လူတစ်ယောက် ပိုပြီး ကိုယ်ခန္ဓာကျစ်လျစ်ကြံ့ခိုင်အောင် ၊ ရုပ်ချောပြီး စတိုင်ကျအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကိုယ်တိုင်မလုပ်နိုင်တောင် ကိုယ့်ကို ကူညီပေးနိုင်မယ့်လူတွေ အများကြီးပါပဲ။ ဒီတစ်ခေါက်မှာ သင့်ရဲ့ စတိုင်မြှင့်တင်ရေးခရီးစဉ်အတွက် လမ်းပြကြီးတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) အပ်ချုပ်ဆရာ

Tailor

Photo: Fashion Beans

ဖက်ရှင်မှာ Tailor တွေက ဆရာပါပဲ။ အဝတ်အစားတစ်စုံဟာ အမျိုးအစားကောင်းတိုင်း သူ့ကို ဝတ်သူကို ချောအောင် ခန့်အောင် လုပ်ပေးနိုင်တာချည်းတော့လည်း မဟုတ်ပါဘူး။ သင်နဲ့ လိုက်ဖက်ပြီး Fitting ဖြစ်တဲ့ ဖက်ရှင်ကမှ သင့်ကို ချောအောင်ပုံဖော်ပေးနိုင်တာပါ။ အပ်ချုပ်ဆရာတွေက သင့်ကို ဘယ်လိုဖက်ရှင်နဲ့ လိုက်တယ် ၊ ဘယ်လိုဆင်လိုက်ရင် ကြည့်လို့ကောင်းသွားမယ်ဆိုတာကို အနီးစပ်ဆုံး အကြံပေးနိုင်တဲ့ လမ်းညွှန်တစ်ဦးပါပဲ။

(၂) ဆံသဆရာ

Barber

Photo: Fashion Beans

အဝတ်အစားတွေ ပြီးရင် လူရဲ့ ဥပဓိရုပ်ကို အကြီးအကျယ်ပြောင်းလဲအောင် ကူညီနိုင်တဲ့ မှော်ဆရာတစ်ဦးက ဆံသဆရာ Barber တွေပဲ ဖြစ်ပါတယ်။ ဆံပင်ပုံစံကောင်းတစ်ခုဟာ လူရဲ့ မျက်နှာကို အချိုးကျပြီး ဆွဲဆောင်မှုပိုရှိစေနိုင်ပါတယ်။ သင့်မျက်နှာက ဘယ်လို ဆံပင်နဲ့ လိုက်တယ် ၊ သင့်ဆံပင်ကို ဘယ်လို ထိန်းသိမ်းမှု လုပ်ပေးရမယ်ဆိုတာကို အနီးကပ်အကြံပေးမှုတွေကို ဆံသဆရာက လုပ်ပေးသွားပါလိမ့်မယ်။

(၃) အလှဖန်တီးရှင်

Stylist

Photo: Fashion Beans

Stylist တွေက ဖက်ရှင်နဲ့ သင့်အပြုအမူပုံစံတွေကို အဆင့်မြှင့်တဲ့နည်းတွေ မျှဝေနိုင်တဲ့ Experts တွေ ဖြစ်ပါတယ်။ သင့်အဝတ်ဗီရိုမှာ ဘယ်လို အဝတ်အစားတွေ ထားသင့်တယ် ၊ သင်နဲ့ ဘယ်လိုအရောင်တွေ လိုက်ဖက်တယ် ၊ ဒီထက်ပိုပြီး ဆွဲဆောင်မှုပိုရှိအောင် ဘယ်လိုနေရမယ်ဆိုတာကို Stylist တွေက အကြံပေးပါလိမ့်မယ်။

(၄) အရေပြားအထူးကု

DERMATOLOGIST

Photo: Fashion Beans

ဆံပင် နဲ့ အသားအရေကောင်းခြင်းက သင့်ကို ထူးခြားပေါ်လွင်ပြီး ဆွဲငင်အားကောင်းသူတစ်ဦးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ သင့်အရေပြား နဲ့ ဆံသားကျန်းမာရေးအတွက် အားကိုးရမယ့်လူတစ်ယောက်က အရေပြားရောဂါကျွမ်းကျင်သူပါပဲ။ ဒီပညာရှင်က သင့် Skin ကို ကျန်းမာပြီး ကြည့်ကောင်းအောင် လိုအပ်တဲ့ လမ်းညွှန်မှုတွေ ပေးနိုင်လို့ ဖြစ်ပါတယ်။

(၅) Personal Trainer

PERSONAL TRAINER

Photo: Fashion Beans

ဒီဘက်ခေတ်မှာ Personal Trainer တွေ ခေတ်စားလာတာ တွေ့ရပါတယ်။ သင်လိုချင်တဲ့ ဘော်ဒီပုံစံရဖို့ Personal Trainer ကောင်းတစ်ယောက်ဆီ သွားဖို့ လိုပါတယ်။ Personal Trainer တစ်ယောက်က Fitness ပိုင်းမှာ ဘယ်လိုနေ ၊ ဘယ်လိုစား ၊ လေ့ကျင့်ခန်းကို ဘယ်လိုလုပ်ရမယ်ဆိုတာကို ကြီးကြပ်လမ်းညွှန်နိုင်သလို သင့်ကို လိုသလို Motivation တွေပေးပြီး ပန်းတိုင်ဆီ အတူသွားမယ့် နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ သင့်စားသောက်နေထိုင်မှုပုံစံကိုပါ သူက ကူညီလမ်းပြသွားမှာ ဖြစ်လို့ ကျန်းမာရေးအရရော Stylish ဖြစ်ဖို့အတွက်ပါ Personal Trainer ထားဖို့ လိုပါတယ်။

Featured Photo: Fashion Beans