ဆောက်သမ်တန်ကစားသမားဟောင်းဟာ ၎င်းရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို အံ့အားသင့်ဖွယ်ပြောင်းလဲခဲ့ပြီးနောက် လက်ရှိမှာတော့ ဗြိတိန်ရဲ့ ဝင်ငွေအများဆုံးရ ပွန်းစတားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒန်နီ မောင်တိန်(အမည်ရင်း)ဟာ ချဲလ်ဆီး၊ ဝက်စ်ဟမ်းနဲ့ စပါးအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူဖြစ်ပြီး အသက် ၉ နှစ်အရွယ်မှာ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းဟာ လွန်ခဲ့တဲ့နှစ်တွေမှာ အလားအလာများစွာရှိတဲ့ အကယ်ဒမီလူငယ်များစွာ မွေးထုတ်နိုင်ခဲ့တာဖြစ်ပြီး မောင်တိန်ကလည်း ကြယ်ပွင့်ကစားသမားဖြစ်လာနိုင်တဲ့ လူငယ်ကစားသမားအဖြစ် တစ်ကြိုပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Danny Mountain was married to Mia Malkova between 2014 and 2018

Photo: dailystar

“အလန်ဘောက ကျွန်တော့်ကို ဒီထက် မင်း ပိုပြီး ကောင်းလာနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူနဲ့ ဂျော့ဖ် ဟတ်စ်တို့က ကျွန်တော် အသက် ၁၂ နှစ်အရွယ်လောက်က ကျွန်တော်တို့ လေ့ကျင့်နေတာကို စောင့်ကြည့်ခဲ့ပြီး ကျွန်တော့်အဖေကို ‘ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်တိုင်း ဒီနိုင်ငံမှာ ကျွန်တော်တို့ ကျန်တဲ့ကစားသမားတွေအားလုံးနဲ့ ကွဲထွက်နေတဲ့ ပါရမီရှိတဲ့ကစားသမား ရရှိတတ်ပြီး ခင်ဗျားသားက အဲဒီလို ပါရမီရှိတဲ့ကစားသမားဖြစ်ကောင်းဖြစ်နိုင်တယ်’လို့ ပြောခဲ့ပါတယ်။ သူ အဲဒီလို ပြောခဲ့တဲ့အချိန်မှာ ကျွန်တော် ခေါင်းနပမ်းတွေတောင် ကြီးသွားပြီး ဘဝင်ကို လေဟပ်သွားခဲ့ပါတယ်”လို့ မောင်တိန်က Daily Echo ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မောင်တိန်ရဲ့ အိပ်မက်ဟာ အသက် ၁၆ နှစ်အရွယ်မှာ ဘောလုံးကစားရင်း ဖျက်ထုတ်ခံရမှုကြောင့် ဒူးဒဏ်ရာ ရရှိသွားတဲ့အချိန်မှာတော့ လုံးဝ ပျက်ဆီးသွားခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းက မောင်တိန်ရဲ့ ဒဏ်ရာအတွက် ကုသဖို့ ငွေကြေးပေးခဲ့ပြီး အသင်းက စတင်ပြီး လူငယ်ကစားသမားလေးရဲ့ ဘောလုံးကစားတဲ့နေ့ရက်တွေဟာ ပြီးဆုံးသွားခဲ့ပြီဆိုတာ မသိရှိမီ ကြိုတင်သိရှိခဲ့တဲ့ မောင်တိန်ကတော့ ဒဏ်ရာက သက်သာတာနဲ့ ပိုက်ပြင်သမားဖြစ်လာဖို့ လေ့ကျင့်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ အလွန်ကွဲပြားခြားနားတဲ့ အခွင့်အလမ်းတွေနဲ့ ခလုတ်တိုက်မိခဲ့ပြီး အပြာလောကထဲ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်မှာဆိုရင် အပြာကားပေါင်း ၆၀၀ နီးပါး ပါဝင်သရုပ်ဆောင်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

“ကျွန်တော် Page Three က ကောင်မလေးနဲ့ ဒိတ်လုပ်ခဲ့ပါတယ်။ သူ့ရဲ့ အေးဂျင့်က သူ့ကို အပြာလောကထဲ ဝင်စေချင်တယ်။ သူက အဲဒီလို မလုပ်ချင်ခဲ့ပေမယ့် အေးဂျင့်က လန်ဒန်မှာ လုပ်မယ့် လူတွေ့စစ်ဆေးပွဲအသေးစိတ်ကို ပေးခဲ့ပြီး ကျွန်တော်နဲ့အတူ သွားခဲ့ပါတယ်။ ကျွန်တော် ဘာတွေဖြစ်လာမလဲဆိုတာ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ယုံကြည်ချက် အပြည့်အဝရှိပါတယ်”

“ကျွန်တော် လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး လုံးဝကို စိတ်လှုပ်ရှားတာမျိုး မရှိခဲ့ပါဘူး။ ကင်မရာရှေ့မှာ စကားပြောရတာကိုပဲ စိုးရိမ်နေခဲ့တာပါ။ ကျွန်တော် စိတ်လှုပ်ရှားပြီး ကိုယ့်မျက်နှာတောင် ကိုယ် မထိန်းချုပ်နိုင်ခဲ့ပါဘူး”

