ပြေးစက်အသုံးပြုပြီးပြေးတာ (သို့) လမ်းလျှောက်ခြင်းက ဝိတ်ကျစေဖို့အတွက် လူသိများတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စည်းကိရိယာတွေအသုံးမပြုဘဲ အိမ်ထဲမှာနေပြီး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေရှိနေပါသေးတယ်။ အဓိကကတော့ လေ့ကျင့်ခန်းတွေကို နည်းလမ်းမှန်မှန်နဲ့ ပြုလုပ်ပေးဖို့ပါပဲ။ ဒီနေ့ တော့အခန်းထဲမှာနေပြီး ပြုလုပ်ပေးလို့ရတဲ့ လေ့ကျင့်ခန်းလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
Dolphin plank

- ပထမဦးဆုံး plank အနေအထားအတိုင်း နေပေးပါ။ ခန္ဓာကိုယ်က ကြမ်းပြင်နဲ့အပြိုင်ဖြစ်နေရပါမယ်။ ခြေချောင်းတွေကို ကွေးထားပြီး ကြမ်းပြင်ကို တွန်းထားရပါမယ်။ နှားခေါင်းဖြင့် အသက်ကိုဖြည်းညင်းစွားရှူသွင်းရှူထုတ်ပြုလုပ်ပေးပါ။
- V ပုံစံဖြစ်အောင် တင်ပါးတွေကို မြောက်တင်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို (၁၅) ကြိမ် (၃) ခါပြုလုပ်ပေးပါ။
Side to side squats

- မက်မက်ရပ်ပါ။
- ဒူးကိုကွေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်တဲ့ပုံစံ ပြုလုပ်ပေးပါ။
- ဝမ်းဗိုက်က တင်းမာနေရပါမယ်။ ဘေးတစ်ဖက်ကို ခြေလှမ်းကျယ်ကျယ်ဟ လိုက်ပါ။ ဆောင့်ကြောင့်ထိုင်ပုံစံအတိုင်းပဲ ဆက်နေပေးပါ။
- ပြီးတော့ မူလပုံစံပြန်နေလိုက်ပါ။ နောက်တစ်ဖက်ကိုလည်း ဒီအတိုင်းပြုလုပ်ပေးပါ။
- ဒီလေ့ကျင့်ခန်းကို စက္ကန့် (၃၀) သို့ (၁) မိနစ်ခန့် ပြုလုပ်ပေးပါ။
Frog feet lift

- ကြမ်းပြင်ပေါ်သို့ ဝမ်းလျားမှောက် အိပ်လိုက်ပါ။ နဖူးကို လက်ပေါ်သို့ တင်ထားပါ။
- ဖနောင့်တွေကို ပူးထားပါ။ နောကျောကဖြောင့်နေရပါမယ်။
- ဒူးကိုကွေးလိုက်ပြီး ဖနောင့်ကို မိုးပေါ်သို့ မတင်လိုက်ပါ။ ပေါင်တင်းနိူင်သမျှတင်းအောင် လုပ်ပါ။ ပြီးတော့ တင်းပါးကို ညစ်ဖို့မမေ့ပါနဲ့။
- ပြီးတာနဲ့ ပေါင်ကိုဖြည်းညင်းစွာ ပြန်ချလိုက်ပါ။ ဖနောင့်တွေက တစ်ခုနဲ့တစ်ခု ထိနေဖို့လိုအပ်ပါတယ်။
- ဒီလေ့ကျင့်ခန်းကို (၁၂) ကြိမ်ခန့်ပြုလုပ်ပေးပါ။
Cobra pose

- ဝမ်းလျားမှောက်ကြမ်းပြင်ပေါ်အိပ်လိုက်ပါ။ ခြေထောက်တွေကို ဆန့်ထုတ်ထားပါ။
- လက်ဖဝါးဖြင့် ကြမ်းပြင်ကို တွန်းကာ ပေါင်ကြောတွေတင်းလာသည့်အထိ ခန္ဓာကိုယ်အပေါ်ပိုင်းကို မတင်လိုက်ပါ။ အသက်ရှူသွင်းပါ။
- အသက်ကို ဖြည်းညင်းစွာရှူပါ။ ဒီပုံစံအတိုင်း (၁၅) စက္ကန့်ခန့်နေပေးပါ။ အသက်ရှူထုတ်ရင်းနဲ့မူလအနေအထားအတိုင်းပြန်နေပါ။
