တကယ်လို့ သင့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ဟာ အနံ့နဲ့ အရသာခံနိုင်မှု ကျဆင်းလာပြီဆိုရင် သတိထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဒါဟာ သင့်မှာ COVID-19 ဖြစ်နေပြီလို့ အချက်ပြတာ ဖြစ်နိုင်တယ်လို့ ပြောထားတာ ရှိပါတယ်။
Photo: CNN
COVID-19 နဲ့ ဒီရောဂါရဲ့ လက္ခဏာချက်တွေကို လေ့လာဖော်ထုတ်နေဆဲ ဖြစ်ပေမယ့် တောင်ကိုရီးယားက အချက်အလက်တွေအရ ရောဂါလက္ခဏာမပြဘဲ COVID-19 ကူးစက်ခံရသူတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အနံခံနိုင်စွမ်း ပျောက်ဆုံးနေကြတယ်လို့ နား ၊ နှာခေါင်း ၊ လည်ချောင်းဆိုင်ရာ ကျွမ်းကျင်သူများ အဖွဲ့အစည်းဖြစ်တဲ့ ENTUK ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒီစာတမ်းအရ ကျန်းမာတယ်ခံစားရတဲ့ လူတွေမှာ ဆေးပညာအခေါ်အဝေါ်အရ အနံ့ခံနိုင်စွမ်း ပျောက်ခြင်း Anosmia ဖြစ်လာပြီဆိုရင် ကိုရိုနာဗိုင်းရပ် ပြန့်နှံ့မှု နှေးကွေးဖွယ် ရှိတယ်လို့ သုံးသပ်ထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလိုမျိုး Anosmia ဖြစ်လာရင် မပေါ့ဖို့ ပြောပါတယ်။
Source : CNN.com
” ဂျာမနီမှာ ရောဂါကူးစက်ခံရသူ ၃ ဦးမှာ ၂ ဦးက Anosmia ဖြစ်နေတာ တွေ့ရပါတယ်။ ရောဂါစစ်ဆေးမှု တိုးမြှင့်လာတဲ့ တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူရဲ့ ၃၀ ရာခိုင်နှုန်းမှာ Ansomia ဖြစ်တာပဲ ပြောစရာရှိခဲ့ပါတယ်။” လို့ ဗြိတိန်နှာခေါင်းဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်း ဥက္ကဌ ကလဲရာဟော့ပ်ကင်းစ်နဲ့ ဗြိတိန်နား နှာခေါင်း လည်ချောင်းဆိုင်ရာ အဖွဲ့အစည်းဥက္ကဌ နီမာကူးမားတို့က ထုတ်ပြန်ပါတယ်။
နောက်တစ်ခုက COVID-19 လက္ခဏာမပြဘဲ ကူးစက်ခံနေရသူတွေမှာ လျှာရဲ့ အရသာအာရုံခံစနစ် ချို့ယွင်းနေတာ တွေ့ရတယ်လို့ အမေရိကန်နားနဲ့ လည်ပင်းရောဂါအကယ်ဒမီက ဆိုပါတယ်။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အစည်း CDC ကတော့ COVID-19 လက္ခဏာတွေ ဖြစ်တဲ့ ချောင်းဆိုးခြင်း ဖျားနာခြင်းများ ခံစားရသူတွေကို သီးသန့်ခွဲနေကြဖို့ တိုက်တွန်းထားပါတယ်။