ရုပ်ရှင်ဇာတ်ကားကောင်းတွေဆိုတာ ပရိသတ်တွေရဲ့ရင်ထဲမှာ တစ်ခုတစ်ခုကျန်ခဲ့တဲ့ ရုပ်ရှင်တွေကို ခေါ်တာပါ။ သူတို့တွေက လူတွေကို ခွန်အားတွေပေးနိူင်တယ်။ လမ်းညွှန်ပေးနိူင်တယ်။ လူဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်တွေကို အလင်းပြပေးနိူင်တယ်။
ဒီနေ့ kwee ပြောပြပေးမယ်အကြောင်းအရာလေးကတော့ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ဇာတ်ကားတွေအကြောင်းပါပဲ။
Remember the Titans

Source: The Sideline Observer
ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုးလဲဆိုတော့ အနိူင်ရခြင်း ၊ ဇွဲ၊ လူမျိုးရေးခွဲခြားမှုနဲ့စည်းလုံးမှု စတာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ လူတစ်ယောက်ရဲ့ အသားအရေ ကိုကြည့်ပြီး ခွဲခြားမူမလုပ်ဖို့ နှလုံးသားထဲထိ မြင်အောင် ကြည့်တတ်ဖို့ ဒီကားလေးက သင်ပေးသွားပါတယ်။
အားကစား ရုပ်ရှင်တွေ၊ သမိုင်းနဲ့ ပက်သတ်တဲ့ရုပ်ရှင်တွေ ကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်သင့်ပါဘူး။
Ali

Source: The Undefeated
Ali ဟာ တစ်ချိန်က နာမည်ကျော် ဘောက်စင် ဖိုက်တာကြီး Muhammad Ali အကြောင်း ရိုက်ကူးထားတာပါ။ အောင်မြင်မူမရခင်မှာ ဘယ်လို အခတ်အခဲတွေ ရင်ဆိုင်ရလဲ၊ ဘယ်လိုတွေ ကျော်ဖြတ်ရမလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်ရမှာပါ။
သမိုင်းကြောင်းတွေ၊ ဘောက်စင်နဲ့ Will Smith ကိုကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ။
Forrest Gump

Source: Jewel 92.5 FM
ညဏ်ရည်မမီတဲ့ ကောင်းလေးတစ်ယောက်အကြောင်း၊ သူရင်ဆိုင်ခဲ့ရတဲ့ အခတ်အခဲတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ကားပါ။
တကယ်လို့ Forrest Gump ကိုမကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ကားလုံးကြည့်ပြီးသွားရင် နောက်တစ်ခါပြန်ကြည့်ချင်စိတ် ပေါ်လာမှာကို အာမခံပါတယ်။
Blind Side

Source: Microsoft
ဒီဇာတ်ကားကတော့ အခြားသူတစ်ယောက်ဆီကို ကြင်နာမူ သနားခြင်းကရုဏာစိတ် တွေနဲ့ချဉ်ကပ်တဲ့အခါမှာ လူနှစ်ယောက်ဘယ်လိုပေါင်းစည်းသွားကြလဲဆိုတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။
ဟာသဒရာမာ ကားတွေကြိုက်ရင်တော့ ဒီကားလေးကို ကြည့်ဖို့ အကြံပေးပါရစေ။
Julie and Julia
Julie and Julia ဇာတ်ကားဟာ မိမိရဲ့ဝါသနာ ကိုရှာဖွေဖို့ နဲ့ မိမိရဲ့နှလုံးသားခေါ်ဆောင်ရာနောက်ကို လိုက်ဖို့ မက်ဆေ့ပေးတဲ့ကားလေးပါ။
မိမိဘာဝါသနာပါသလဲမသိ၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့သူများ ဒီကားလေးကို လက်မလွှတ်တမ်းကြည့်ဖို့ တိုက်တွန်းပါရစေ။
The Secret Life of Walter Mitty

Source: eBay.ie
ဒီဇာတ်ကားလေးကတော့ လူတော်တော်များများနဲ့ သက်ဆိုင်တဲ့ ကားလေးပါ။ ဒီကားလေးထဲမှာ သူနေရမယ့်နေရာမှာ မရောက်သေးတဲ့ လူတစ်ယောက်၊ သူရောက်သင့်တဲ့ နေရာရောက်ဖို့ စွန့်စားခန်း ခရီးတွေထွက်ရင်း ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ ရသွားတဲ့ လူတစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။
လမ်းပျောက်သလို ခံစားနေရပြီလား။ အလုပ်မှာ အဆင်မပြေဖြစ်နေပြီလား။ ဒါဆိုရင်တော့ The Secret Life of Walter Mitty ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးပါရစေ။
