Focus , Focus ။ အိပ်မက်တွေကို တကယ်ဖြစ်စေဖို့ ၊ ကိုယ့်လက်ထဲ ပိုင်ပိုင် ဆုပ်ကိုင်နိုင်ဖို့အတွက် ပြတ်သားတဲ့ စူးစိုက်နိုင်ခြင်းက အရေးပါတဲ့ အရည်အသွေးတစ်ခု ဖြစ်ပါတယ်။ ပြတ်သားထင်ရှားတဲ့ စူးစိုက်မှု မရှိရင် သင့်ရဲ့ အစွမ်းအစတွေ နိမ့်ကျသွားပြီး ပန်းတိုင်ဆီ လျှောက်လှမ်းတဲ့ ခြေလှမ်းတွေလည်း ယိမ်းယိုင် ပြိုလဲသွားနိုင်ပါတယ်။ ဒါဆို သင့်အိပ်မက်တွေကို မျက်ခြေမပြတ် ဦးတည်သွားနိုင်ဖို့ ကိုယ့်ကိုယ်ကို ဘယ်လို Focus လုပ်လို့ ရမလဲ။

(၁) ပုံရိပ်အကြီးတစ်ခု စွဲအောင် စဉ်းစားနေ

Photo: Unsplash

သင့်အိပ်မက်ကို ပုံကြီးချဲ့ထားပြီး မျက်လုံးမှိတ်ထားချိန်မှာတောင် မြင်အောင် လေ့ကျင့်ထားပါ။ ဘယ်လိုအခြေအနေဆိုးတွေနဲ့ ကြုံကြုံ အာရုံထဲ စွဲနေအောင် မြင်တဲ့ အလေ့အကျင့် လုပ်ထားဖို့လိုပါတယ်။

လူတွေကို သူတို့ ပန်းတိုင်ဆီ ဆွဲခေါ်သွားတာဟာ သူတို့ စိတ်မျက်လုံးထဲမှာ မြင်နေတဲ့ ၊ သူတို့အာရုံယူထားတဲ့ ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်မှာ မြဲနေစွဲနေတဲ့ ပန်းတိုင်တစ်ခုအဖြစ် မြင်ရဖို့ နေ့စဉ်ဘဝထဲမှာ နေ့တိုင်းအလေ့အကျင့်အဖြစ် အမြဲနှလုံးသွင်း စဉ်းစားထားဖို့ လိုပါတယ်။

(၂) အရေးကြီးတာ အရင် အမြဲလုပ်ပါ

Photo: Pexels

ပင်မလုပ်ရမယ့် အလုပ်တွေဟာ အရေးကြီးဆုံးပါပဲ။ ဒါတွေဟာ သင့်ကို အကြီးဆုံး အကျိုးရလဒ်နဲ့ တိုးတက်မှုကို ပေးမှာ ဖြစ်လို့ပါ။ ဦးစားပေးလုပ်ရမယ့်အရာတွေကို အရင်ဆုံး ဆွဲထုတ်ပြီး အစီအစဉ်ကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင် အလုပ်လည်း တွင်ပါတယ်။ အာရုံလည်း ပိုစိုက်နိုင်ပါလိမ့်မယ်။

(၃) ငြင်းရမယ့်အရာတွေ သိပါစေ

Photo: Pexels

No ဆိုတဲ့ စကားကို အောင်မြင်နေသူတွေက ဘယ်လိုနေရာမှာ သုံးရမလဲ သိကြပါတယ်။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို အရောက်သွားဖို့အတွက် Focus ထားနေချိန်မှာ တစ်ချို့အရာတွေကို No လို့ ပြောဖို့ လိုပါလိမ့်မယ်။ အရေးမပါတဲ့ ၊ ကိုယ့်တိုးတက်ချင်စိတ်ကို ထိုင်းမှိုင်း တွန့်ဆုတ်စေမယ့်အရာတွေကို ငြင်းဖို့ မမေ့ပါနဲ့။

(၄) ကိုယ်ဘာကြောင့် ဒါတွေ လုပ်နေသလဲ အမှတ်ရနေပါ

Photo: Unsplash

တစ်ခုခုအတွက် အလုပ်တွေ အရမ်းကြိုးစားနေချိန်မှာ ဘာကြောင့် ကိုယ်ဒါတွေ လုပ်နေသလဲဆိုတာကို ပြန်သတိရပေးပါ။ ဘာလို့လဲ ဆိုရင် တစ်ခါတစ်လေမှာ ကိုယ်ဒါတွေ စလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့တဲ့ အရာတွေရဲ့ ဇာစ်မြစ်တွေကို မေ့သွားတတ်လို့ ဖြစ်ပါတယ်။

ကိုယ်သွားချင်တဲ့ နေရာကို ဦးတည်ချက် မပျက်စတမ်း လျှောက်သွားနိုင်ဖို့ ကိုယ့်ဆန္ဒကို လောင်စာအဖြစ် ပြန်နှိုးပေးမယ့်အရာဟာ ကိုယ်မျှော်မှန်းခဲ့တဲ့ Vision တစ်ခုရဲ့ အစွမ်းပဲ ရှိပါတယ်။ ဒါဟာ သင့်ကို တိုက်တွန်းနှိုးဆော်ပေးမယ့် သင့်ရည်ရွယ်ချက်ကို အရောက်ပို့ပေးမယ့် အချက်ပေးသံလည်း ဖြစ်ပါတယ်။

(၅) ကိတ်မုန့်အစအနတွေနောက် မလိုက်နဲ့

Photo: Pexels

ကိတ်မုန့်တစ်လုံးရဲ့ အနားစတွေလိုပဲ တစ်ခါတစ်လေမှာ တကယ့် အရေးပါတဲ့ အရာထက် ကျွန်တော်တို့ဟာ အရသာပေါ့တဲ့ ကိတ်မုန့်အကျိုးအပဲ့လေးတွေပေါ် စိတ်ရောက်နေတတ်ပါတယ်။ကိတ်မုန့်ကြီးတစ်ခုဖုတ်နေချိန်မှာ အစအနတွေဆိုတာ ကြုံမှာပါ။ ကိတ်မုန့်ကြီးတစ်ခု ဖုတ်သူဟာ လှပပြီး အရသာရှိလှတဲ့ ကိတ်မုန့်ဖြစ်ဖို့ပဲ အာရုံစိုက်ထားရမှာ ဖြစ်ပြီး မုန့်စမုန့်နတွေနောက် လိုက်ပြီး ခံစားမနေသင့်ပါဘူး။ သင့်ပန်းတိုင်ကို သွားပါ။ သင့်ကိတ်မုန့်ကြီးကို အရသာရှိရှိ စားချင်စဖွယ်ဖြစ်ဖို့ပဲ အာရုံစိုက်ပါ။