“ကျွန်တော် ဒီအလုပ်နဲ့ပတ်သက်ပြီး အမေ့ကို ပြောပြလိုက်တော့ သူ တော်တော် တုန်လှုပ်သွားတယ်။ သူက လူတော်တော်များများတွေးတဲ့အတိုင်း တူညီတဲ့အတွေးရှိသူဖြစ်ပြီး ကျွန်တော် ဒီအလုပ်လုပ်ရင် ကိုယ်ကျင့်တရားတွေ တော်တော်ပျက်ပြားသွားတော့မယ်လို့ တွေးခဲ့ပါတ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီကိစ္စကို သေချာပြောခဲ့ကြပြီး လအနည်းငယ်အကြာမှာတော့ အမေက လုံးဝကို မစိုးရိမ်တော့ပါဘူး”

“ကျွန်တော် အဆင်ပြေပါ့မလားလို့ အမေက စိတ်ပူခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသက် ၁၉ နှစ်ပဲရှိသေးလို့ပါ။ ဒါပေမယ့် ကျွန်တော့်မှာ ကောင်းမွန်တဲ့အချိန်တွေ ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာတလွှားကို လှည့်လည်နေခဲ့ပြီးတော့ ဘယ်လောက်တောင် ပျော်ရွှင်နေလဲဆိုတာ အမေ သိသွားခဲ့ပါတယ်။။ ကျွန်တော့်အဖေကတော့ တကယ့်လူပဲ။ ကျွန်တော် သူ့ကို အဲဒီအလုပ်အကြောင်းပြောတော့ ‘ချကွာ လုပ်သာလုပ် ငါ့သား’ဆိုပြီး ပြောတယ်”လို့ ပြောပြခဲ့ပါတယ်။

မောင်တိန်နဲ့ အပြာလောကဟာ အကျိုးပေးကောင်းတယ်လို့ ပြောရမှာဖြစ်ပြီး အသက် ၂၀ အရွယ်မှာပဲ လော့စ် အိန်ဂျလိစ်မြို့ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး အီဗာ အိန်ဂျလီနာ၊ မီရာ မယ်လ်ကိုဗာတို့နဲ့ အိမ်ထောင်ကျခဲ့သလို ဂျေဆန် စတေဟန်နဲ့ ဗင်နီ ဂျုံးစ်တို့လို အနုပညာကြယ်ပွင့်တွေနဲ့လည်း ပုခုံးဖက်ပေါင်းနိုင်တဲ့အနေအထားကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒန်နီ မောင်တိန်ဟာ ကမ္ဘာပေါ်က ဝင်ငွေအများဆုံးရရှိနေတဲ့ အပြာရုပ်ရှင်သရုပ်ဆောင် ၁၀ ဦးစာရင်းထဲမှာ ပါဝင်နေပြီး ပေါင် ၁ သန်းကျော် ဝင်ငွေရရှိနေတယ်လို့ Scorum က ဖော်ပြခဲ့ပါတယ်။

Danny Mountain turned down interest from Chelsea, West Ham and Tottenham

Photo: dailystar

မောင်တိန်ဟာ ဂျေဆွန်လို့ အမည်ရတဲ့ သားတစ်ယောက်၊ ဆေလ်ဗီလို့ အမည်ရတဲ့ သမီးတစ်ယောက်ရဲ့ ဖခင်အဖြစ် သားသမီးတွေကို ပြုစုပျိုးထောင်နေပြီး “ကလေးတစ်ယောက်အနေနဲ့ ကျွန်တော် ကျော်ကြားတဲ့ ဘောလုံးသမားဖြစ်လာဖို့ အိပ်မက်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ ကျွန်တော် အင်္ဂလန်အတွက် ဘယ်တော့မှ ဂိုးသွင်းနိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါက ကျွန်တော့်ကို အောင်မြင်လာဖို့ မရပ်တန့်နိုင်ခဲ့ပါဘူး”

“ဒီနေ့ ကျွန်တော့်မှာ အိမ်အကြီးကြီးလည်း ရှိနေပြီ။ ကျွန်တော် စားသောက်ဆိုင်တွေမှာ စားသောက်ပြီး ဂျုံးစ်၊ စတေဟန်နဲ့ အခြား ဆယ်လီတွေနဲ့ အားလပ်ရက်တိုင်း ဘောလုံးကစားပါတယ်။ ကျွန်တော့် သမီးလေးကို အပြာမင်းသမီး ဖြစ်စေချင်သလားလို့ မေးရင် ဟင့်အင်း လုံးဝ မဖြစ်စေချင်ပါဘူး”

“ဒါပေမယ့် ကျွန်တော့်သားသာ လုပ်မယ်ဆိုရင် သူ့ကို ကျွန်တော့် အဖေပြောနေကျအတိုင်းပဲ ‘မင်း ဇရှိလို့လား ငါ့သား’လို့ ပြောမှာပါ”လို့ မောင်တိန်က ပြောကြားခဲ့ပါတယ်။