သံပုရာသီးမှာ ဗီတာမင် စီ၊ အမျှင်ဓာတ် နဲ့ အခြား အကျိုးပြုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဒီ အာဟာရဓာတ်တွေက ကျန်းမာရေးအတွက် များစွာအထောက် အကူဖြစ်စေပါတယ်။ နှလုံးကျန်းမာရေး၊ ဝိတ်ထိန်းခြင်း နဲ့ အစာခြေစနစ်တွေအတွက် သံပုရာသီးက အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ အခု သံပုရာသီးရဲ့ ကျန်းမာရေးအကျိုးပြုပုံကို ပြောပြပေးသွားမှာပါ။

ဝိတ်ထိန်းပေးတယ်

Source: manzur.uz

သံပုရာသီးကို လူအများစုက ဝိတ်ချဖို့အတွက် သောက်သုံးကြပါတယ်။ တစ်ချို့တွေကတော့ သံပုရာကို ရေနွေးပူပူနဲ့ သောက်ပေးခြင်းက ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ ပြောကြတယ်။ သံပုရာမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေက ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။

ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးတယ်

Source: Online Health Mantra

ကျောက်ကပ်ကျောက်တည်ဖူးတည်လူတွေမှာ မကြာခဏပြန်ဖြစ်လွယ်ပါတယ်။ သံပုရာသီးမှာပါတဲ့ citric acid က ကျောက်ကပ် ကျောက်မတည်အောင် ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

Source: Runner’s World

သံပုရသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က သွေးဖြူဥဆဲလ် ထွက်ရှိမှုကို တိုးစေဖို့ ကူညီပေးပြီး ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

ဗီတာမင် စီ က အနာကျက်မြန်စေသလို ရောင်ရမ်းမှုကို သက်သာစေပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်စေသလို ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။

နှလုံးရောဂါ ကာကွယ်ပေးတယ်

Source: South China Morning Post

နှလုံးရောဂါက ကမ္ဘာပေါ်မှာ သေဆုံးမှုအမြင့်ဆုံးရောဂါတစ်ခုပါ။ ဒီပြဿနာကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ သံပုရာသီးကို စားပေးလို့ရပါတယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ သံပုရာသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေ စုပုံတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Featured Image Source: health.clevelandclinic.org