ယနေ့ခေတ်လူငယ်တွေမှာ gym သွားဖို့အချိန်တွေ မပေးနိူင်ကြတာကို တွေ့ရပါတယ်။ အလုပ်ပင်ပန်းမူဒဏ် တွေကြောင့် အိမ်ပြန်ရောက်ပြီဆိုရင် လူတော်တော်များများက ဘယ်မှမသွားချင်ကြတော့ဘူး။ ဒါပေမယ့် မပူပါနဲ့။ အခု kwee page ကဖော်ပြပေးမယ့် လေ့ကျင့်ခန်းလေးတွေက လုပ်ရလည်းလွယ်ကူစေသလို အဆီပိုတွေလည်း လောင်ကျွမ်းစေပါတယ်။

Plank

Source: Men’s Health

လက်ဖျံကို ဖျာပေါ်ထောက်ထားလိုက်ပါ။ ပုခုံးတွေကို တံတောင်ဆစ်နဲ့ တစ်တန်းတည်းဖြစ်အောင်ထားပါ။ လက်တွေက (၉၀) ဒီဂရီ အနေအထားမှာရှိနေပါစေ။ ခြေချောင်းတွေကို ထောက်ထားပြီး ခန္ဓာကိုယ်ကို အပေါ်မတင်လိုက်ပါ။ ပထမဆုံးစလုပ်တဲ့နေ့မှာ ဒီပုံစံအတိုင်း စက္ကန့် (၃၀) နေပေးပါ။

နေ့စဉ် (၅) စက္ကန့်စီ တိုးတိုးပြီး ပြုလုပ်ပေးပါ။ ဒါပေမယ့် (၂) မိနစ်ထက်တော့ ပိုမလုပ်ပါနဲ့။ ပုခုံးက ကြမ်းပြင်နဲ့ အပြိုင်ရှိနေဖို့ လိုသလိုဝမ်းဗိုက်ကြွက်သားတွေကိုလည်း ညစ်ထားဖို့လိုပါတယ်။

Bird-dog

Source: Man Flow Yoga

လက်နှစ်ဖက်စလုံးကို မိမိရှေ့တည့်တည့်မှာ ထောက်ထားပါ။ ဒူးထောက်လိုက်ပါ။ ဘယ်ဖက်လက်ကို ကြမ်းပြင်နဲ့ အပြိုင်ဖြစ်အောင် မြောက်လိုက်ပါ။ ညာဖက်ခြေထောက်ကိုလည်း ကြမ်းပြင်နဲ့ အပြိုင်ဖြစ်အောင် မြောက်လိုက်ပါ။ ဒီပုံစံအတိုင်း (၃) စက္ကန့်ခန့်နေပေးပါ။ ပြီးတာနဲ့ အခြားတစ်ဖက်ပြောင်းလုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် (၂၀) ခန့်ပြုလုပ်ပေးပါ။ အကြိမ် (၅၀) ပြည့်သည့်အထိ တစ်ရက်ကို (၅) ကြိမ်စီ တိုးပြီးလုပ်သွားပေးပါ။ လက်တွေခြေထောက်တွေ ဆွဲဆန့်နေတဲ့အချိန်မှာ အသက်ရှူထုတ်ဖို့ မမေ့ပါနဲ့။

Push-ups

Source: Openfit

မှောက်ခုံအနေအထား လုပ်ထားပါ။ လက်တွေကို ပုခုံးအောက်တည့်တည့်မှာ ထားပါ။ ကွေးထားတဲ့ တံတောင်ဆစ်တွေကို ဖြေလျှော့ပြီး ခန္ဓာကိုယ်ကို အထက်သို့မတင်လိုက်ပါ။ ပြီးရင် ရင်ဘက်ကြမ်းပြင်ထိသည့်အထိ လက်ကိုကွေးချလိုက်ပါ။

စလုပ်တဲ့နေ့မှာ (၁၀) ကြိမ်ခန့်ပြုလုပ်ပေးပါ။ တစ်ရက်ကို (၅) ကြိမ်ခန့် တိုးတိုးပြီး မိမိလုပ်နိူင်သမျှ အကြိမ်အရေအတွက် များများ ပြုလုပ်ပေးပါ။ နောက်ကျောနဲ့ဒူးတွေကို တစ်ဖြောင့်တည်း ထားဖို့မမေ့ပါနဲ့။

Squats

Source: Bright Side

ပထမဦးစွာ မတ်မတ်ရပ်ပါ။ ခြေထောက်နဲ့ပုခုံးကို ခပ်ကျယ်ကျယ် ထားပေးပါ။ ဒူးကို ကွေးလိုက်ပါ။ တံတောင်ဆစ်ကို ကွေးလိုက်ပြီး လက်ကိုမိမိရှေ့မှာထားကာ ဆောင့်ကြောင့်ထိုင်အနေအထား ပုံစံပြုလုပ်ပါ။ တံတောင်ဆစ်ကို မကွေးဘဲနဲ့ လက်ကိုဆန့်ထုတ်ထားရင်လည်းရပါတယ်။ ပြီးတာနဲ့လက်ကို အောက်ချပြီး မတ်မတ်ပြန်ရပ်ပါ။

ဒီလေ့ကျင့်ခန်းကို (၁၀) ကြိမ်ခန့် ပြုလုပ်ပေးပါ။ အကြိမ် (၅၀) အထိရဖို့အတွက် တစ်ရက်ကို (၅) ကြိမ်ခန့် တိုးတိုးပြီး လေ့ကျင့်သွားပေးပါ။