ဆာသိပ္ပံရဲ့ အဆိုအရဆိုရင် အရက်သောက်သုံးခြင်းက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာတို့နဲ့ ဆက်နွယ်နေနိုင်ပါတယ်။ အရက်က အစာပြွန်ထဲကို ဆင်းသွားချိန်မှာ acetaldehyde ဆိုတဲ့ ဓာတုအဆိပ်တစ်မျိုးကို ထွက်လာစေနိုင်ပြီး အဲဒီအဆိပ်က ကင်ဆာရောဂါကို ဖြစ်လာစေနိုင်ပါတယ်။