မွေးကတည်းကနေ အခုထက်ထိ FA ကျိန်စာ ထဲက မလွတ်မြောက်နိုင် ဖြစ်နေတာ ကွီးတို့လား။ ကျိန်စာထဲကနေ လွတ်တော့ လွတ်သွားပါရဲ့ ဒါပေမဲ့ ခဏတဖြုတ်ပဲ တွဲလိုက်ရပြီး ဒုံရင်းက ဒုံရင်း ပြန်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သေချာ အသုံးချလိုက်ပါ။
ဒီအချက်များကတော့ ကွီးတို့ကို FA ကျိန်စာ ထဲကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မှာ မယုံမရှိပါနဲ့။
ကွီးတို့ ဘော်ဒါကို အကူအညီတောင်းပါ
ကွီးတို့ ဘော်ဒါဆီမှာ လူလွတ် Single မိန်းကလေး သူငယ်ချင်းတွေ ရှိမှာပါပဲ။ တကယ်လို့ ကွီးတို့ စိတ်ဝင်စားတဲ့ မိန်းကလေး တစ်ယောက်ယောက်ရှိတယ်၊ ကွီးတို့ ဘော်ဒါနဲ့ ထိုမိန်းကလေးက သိကျွမ်းတယ်၊ သူကလည်း Single ပဲဆိုရင်တော့ ကွီးတို့ သူငယ်ချင်းကို အကူအညီတောင်းကြည့်ပြီး မိတ်ဆက်ခိုင်းလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ ရည်းစားရဖို့ အလားအလာ ရှိသွားပါပြီ။
ဆိုရှယ်မီဒီယာကို အသုံးချပါ
ယနေ့ခေတ် လူငယ် စုံတွဲ တော်တော်များများကို ကြည့်လိုက်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်းလောက်က အွန်လိုင်းပေါ်ကနေ စကားပြောဖြစ်ကြရင်း တွဲဖြစ်ကြသွားတာပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်ကနေ တင်တဲ့ ပုံတွေကနေတဆင့်၊ ဒါမှမဟုတ် ပို့စ်တွေကနေတဆင့် စိတ်ဝင်စားသွားပြီး စကားစပြောရာကနေ တဖြည်းဖြည်း သံယောဇဥ် တွယ်လာပြီး သမီးရည်းစားအဆင့်ကို ရောက်သွားတာပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ဆိုရှယ်မီဒီယာကို ကောင်းကောင်း အသုံးချတတ်မယ်ဆိုရင် ရည်းစားရနိုင်ပါတယ်။
Dating Apps တွေကလည်း အသုံးတည့်ပါတယ်
Dating Apps တွေကလည်း နာမည်ကြီးပါတယ်။ ဒါပေမဲ့ သူ့မှာကလည်း မကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ကမ္ဘာအနှံ့က လူတွေနဲ့ မိတ်ဆွေ ဖွဲ့ပြီး စကားပြောနိုင်ပေမယ့် ဆိုရှယ်မီဒီယာ App တွေလိုမျိုးတော့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းကျကျ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ Dating Apps ကိုတော့ သေချာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ အပေါ်ယံတွေက ပိုများတာကြောင့် သတိထားသင့်ပါတယ်။ မတော်ရင် လူလိမ်တွေနဲ့လည်း တွေ့နိုင်ပါသေးတယ်။
ကိုယ့်ဘက်က စဖို့ မကြောက်ပါနဲ့
ကွီးတို့ သဘောကျတဲ့ ကောင်မလေးတစ်ယောက်ယောက်ကို တွေ့လိုက်ပြီဆိုကြပါစို့။ အဲ့အချိန်ကျရင် ရှက်ကြောက်နေလို့ မရပါဘူး။ ကွီးတို့က ရှက်ကြောက်နေရင်တော့ သူများနောက်ကိုပဲ ပါသွားပါလိမ့်မယ်။ ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင် ကိုယ့်ဘက်က စတင် မိတ်ဆက်ပြီး ခင်မင်ရင်းနှီးအောင် လုပ်ယူသင့်ပါတယ်။
ရယ်ဒီဖြစ်ပြီဆိုရင်
ခင်မင်ရင်းနှီးပြီးနောက်မှာ နောက်တဆင့်အနေနဲ့ ဘာဆက် လုပ်ရမလဲဆိုတာရော ကွီးတို့ သိကြရဲ့လား။
ကွီးတို့ဘက်က ခင်မင်ရင်းနှီးမှုကို ရယူပြီးပြီ။ သူနဲ့ ကိုယ်နဲ့ကလည်း စိတ်တူ ကိုယ်တူ တစ်ယောက်ကို တစ်ယောက် စိတ်ဝင်စားတယ်ဆိုရင်တော့ ဖွင့်ပြောလိုက်ပါ။ အဖြေပေးရမှာကတော့ သူ(မ)ရဲ့ အပိုင်းပေါ့။
ကွီးတို့ ကြိုက်တဲ့ ပုံစံမဟုတ်ဘူးဆိုရင်
တကယ်လို့သာ ကွီးတို့ ကြိုက်တဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုရင်တော့ တစ်ဖက်ကိုလည်း မျှော်လင့်ချက် မပေးတာ အကောင်းဆုံးပါပဲ။ သူများရဲ့ နှလုံးသားနဲ့ ကစားရင် ကွီးတို့လည်း ဝဋ်လည်နိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ ဒါ့ကြောင့် သူများကို စိတ်ဒဏ်ရာ မပေးဘဲ စောစောစီးစီး အဆုံးသတ်လိုက်တာ အကောင်းဆုံးပါပဲ။
ကွီးတို့ရော FA ကျိန်စာ ထဲက လွတ်မြောက်နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်နေပါသလဲ။
Source: Wikihow.com
Featured Image: Yourtango.com