ဟိုးအရင်ခေတ်တွေကတည်းက နာရီတွေဟာ အချိန်သိချင်ရုံသက်သက်အတွက် လက်မှာ ပတ်ထားတဲ့ အဆင်တန်ဆာတွေ မဟုတ်ခဲ့ပါဘူး။ နာရီတွေဟာ သူ့ ကိုပတ်ထားတဲ့ လူရဲ့ ပုံရိပ် အကောင်းအဆိုးကိုပါ ပုံဖော်ပေးနိုင်တာကြောင့် နာရီတစ်လုံးရဲ့ နေရာဟာမသေးပါဘူး။

ဒါကြောင့် ကိုယ်ပတ်မယ့် နာရီကို သေသေချာချာ စိစစ်ပြီးမှ ရွေးချယ်သင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ နာရီဝယ်ခါနီးမှာ ဘယ်လိုအချက်တွေထည့်သွင်း စဉ်းစားသင့်သလဲဆိုတာကို ပြောသွားမှာပါ။

(၁) နာရီစက်မောင်းမှူစနစ်

Source: The Modest Man

အရင်ဆုံး ကျွန်တော်တို့ စမတ်နာရီလို့ ခေါ်တဲ့ ဖုန်း App နဲ့ ချိတ်ဆက်နိုင်တဲ့ နည်းပညာမြင့် နာရီတွေကိုဒီဆောင်းပါးမှာ ခဏဖယ်ထားပါ့မယ်။နာရီလက်တံရွေ့ လျားမှူပုံစံ Watch Movement နဲ့ခွဲပြီးရွေးကြည့်ရအောင်။နာရီစက်မောင်းမှူပုံစံဟာ Quartzလား Mechanical လားဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ Mechanical Type မှာဆိုရင်လည်း Manual လား Auto လားဆိုပြီး ထပ်ကွဲပါတယ်။ Mechanical စက်မောင်းစနစ်ဟာ ရှူပ်ထွေးပြီး သေးငယ်တဲ့ ဂီယာလေးတွေ သုံးပြီးလည်ပတ်ပါတယ်။

စက်မောင်းနာရီ Mechanical Watch နာရီလက်တံသွားတဲ့ပုံစံဟာ ဘက်ထရီမောင်းတွေနဲ့ မတူဘဲ အပြတ်အတောက်မရှိ တစ်ဆက်တည်း သွားနေတာမျိုးပါ။Manual Mechanical နာရီကတော့ ပုံမှန်နာရီတိုက်ပေးရပြီး Auto စနစ်ကတော့ လက်ကောက်ဝတ် လှူပ်ရှားမှူနဲ့ သူ့ ဘာသာ သွားနေတာ ဖြစ်ပါတယ်။ Quartz နာရီတွေမှာ ဘက်ထရီသုံးပြီး ကွာ့ဇ် ( ဆီလီကွန် ဒိုင်အောက်ဆိုဒ်) ပုံဆောင်ခဲတုံးလေးကနေ လျှပ်စစ်စီးပါတယ်။ ဒီကနေတစ်ဆင့် နာရီလက်တံတွေ လည်ပတ်စေပြီး အချိန်ပြတာပါ။

ဒီတော့ဘယ်လိုနာရီမျိုးကို သဘောကျသလဲ။ကိုယ့်အကြိုက်ကဘာလဲဆိုတာကိုယ့်ဘာသာ စဉ်းစားပြီး ရွေးချယ်ဖို့လိုပါတယ်။ Quartz တွေဟာ ဈေးသက်သာပြီး ခေတ်ဆန်ပါတယ်။ Mechanical Types တွေကတော့ နှစ်ပေါင်းများစွာ အရှိန်အဝါကြီးခဲ့တဲ့ နာရီတွေ ဖြစ်ပြီး လူကြီးပိုင်းတွေ အများဆုံးကြိုက်ကြပါတယ်။

