တောင်ပံနောက်ခံလူတစ်ယောက်ရဲ့ တာဝန်ကကြီးလှပါတယ်။ တိုက်စစ်ရဲ့တောင်ပံကို အမြဲလိုလိုလိုက်ပါနိုင်ဖို့လိုပြီး နောက်တန်းကိုလည်း လုံအောင်စောင့်ဖို့လိုပါတယ်။  Wing တစ်လျှောက်ပြေးလွားနေနိုင်ဖို့က အရေးကြီးတာသက်လုံပါ။ ဖာဂူဆန်ရေးဆွဲခဲ့တဲ့ လူစာရင်းမှာ နေရာရခဲ့ပြီး အသင်းအတွက် များစွာအကျိုးပြုနိုင်ခဲ့တဲ့ အီဗရာအကြောင်းလေးကို ဒီနေ့မှာတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။

Source: wallpapercave.com

သူဟာ ပြင်သစ်လက်ရွေးစင်အသင်းကို (၂၀၀၄) ခုနှစ်မှာ စတင်ကစားခွင့်ရခဲ့ပြီး (၂၀၁၀) မှာတော့ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။သူဟာ မန်ချက်စတာယူနိုက်တက်အတွက် နှစ်ပေါင်းများစွာကစားခဲ့ပြီး (၂၀၀၆) မှ (၂၀၁၄) ထိဖြစ်ပါတယ်။ ဖာဂူဆန်ထွက်ပြီး နောက်ပိုင်းနည်းပြတွေလက်ထက်မှာတော့ အသက် (၃၇) နှစ်ကျော်ရှိတဲ့ကစားသမားဟာ အသင်းပြောင်းရွှေ့သွားခဲ့ပါတယ်။ နောက်မှာတော့ ဂျူဗင်တပ်စ်၊ မာဆေးတို့မှာ ကစားနေပါတယ်။

Source: wallpapercave.com

သူဟာ Co Les Ulis အသင်းနဲ့အတူ ကစားသမားဘ၀စတင်ခဲ့တာဖြစ်ပါတယ်။ သူရဲ့မန်ယူအသင်းနဲ့ပထမဆုံး ပရီးမီးယားလိဂ်ငါးရာသီမှာ ဖလားလေးကြိမ်အထိ ရရှိခဲ့တာဖြစ်ပါတယ်။ UNFP Ligue 1 Young Player of the Year ဆုကို (၂၀၀၃) တုန်းကရရှိခဲ့ဖူးပါတယ်။

သူဟာ ချစ်သူနဲ့အတူ (2007) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး Leeny ဆိုတဲ့သားလေးနဲ့ Moaona ဆိုတဲ့သမီးလေးတို့ကို ရရှိထားတာဖြစ်ပါတယ်ယ်။ သူဟာ နိုင်ငံအသင်းမှာတော့ ဟင်နရီရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဆီနေဂေါ်မှာ မွေးဖွားပေမဲ့လည်း ပြင်သစ်အသင်းမှာ ထွန်းတောက်ခဲ့တဲ့ကြယ်တစ်ပွင့်၊  ဇရာထောက်နေပေမဲ့လည်း အသင်းအတွက် အကောင်းဆုံးကစားသမားကတော့ အီဗရာပဲဖြစ်ပါတယ်။