အခုခေတ် Relationship တွေက လေပေါ်ကနေ စတယ်လို့တောင် ပြောရမလိုပါပဲ။ အွန်လိုင်းပေါ်မှာလည်း Tinder ၊ Bumble ၊ Hinge စတဲ့စတဲ့ ရည်းစားရှာပေးတဲ့ Dating Apps တွေကလည်း များမှများပါပဲ။ ခေတ်နဲ့အညီ အချစ်ကို Apps တွေကနေ တစ်ဆင့် ရှာတော့မယ်ဆိုရင်လည်း အခုပြောမယ့် အချက်ကလေးတွေတော့ သိထားဖို့ လိုမှာပါ။

(၁) ရိုးသားမှုရှိပါ

Be honest about who you are

Photo: thegentlemansjournal

Dating App သုံးမယ်ဆိုရင် အရင်ဆုံး လုပ်ရမှာက ကိုယ့်အချက်အလက်နဲ့ ပတ်သက်လို့ အမှန်အကန်ဖြစ်ဖို့ လိုပါတယ်။ Profile ကြည့်လိုက်လို့ ကိုယ့်ပုံမဟုတ်ဘဲ မင်းသားတစ်ယောက်ယောက်ရဲ့ ပုံ ယူသုံးထားရင် သင်နဲ့ Date မယ့် မိန်းကလေးက သင့်ကို အစကတည်းက ယုံမှာ မဟုတ်တော့ပါဘူး။ ဒီတော့ ပထမဆုံးစည်းမျဉ်းက ရှင်းပါတယ်။ အစကတည်းက အချက်အလက်အမှန် တင်ပါ။ Profile ပုံအစစ်သုံးပါ။ အဓိကက ရိုးရိုးသားသားနဲ့ စတင်ပါ။

(၂) ကိုယ့်အပေါ် အရေးမလုပ်ရင် သိပ်မခံစားလိုက်ပါနဲ့

Don’t take it personally

Photo: thegentlemansjournal

Online Dating ပေါ်မှာ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် သူစိမ်းပြင်ပြင် ဖြစ်ပြီးသား ဖြစ်ပါတယ်။ အခုမှ တွေ့တဲ့လူတစ်ယောက်ကို ဘယ်သူက သိပ်ပြီး အလေးအနက်ထားမှာတဲ့လဲ။ ဒီတော့ ကိုယ်နဲ့ Dating Apps ပေါ်မှာ စာပေးစာယူအဆက်ဖြစ်နေတဲ့ ကောင်မလေးက မက်ဆေ့တွေ ထပ်မပို့တော့တဲ့အခါမျိုးမှာ သိပ်ပြီး ကိုယ်ရေးကိုယ်တာဆန်ဆန် မခံစားမိဖို့ လိုပါတယ်။ ဘဝက တိုပါတယ်။ Dating Apps တွေဟာ သိပ်တိုတဲ့ ဘဝမှာ အလေးအနက်ထား ခံစားစရာ ပလက်ဖောင်းမဟုတ်ဘူးဆိုတာ နားလည်ထားဖို့ လိုပါတယ်။

(၃) ယဉ်ကျေးမှု ရှိပါ

Courtesy really is everything

Photo: thegentlemansjournal

လောကဝတ်နားလည်ခြင်းဟာ Online / Offline နှစ်နယ်စလုံးမှာ အရေးပါတဲ့အရည်အချင်းပါပဲ။ လူအချင်းချင်း ဆက်ဆံရေးမှာ လူ့ယဉ်ကျေးမှုရှိဖို့ဆိုတာ မဖြစ်မနေ လိုအပ်ပါတယ်။ Dating Apps မှာလည်း ဒီလိုပါပဲ။ တစ်ဖက်လူကို မေးခွန်းတွေ မေးမယ်ဆိုရင်လည်း အလိုက်ကမ်းဆိုးသိတဲ့ မေးခွန်းတွေ မေးပါ။ သိပ်ပြီး စပ်စုလွန်းတာမျိုးတွေ ၊ တစ်ဖက်လူကို အထင်သေးဆက်ဆံတာတွေ ၊ ဆရာကြီးအထာနဲ့ ဟိုဟာဒီဟာ သဘောတရားပြောတာတွေမျိုး ရှောင်ပါ။

(၄) ဘာကြောင့် Dating Apps သုံးမှာလဲ သေချာသိထားပါ

Be clear about what you want

Photo: thegentlemansjournal

နောက်ဆုံးတစ်ချက်အနေနဲ့ ပြောချင်တာက Dating App တွေ သုံးရတာ ရင်ခုန်ဖို့ ကောင်းပါတယ်။ ဒါပေမယ့် ရင်ခုန်ချင်ရုံသက်သက်ပဲ Dating Apps သုံးမှာလား ၊ ချစ်သူရှာဖို့ကို တကယ်အလေးအနက်ထားပြီး သုံးတာလား ဒါမှမဟုတ် Dating Apps သုံးတာ ဘယ်လိုအတွေ့အကြုံရမလဲ သိချင်လို့ သုံးတာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ရှင်းရှင်းလင်းလင်း သိထားအောင် လုပ်ပါ။ မဟုတ်ရင် Dating App သုံးတာ အချိန်ကုန်တယ် ၊ မျက်လုံးအောင့်ပြီး အာရုံနောက်ရုံပဲ ဖြစ်တတ်လို့ပါ။