(၂) နာရီအိုး

Source: gentlemansgazette

ဒါကတော့ နာရီတစ်လုံးရဲ့ အဓိကအပိုင်းပါ။ နာရီအိုးမှာ စတီး ကာဗွန်နဲ့ ပလတ်စတစ်လို ကိုယ်ထည်အပြင် တန်ဖိုးကြီးသတ္ထုတွေ ဖြစ်တဲ့ ရွှေ  ငွေ  ပလတ်တီနမ်နဲ့ လုပ်ထားတာတွေပါ ရှိကြပါတယ်။ Formal အဖြစ် တန်ဖိုးကြီးကြီး ပွဲလမ်းသဘင်တက်သူတွေအတွက်တော့ ရွှေနာရီ  ငွေနာရီ ဝယ်ကြပေမယ့် ရိုးရိုး Informal အတွက်ဆိုရင်တော့ တိုက်တေနီယံနဲ့ စတီးအိုးလောက်ဆို အဆင်ပြေပါတယ်။

ယောကျာင်္းပတ်နာရီအိုးတစ်လုံးဟာ ၃၆ မီလီမီတာ ကနေ ၅၀ မီလီမီတာ အချင်းရှိပါတယ်။ Luxury နာရီအမျိုးအစားတွေကတော့ ၃၆ မီလီမီတာ ကနေ ၄၀ မီလီမီတာဆို အဆင်ပြေပြီး Sport နဲ့ ဖက်ရှင် နာရီတွေကတော့ အရွယ်အစားပို ကြီးနိုင်ပါတယ်။တစ်ခုရှိတာနာရီအိုးဟာ လက်အရွယ်အစားနဲ့ အဆင်ပြေဖို့ က အရေးကြီးဆုံး ဆိုတာပါပဲ။

(၃) နာရီမျက်နှာပြင်

Source: Pixabay

နာရီအိုးထဲက အချိန်ပြဂဏန်းတွေ ၊ လက်တံဒီဇိုင်းတွေဟာ တစ်မျိုးနဲ့ တစ်မျိုး မတူကြပါဘူး။ တစ်ချို့ က ရောမဂဏန်းနဲ့ ရေးထားပြီး တစ်ချို့ က ရိုးရိုး အင်္ဂလိပ်ဂဏန်း ၊ တစ်ချို့ ဆို ဘာဂဏန်းမှ မသုံးဘဲ ရိုးရိုး အတုံးလေးတွေနဲ့ အချိန်ဂဏန်းနေရာတွေမှာ ထားထားပါတယ် ။နာရီဒိုင်ခွက်ဟာ ရိုးရှင်းသေသပ်လေလေ ပိုပြီး Formal ဆန်လေလေပါပဲ။ ဒိုင်ခွက် အဝိုင်း ၊ လေးထောင့် ပုံစံတွေကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဆိုတော့ ဘယ်ဟာက အကောင်းဆုံးဆိုတာ တစ်ဦးချင်းနဲ့ ပဲ ဆိုင်ပါတယ်။

(၄) နာရီကြိုး

Source: Man of Many

နာရီကြိုးတွေဟာ သူ့ စတိုင်နဲ့ သူဟန်ဆိုသလို အမျိုးအစားကွဲပြားကြပါတယ။် ရိုးရိုးပေါ့ပေါ့ပါးပါး ရှင်းရှင်းလေး ကြိုက်သူတွေက လယ်သာကြိုး ရွေးသင့်ပြီး လူငယ်ဆန်ဆန်ဆိုရင် နိုင်လွန် ဂျင်းကြိုး  ကာဗွန်ဖိုက်ဘာ ပလတ်စတစ်ကြိုးတွေ ရွေးနိုင်ပါတယ်။Formal ပိုကြိုက်သူက စတီးကြိုး  ရွှေကြိုးတွေ စဉ်းစားသင့်ပြီး လူကြီးပိုင်းအတွက် သတ္ထုကြိုးတွေက အကောင်းဆုံးပါပဲ။