ဝမ်းဗိုက်ကအဆီတွေကြောင့် စိတ်ညစ်နေပြီလား။ဝမ်းဗိုက်တဝိုက်မှာက အဆီစုဖို့ အရမ်းလွယ်ကူပေမယ့် အဆိုပါအဆီတွေကိုဖယ်ရှားဖို့ကတော့ တော်တော်လေးခက်ခဲလှပါတယ်။ဒါပေမယ့်စိတ်မပူပါနဲ့ သင်ရဲ့ စားသောက်နေထိုင်မှုပုံစံကိုပြောင်းလဲပြီး တစ်ရက်ကို ၁၀ မိနစ်လောက်အချိန်ပေးရုံနဲ့ ဝမ်းဗိုက်အဆီတွေကျစေမယ့် လေ့ကျင့်ခန်းတစ်ချို့ကိုပြောပြပေးပါမယ်။

လေ့ကျင့်ခန်း (၁)

Source : Coach Mag

ဒီလေ့ကျင့်ခန်းအတွက် အရင်ဆုံးကြမ်းပြင်မှာ လှဲပြီးခြေထောက်နှစ်ဖက်ကို ထောင်ထားရပါမယ်။ကိုယ့်ရဲ့ လက်နှစ်ဖက်ကိုလည်း ဘေးဘက်သို့ ဆန်းထုတ်ပြီး ကြမ်းပြင်ပေါ်မှာကပ်ထားပေးပါ။ပြီးရင်တော့ ထောင်ထားတဲ့ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ အနီးကပ်ဆုံးချပြီး ဗိုက်ကြွက်သားကိုအသုံးပြုကာ ဖြည်းဖြည်းချင်းပြန်မတင်ပေးရပါမယ်။ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

Source : LA Fitness

ဒီလေ့ကျင့်ခန်းအတွက်ကြမ်းပြင်ပေါ်မှာ ပလက်အနေထားနေရာယူပြီး ခြေထောက်နဲ့ လက်ကို အနည်းငယ်ဘေးကိုကား၍ဆန့်ထုတ်ထားပေးရပါမယ်။ထို့နောက် ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘယ်ဘက်ခြေထောက်နဲ့ ညာဘက်လက်ကို ထိပေးရပါမယ်။ပြီးရင်တော့ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်လက်ကိုထိပေးရပါမယ်။ထိုနည်းအတိုင်း ဘယ်ညာတစ်ဖက်စီ ၂ မိနစ်ခန့် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

Source : Health

ဒီလေ့ကျင့်ခန်းအတွက် လက်နှစ်ဖက်ကိုကြမ်းပြင်ပေါ်ထောက်ပြီး လေးဘက်ထောက်အနေအထား ပုံစံယူပေးရပါမယ်။ကျောကိုလည်း အရမ်းကြီးကုန်းမနေစေပဲ တစ်ဖြောင့်တည်းရှိနေဖို့ သတိပြုရပါမယ်။ထို့နောက် ဒူးနှစ်ဖက်ကို တောင်တက်တဲ့ပုံစံအတိုင်း ရှေ့ကတံတောင်းဆစ်ကို ထိတဲ့အထိ ဘယ်ညာခပ်မြန်မြန်လေးပြုလုပ်ပေးရပါမယ်။ထိုနည်းအတိုင်း ၂ မိနစ်ခန့် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

Source : Stack

ဒီလေ့ကျင့်ခန်းအတွက်ကတော့ Planks ထောက်တဲ့အနေအထားအတိုင်း ကြမ်းပြင်ပေါ်ဘေးထောက်ထားရပါမယ်။ထို့နောက်ညာဘက်ခြေထောက်ကို ရှေ့က ထောက်ထားတဲ့ တံတောင်ဆစ်နဲ့ ထိပြီး ပုံမှာပြထားတဲ့အတိုင်း ၁၅ စက္ကန့် ငြိမ်ငြိမ်လေးနေရပါမယ်။ထို့နောက် ဘယ်ဘက်ခြေထောက်ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးရပါမယ်။ခြေထောက်ဘယ်ညာစုစုပေါင်း ၁ မိနစ်စီ ၂ ကြိမ်ခန့်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၅)

Source : Coachmag

ဒီလေ့ကျင့်ခန်းအတွက် အရင်ဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ်ကြွပြီး ထိုင်လျက်အနေအထားပုံစံယူပါ။ပြီးရင်တော့ လက်နှစ်ဖက်ကို ခန္ဓာကိုယ်အရှေ့တည့်တည့်မှာနေရာယူပါ။ထိုံနောက်လက်နှစ်ဖက်ကို ဘယ်ဘက်နဲ့ညာဘက်တစ်ဖက်စီကို (၄၅) ဒီဂရီခန့်စောင်းပြီး တစ်လှည့်စီလှည့်ပေးရပါမယ်။ထိုနည်းအတိုင်း ၂ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။