ယနေ့ခေတ်လူတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးစရာအကြောင်းအရာတွေက ဒီရေအလားအရမ်းတိုးပွားလာပါတယ်။ဒီလိုပြိုင်ပွဲမှုပြင်းထန်ပြီးစိတ်ဖိစီးမှုများတဲ့ ခေတ်ကြီးမှာလူတွေအတွက် စိတ်ဖိစီးမှုလျော့နည်းသွားစေမယ့် နည်းလမ်းတစ်ခုခုတော့မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုလျော့ကျစေမယ့်နည်းလမ်းတွေများစွာထဲကမှ စိတ်ဖိစီးမှုသာမက ခန္ဓာကိုယ်အတွက်ပါကောင်းကျိုးတွေများစွာဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ရေကူးကစားနည်း

Source : 4MEN

ရေကူးအားကစားနည်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ ကစားနည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းဟာ ခန္ဓာကိုယ်ကအကျောအချဉ်တွေကိုပြေလျော့စေတာကြောင့် စိတ်ဖိစီးမှုအရမ်းများနေတဲ့အချိန်ရေကူးလိုက်မယ်ဆိုရင် သိသိသာသာ စိတ်ဖိစီးမှုလျော့ကျသွားစေမှာဖြစ်ပြီး စိတ်လက်ပေါ့ပါးလန်းဆန်းသွားစေမှာဖြစ်ပါတယ်။ဒါ့အပြင် ဝိတ်လည်းကျစေနိုင်တာကြောင့် ချွေးသံချွဲချွဲ အားကစားနည်းတွေနဲ့ ဝိတ်မချချင်သူတွေအတွက်တော့ ကွက်တိဖြစ်စေမယ့် အားကစားနည်းတစ်မျိုးပါ။

(၂) လက်ဝှေ့ကစားနည်း

Source : Men’s Health

စိတ်ဖိစီးမှုလျော့ကျချင်တယ်ဆိုရင် လက်ဝှေ့ကစားပါဆိုတဲ့ စကားလေးကို တစ်နေရာရာမှာ ကြားဖူးမယ်ထင်ပါတယ်။ဟုတ်ပါတယ် လက်ဝှေ့ကစားခြင်းကတကယ့်ကို စိတ်ဖိစီးမှုလျော့ကျစေတဲ့ အားကစားနည်းတစ်မျိုးပါ။လက်ဝှေ့ ကစားတဲ့အခါ ခန္ဓကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ရှားရတာဖြစ်ပြီး ချွေးထွက်များစေတာကြောင့် ခန္ဓာကိုယ်ကအဆီပိုတွေကိုပါ လောင်ကျွမ်းစေမှာဖြစ်ပါတယ်။တစ်နေ့ကို တစ်နာရီခန့်လက်ဝှေ့ကစားမယ်ဆိုရင် သိသိသာသာ တစ်နေ့တာ စိတ်ဖိစီးမှုတွေလျော့ကျလာတာကိုခံစားရမှာပါ။

(၃) တင်းနစ်ကစားနည်း

Source : theeagle.com

စိတ်ဖိစီးမှုလျော့ကျစေတဲ့ အားကစားနည်းတွေထဲမှာ တင်းနစ်ကစားနည်းကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ တင်းနစ်ကစားတဲ့အခါ တင်းနစ်ဘောလုံးကို လက်မောင်းအားတွေကိုအသုံးပြုပြီး အားကုန်ရိုက်ထုတ်ရပါတယ်။ဒါကြောင့်လက်မောင်းကြွက်သားတွေကို အဓိကအထောက်အကူဖြစ်စေပြီး တင်းနစ်ကွင်းထဲမှာရှေ့နောက်ဘယ်ညာ လိုအပ်လိုအပ်သလိုပြေးလွားပြီး ရိုက်ရတဲ့အတွက် သက်လုံကောင်းစေကာ အမောလည်းခံနိုင်လာမှာဖြစ်ပါတယ်။

(၄) လှေလှော်ကစားနည်း

Source : canada.com

လှေလှော်ကစားနည်းဟာလည်း တင်းနစ်ကစားနည်းလိုပဲ လက်မောင်းကြွက်သားတွေကိုအသုံးပြုပြီးပြုလုပ်ရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။တစ်ဦးတည်းလှေလှော်လို့ရသလို Team Work ကောင်းကောင်းနဲ့ အဖွဲ့လိုက်လည်း လှော်ခတ်လို့ရပါတယ်။ကန်ရေပြင်အထက်မှာ တိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေတွေကိုရှုရှိုက်ရင်း အားသွန်ခွန်စိုက်ပြုလုပ်ရတဲ့ကစားနည်းတစ်မျိုးဖြစ်တဲ့အတွက် စိတ်ကြည်လင်ပေါ့ပါးကာ စိတ်ဖိစီးမှုလျော့ကျစေမှာ သေချာပါတယ်။

(၅) အပြေးကစားနည်း

Source : Runtastic

စိတ်ဖိစီးမှုအရမ်းများလာတဲ့အချိန်မျိုးမှာပါ ပြင်းပြင်းထန်ထန်ပြေးလွားလိုက်ခြင်းက အမြန်ဆုံးစိတ်ဖိစီးမှုလျော့ကျစေမယ့်နည်းလမ်းတစ်ခုပါ။ပြေးစရာနေရာကောင်းကောင်းမရှိရင်တောင်မှ လှေကားထစ်တွေကို ခပ်မြန်မြန်ပြေးတက်ပြေးဆင်းတာမျိုးလုပ်ပေးနိုင်ပါတယ်။အကောင်းဆုံးကတော့ မနက်စောစောမှာ လေကောင်းလေသန့်ရရှိပြီး ယာဉ်သွားလာမှုနည်းပါးတဲ့ ပန်းခြံလိုနေရာတွေ ကန်ဘောင်လိုနေရာတွေမှာ အပြေးလေ့ကျင့်ခန်းလုပ်တာပိုသင့်တော်ပါတယ်။