ဆွဲဆောင်မှုရှိတဲ့ သင့်ရဲ့မျက်နှာကို ပိုဆွဲဆောင်မှုရှိဖို့ရန်အတွက် ဘာတွေလုပ်ရမလဲဆိုတာကို သင် သိပါသလား။ အချို့ကတော့ မျက်နှာပေါ်မှာ တက်တူး ထိုးကြသလို အချို့ကလည်း မျက်ခုံးမွှေးတက်တူး ထိုးတတ်ကြပါတယ်။ အချို့ယောကျာ်းလေးများကလည်း မျက်ခုံးမွှေး ပိုသန်အောင်ဆိုပြီး မျက်ခုံးမွှေးရိတ်ပစ်တတ်ကြပါတယ်။
ဒါပေမဲ့ ယောကျာ်းများအတွက် မျက်ခုံးမွှေးအားလုံး ရိတ်ပစ်လိုက်ခြင်းထက်စာရင် ရှိပြီးသားမျက်ခုံးမွှေးကို မျဉ်းပြတ်ပုံသဏ္ဍာန်တစ်ကြောင်းတည်း ရိတ်လိုက်ခြင်းက ပိုမိုစတိုင်ကျစေပါတယ်။ ဒီလိုမျက်ခုံးခွဲကြောင်း ဒီဇိုင်းများကို ရှာဖွေနေတယ်ဆိုရင်တော့ သင့်ဆံကေသာနဲ့ လိုက်ဖက်စေမယ့် ဒီဇိုင်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
ခွဲကြောင်းတစ်ခုတည်း ရိတ်ထားသော မျက်ခုံးမွှေးစတိုင်လ်

ခွဲကြောင်းနှစ်ကြောင်း မျက်ခုံးမွှေး

ဆံပင်နဲ့ တစ်ဖြောင့်တည်း ရိတ်ထားတဲ့ မျက်ခုံးမွှေး


ဆံပင်ခွဲကြောင်းနှစ်ခုနှင့်ဆက်ထားသော မျက်ခုံးမွှေးခွဲကြောင်းနှစ်ခု

ကြက်ခြေခတ်ပုံသဏ္ဍာန် ခွဲကြောင်း

မျက်ခုံးမွှေးသန်ဖို့ဆိုပြီး မျက်ခုံးမွှေးတစ်ခုလုံး ရိတ်ပစ်လိုက်ခြင်းက သင့်ရဲ့ဆွဲဆောင်မှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် သင့်မျက်ခုံးမွှေးက ပုံမှန်အတိုင်း ပြန်ပေါက်ဖို့ကလည်း အချိန်ကြာတာကြောင့် မျက်ခုံးမွှေး မပေါက်တဲ့အချိန်မှာ မိမိကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းနိုင်ပါတယ်။ ဒါ့ကြောင့် မျက်ခုံးမွှေး တစ်ခုလုံးရိတ်ပစ်လိုက်မယ့်အစား အခုလိုဒီဇိုင်းမျိုးက သင့်ကို ဆွဲဆောင်မှုပိုတိုးစေပါလိမ့်မယ်။
Source: Toptrendsguide.com
