ဒီနေ့ kwee page က နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် Leonardo DiCaprio ရဲ့ လေးစားအားကျဖွယ်ကောင်းတဲ့ စကားလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။

  • သင့်ရဲ့အခြေအနေကို သင်ကိုယ်တိုင်ကသာ ပြောင်းလဲနိုင်ပါတယ်။ တခြားအရာတွေ (သို့) တခြားလူတွေကို သွားပြီးအပြစ်မတင်ပါနဲ့။
  • လူတိုင်းနီးပါးဟာ သူတို့ကို အရင်လိုလူပြန်မဖြစ်သွားအောင် ပြောင်းလဲသွားစေတဲ့ အရာတွေနဲ့ ကြုံဖူးကြပါတယ်။

Source: Riverwatch

  • ပြုံးပါ၊ ခေါင်းညိတ်ပါ၊ သဘောတူလိုက်ပါ။ ပြီးရင် သင်လုပ်ဖို့စီစဉ်ထားတာကိုပဲ လုပ်လိုက်ပါ။
  • ထိပ်ဆုံးက (၁) ရာခိုင်နှုန်းသာ လူတွေနေရာကိုရောက်ဖို့ (၉၉) ရာခိုင်နှုန်းသောလူတွေ မလုပ်နိုင်တာကို လုပ်ရပါမယ်။
  • ကျွန်တော့်ကို မုန်းတီးနေတဲ့လူတွေအားလုံး “ချီးယာစ်”။ နောက်ထပ် မုန်းစရာတွေ အများကြီး လာပါအုန်းမယ်။

Source: B Magazine

  • သင့်ရဲ့ရူးသွပ်မှုကို နားလည်ပေးတဲ့လူကိုချစ်ပါ။ သင့်ကိုပုံမှန်လူဖြစ်အောင်ပြောင်းလဲဖို့ကြိုးစားတဲ့ အရူးတွေကို မချစ်ပါနဲ့။
  • မင်းရဲ့ဘဏ်အကောင့်က ဖုန်းနံပါတ်တွေလို ဖြစ်တဲ့အထိ အလုပ်ကြိုးစားပါ။
  • မင်းငါ့ကို သဘောမကျဘူးဆိုတာ (၉၇) ရာခိုင်နှုန်းသေချာစွာ ငါပြောနိုင်တယ်။ (၁၀၀) ရာခိုင်နှုန်း ငါသေချာပြောနိုင်တာကတော့ အဲ့ဒါကို ငါဂရုမစိုက်ဘူးဆိုတာပဲ။
  • အပေါင်းအသင်း ဆက်ဆံရေးဆိုတာ လျှပ်စီးကြောင်းလို့ပါပဲ။ ဆက်သာမှားသွားပြီဆိုရင် တစ်ဘဝလုံး လျှော့ရနေမှာပါ။ ဒါပေမယ့် ရွေးချယ်တာ မှန်ခဲ့မယ်ဆိုရင် တစ်ဘဝလုံး ပျော်ရွှင်ရမှာပါ။

Source: Popsugar

  • ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကျေးဇူးတင်လိုက်ပါ။ အဲ့ဒါတွေက သင့်ကိုယနေ့အခြေအနေထိ ရောက်အောင်တွန်းပို့ပေးခဲ့ တာပါ။
  • ကျရှုံးမှုက သင့်ကိုထိန်းချုပ်တာ မခံလိုက်ပါနဲ့။
  • လူ့စိတ်ထဲက အကြံဉာဏ်ကောင်းတစ်ခုက မြို့တစ်မြို့ကို တည်ထောင်နိုင်တယ်။ အကြံကောင်းတစ်ခုက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်ပါတယ်။
  • မူးယစ်ဆေးလာ? လူတိုင်းမှာ ရွေးချယ်မှုကိုယ်စီရှိကြပါတယ်။ ကျွန်တော်ကတော့ မူးယစ်ဆေးမသုံးဖို့ ရွေးချယ်ထားပါတယ်။
  • ကျွန်တော်က လူတွေသဘောကျအောင် မနေတက်ဘူး။ ကျွန်တော်က လွတ်လပ်တဲ့လူတစ်ယောက်ပါ။ လွတ်လွတ်လပ်လပ်ပဲ နေတက်ပါတယ်။