ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဟီဂူအင်ဟာ ၎င်းရဲ့မွေးရပ်ဇာတိ အာဂျင်တီးနားနိုင်ငံကို ပြန်ဖို့အတွက် အီတလီကနေ ထွက်ခွာခါနီး လေဆိပ်မှာ ရဲတပ်ဖွဲ့ရဲ့တားဆီးခြင်းကို ခံခဲ့ရတယ်လို့ Caughtoffside က ဖော်ပြခဲ့ပါတယ်။

Photo: Futaa

ချယ်ဆီး၊အေစီမီလန်တိုက်စစ်မှူးဟောင်း ဟီဂူအင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ ကူးစက်ခံထားရခြင်းမရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် အာဂျင်တီးနားကို ထွက်ခွာခွင့်ပြုခြင်းခံခဲ့ရတယ်လို့ La Repubblica က ဖော်ပြခဲ့ပါတယ်။

ဟီဂူအင်ဟာ ကိုယ်ပိုင်ဆန္ဒအရ တစ်ဦးတည်း သီးခြားစီနေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အီတလီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှာ အဆိုးရွားဆုံးရောဂါကူးစက်ခြင်းခံထားရတဲ့ဥရောပနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်နေတာဖြစ်ပါတယ်။

ဟီဂူအင်ဟာ လေယာဉ်ပေါ်ကို မတက်မီမှာ စစ်ဆေးခြင်းခံခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမခံထားရတာကြောင့် မိသားစုနဲ့အတူ အချိန်ပိုမိုကုန်ဆုံးနိုင်အောင် အိမ်ကို ပြန်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

Photo: the Chelsea Chronicle

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး ဟီဂူအင်ဟာ ယခုရာသီ ဂျူဗင်တပ်အသင်းအတွက် ၃၃ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၈ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ၂ ကြိမ်အထိ အငှားချခံခဲ့ရပြီးနောက် ဂျူဗင်တပ်အသင်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြန်လည်ပြသနိုင်ခဲ့သူဖြစ်ပါတယ်။