ဖေဖော်ဝါရီ ၉ ရက် Galaxy Unpacked ပွဲကြီးမှာ Samsung က သူ့ရဲ့အကောင်းဆုံးဖုန်းတွေ ကြေညာသွားခဲ့ပါတယ်။

ဒီနှစ်အတွက် ထူးခြားတဲ့ဖုန်းတစ်လုံးက အဆင့်မြင့် S Pen လုပ်ဆောင်ချက်ပါတဲ့ အမြင့်ဆုံး Model ဖြစ်တဲ့ Galaxy S22 Ultra ပဲ ဖြစ်ပြီး ကျန်တဲ့ဖုန်းနှစ်လုံးက ပြောလောက်အောင် ထူးခြားတာမျိုး မတွေ့ရပါဘူး။ Galaxy S22 နဲ့ S22+ တွေဟာ အရင်နှစ်ကထက် Screen size ၀.၁ လက်မ ပိုသေးသွားပြီး ကျောဘက်ပင်မကင်မရာကို အရင် 64MP main sensor ကနေ Samsung ထုတ် 50MP Main Sensor ပြောင်းလာတာ ၊ Snapdragon 8 Gen 1 Chipset သုံးတာ နဲ့ Android 12 နဲ့လာတာပဲ အဓိက ပြောရမှာ ဖြစ်ပါတယ်။

Samsung-Galaxy-S22-and-Galaxy-S22-Plus-are-official-here-they-are

Photo: Samsung

Galaxy S22 Ultra ကတော့ ဆက်မထုတ်တော့တဲ့ Galaxy Note ကို နာမည်ပြောင်းလိုက်တာလို့ ပြောနိုင်ပါတယ်။ Galaxy Note 20 Ultra နဲ့ ဆင်ပြီး Note ဆန်တဲ့ ဒီဇိုင်း တည်ဆောက်ပုံနဲ့ လာသလို S Pen ကိုလည်း ဖုန်း Body အိမ်ထဲ ထည့်ထားတာပါ။ ကျောဘက်ကင်မရာအိမ်ဟာ Galaxy S22 တို့လို Island Bump မျိုး မပါဘဲ ထုတ်ထားတာ ဖြစ်ပါတယ်။

Ultra မော်ဒယ်ဟာ 1440p ၊ 1750nits တောက်ပမှုပါပြီး ကျန်တဲ့ မော်ဒယ်နှစ်မျိုးလုံးကတော့ FHD+ Dynamic AMOLED 2X Display ဖြစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးဟာ Samsung Ultrasonic လက်ဗွေလုံခြုံရေးစနစ်နဲ့လာပြီး Gorilla Glass Victus+ မှန်အုပ်ထားပါတယ်။ နောက်ထပ်တူတဲ့အချက်က Processor ပါ။ Processor ကိုတော့ ဈေးကွက်ပေါ် လိုက်ပြီး Exynos 2200 နဲ့ထုတ်တာရှိသလို Snapdragon 8 Gen 1 နဲ့ ထုတ်ထားတာလည်း ရှိပါတယ်။

Galaxy S22 နဲ့ S22+ တို့က ကင်မရာပိုင်းမှာ Share ထားတယ်လို့ ပြောရမှာပါ။ ကျောဘက်မှာ 50MP Main Sensor ၊ 12MP Ultrawide Lens နဲ့ 3x Optical Zoom ပါ 10MP tele lens တို့ သုံးထားပါတယ်။ ရှေ့ဘက် Central Punch-Hole ထဲမှာ 10MP Selfie ကင်မရာ သုံးထားပါတယ်။ Ultra မော်ဒယ်ကတော့ 108MP Main sensor ၊ 12MP Ultrawide Lens ၊ 3x tele ပါ 10MP ကင်မရာနဲ့ 10MP 10x Periscope ကျောဘက်ကင်မရာတွေနဲ့ 40MP Selfie ကင်မရာတွေ ပါဝင်ပါတယ်။

Galaxy S22 Ultra

Photo: hindustantimes

ဘက်ထရီပါဝါပိုင်းမှာ Ultra မော်ဒယ်ဟာ 5000mAh ဘက်ထရီ (45W Wired/15W Wireless Charging) အားသွင်းနည်းပညာတွေနဲ့ လာပါတယ်။ Galaxy S22 ကိုတော့ 3700mAh ဘက်ထရီ (25W Wired/15W Wireless) နဲ့ Galaxy S22+ ကို 4500mAh ဘက်ထရီ (45W Wired/15W Wireless) အားသွင်းစနစ်တွေ သုံးထားပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဖြန့်ချိမှာ ဖြစ်ပြီး Galaxy S22 ကို ဒေါ်လာ ၈၀၀ ဈေး ၊ S22+ ကို ဒေါ်လာ ၁၀၀၀ ဈေးကနေ စတင် ရောင်းချသွားမှာပါ။ ဒါတွေက 8/128GB Base Model ဈေးတွေ ဖြစ်ပါတယ်။ Ultra မော်ဒယ်အတွက်ဈေးကိုတော့ ဒေါ်လာ ၁၂၀၀ ဈေး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

Featured Photo: WSJ