တကယ်လို့ သင်ဟာ ခြောက်ခြောက်ခြားခြား သရဲတစ္ဆေရုပ်ရှင်ကားတွေ ကြိုက်တဲ့သူဆိုရင် ဘယ်ရုပ်ရှင်က သင့်ကို ကြောက်လန့်စေခဲ့သလဲ။ BroadbandChoices ပလက်ဖောင်းကတော့ Rating အမြင့်ဆုံး ထိတ်လန့်သည်းဖိုရုပ်ရှင်တွေ ကြည့်နေတဲ့ ပရိသတ်ရဲ့ နှလုံးခုန်နှုန်းကိုတိုင်း တာပြီး ကြောက်စရာအကောင်းဆုံး ရုပ်ရှင်ကားစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ ဒီလေ့လာမှုဟာ IMDb ၊ Rotten Tomatoes နဲ့ Reddit စတဲ့ Rating တွေမှာ အမှတ်ကောင်းကောင်းရထားတဲ့ Horror ကားတွေကို ကြည့်နေတဲ့ ပရိသတ်ကို လေ့လာခဲ့တာလို့ ဆိုပါတယ်။ ကဲ ဒီရုပ်ရှင်တွေထဲမှာ သင့်ကို တထိတ်ထိတ်ဖြစ်စေခဲ့တဲ့ ရုပ်ရှင်များ ပါမလား ကြည့်ရအောင်ပါ။

(၁) Sinister (2012)

Photo: brightside

နံပါတ်တစ် ကြောက်စရာအကောင်းဆုံး ရုပ်ရှင်ကားအဖြစ် သတ်မှတ်ခံရတဲ့ ရုပ်ရှင်ကတော့ Sinister ဆိုတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ IMDb score 6.8 ရထားပြီး ကြည့်ရှုသူတွေ နှလုံးခုန်နှုန်းကို 86-131 bpm ရှိတဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းကတော့ သိပ်အဆန်းမဟုတ်ပါဘူး။

စာရေးဆရာနဲ့ သူ့မိသားစုဟာ တစ်မိသားစုလုံး အသတ်ခံထားရတဲ့ အိမ်တစ်လုံးကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ ရာဇဝတ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ အဓိကကျတဲ့ ဗွီဒီယိုတွေကို စာရေးဆရာက တွေ့ခဲ့ပါတယ်။ နောက်တော့ အိမ်ထဲမှာ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေ ဖြစ်ပေါ်လာခဲ့ပြီး အသက်ဘေးကို ခြိမ်းခြောက်မှုနဲ့ ကြုံခဲ့တဲ့ ဇာတ်လမ်းပါ။

(၂) Insidious (2010)

Photo: brightside

Insidious ရုပ်ရှင်က ကြည့်တဲ့သူတွေ နှလုံးခုန်နှုန်းအမြင့်ဆုံးဖြစ်စေတဲ့ ရုပ်ရှင်တွေထဲမှာ ဒုတိယစွဲပါတယ်။ IMDb score 6.8 ပဲ ဖြစ်ပြီး Heart rate အနေနဲ့ တစ်မိနစ်နှလုံးခုန်နှုန်း ၈၅ ကြိမ်ကနေ ၁၃၃ ကြိမ်အကြားကို အတက်အကျခံစားစေမယ့် ရုပ်ရှင်လို့ ဆိုပါတယ်။

ဒီကားမှာလည်း Josh နဲ့ Renai တို့ဟာ သူတို့ရဲ့ အိမ်အသစ်မှာ ထူးထူးဆန်းဆန်းကိစ္စတွေ ဆက်တိုက်ကြုံနေပါတယ်။ အဆိုးဆုံးက သူတို့ရဲ့ အသက် ၁၀ နှစ်အရွယ်သားလေး Dalton ဟာ ကိုးမားဝင်နေပြီး ဆရာဝန်တွေ လက်မှိုင်ချနေရတာပါ။ နောက်တော့ ဒီကလေးဟာ တခြားကမ္ဘာတစ်ခုနဲ့ ဆက်စပ်မှုရှိနေတာ တွေ့လာရပါတယ်။

(၃) The Conjuring (2013)

Photo: brightside

IMDb rating မြင့်ရထားတဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားပါ။ IMDb score 7.5 မှတ်ရထားပြီး ကြည့်ရှုသူတွေရဲ့ နှလုံးခုန်နှုန်းကို တစ်မိနစ် ၈၄ ကြိမ်ကနေ ၁၂၉ ကြိမ် ဖြစ်အောင် စွမ်းဆောင်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ဝါရင်မိသားစုဆိုတာ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာမှုလုပ်နေတဲ့ မိသားစုပါ။ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်တွေပေါ် အခြေခံထားတာ ဖြစ်ပြီး နတ်ဆိုးခြိမ်းခြောက်ခံနေရတဲ့ မိသားစုတစ်ခုအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(၄) Hereditary (2018)

Photo: brightside

IMDb Score 7.3 မှတ် ၊ Heart rate အနေနဲ့ တစ်မိနစ် ၈၃ ကြိမ်ကနေ ၁၀၉ ကြိမ်အတွင်း ရင်ခုန်အောင် လုပ်နိုင်မယ့် ရုပ်ရှင်ပါ။ Annine Graham ရဲ့ အမေသေပြီးနောက် မိသားစုအတွင်းမှာ ကြောက်စရာဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီကားထဲမှာ မြှပ်ကွယ်ထားတဲ့ ကြောက်စရာဖြစ်ရပ်တွေကို တစ်ခန်းပြီးတစ်ခန်း ခြောက်ခြားဖွယ် တွေ့မြင်ခံစားရမှာပါ။

(၅) Paranormal Activity (2007)

Photo: brightside

Paranormal Activity ရုပ်ရှင်ဟာ IMDb Score 6.3 ရပြီး ကြည့်ရှုသူကို Heart Rate ၆၂ ကြိမ်ကနေ ၁၂၇ ကြိမ် ဖြစ်စေနိုင်တဲ့ ရုပ်ရှင်လို့ ဆိုပါတယ်။ လူငယ်စုံတွဲဖြစ်တဲ့ Katie နဲ့ Micah တို့ဟာ ဆင်ခြေဖုံးတစ်နေရာကို ရွှေ့ပြောင်းလာပါတယ်။ သူတို့ရဲ့ အေးချမ်းတဲ့ ဘဝလေးထဲ အိမ်နားတစ်ဝိုက်က ထူးဆန်းတဲ့ ဆူညံသံတွေနဲ့ နှောင့်ယှက်ခြင်း ခံခဲ့ရပါတယ်။

Katie ဟာ အသက် ၈ နှစ်သမီးအရွယ်ကတည်းက ထူးဆန်းတဲ့ ပရနယ်သားတစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်ခြင်း ခံနေရသူဖြစ်ပါတယ်။ နောက်တော့ သူတို့အိပ်နေစဉ် အိမ်ထဲမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ သိရဖို့ Micah က ဗွီဒီယိုကင်မရာတစ်ခု ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနောက်မှာ ပရနယ်ပယ်ရဲ့ နှောင့်ယှက်မှုဟာ ပိုလို့တောင် ဆိုးလာခဲ့ပါတယ်။