ကိုယ့် ချစ်သူကောင်မလေးနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ လက်တွဲဖော် ဇနီးမယားလေးနဲ့ နှစ်ယောက်တည်းအတူတူ သွားရောက်လည်ပတ်နိုင်မယ့် နေရာတစ်နေရာရာကို ရှာဖွေနေပါသလား။ ရိုမန့်တစ်လည်းဆန်ပြီး လည်ပတ်လို့ကောင်းတဲ့နေရာတွေကို ရှာဖွေနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများသို့ သွားရောက်လည်ပတ် နိုင်ပါတယ်။ FA တွေနဲ့ (လုံးဝ) မသက်ဆိုင်တဲ့ နေရာ တွေဖြစ်တဲ့အတွက်ကြောင့် FA တွေကတော့ ရှော်တီလေး ရပြီးမှ သွားရောက်လည်ပတ်သင့်ပါတယ်။

ဂရိနိုင်ငံရှိ Santorini

Santorini

Aegean ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် တည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ရိုမန့်တစ်အဆန်ဆုံး မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ Santorini ဆိုတဲ့ မြို့လေးသည် သူ့ရဲ့ ဖြူလွှလွှ သဲသောင်ပြင်၊ အဖြူရောင် အဆောက်အဦးနှင့် အပြာရောင် ခေါင်မိုးပြာပြာတို့ကြောင့် နာမည်ကြီးပါတယ်။ ဒါ့အပြင် Pre-Wedding အတွက် ဓာတ်ပုံရိုက်ချင်သူများ၊ ဟန်းနီးမွန်းခရီး ထွက်ချင်တဲ့ စုံတွဲများအတွက် သင့်တော်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

မော်လ်ဒိုက်ကမ်းခြေ

FA နေရာ

မော်လ်ဒိုက်ကမ်းခြေသည်လည်း ရိုမန့်တစ်အဆန်ဆုံး နေရာတစ်ခုဖြစ်ပြီး ဟန်းနီးမွန်း ထွက်ချင်တဲ့ စုံတွဲများအကြား နာမည်ကြီးပါတယ်။ ဒီနေရာလေးသည် သီရိလင်္ကာရဲ့ အနောက်တောင်ဘက်တွင် တည်ရှိပြီး အိန္ဒိယသမုဒ္ဒရာတွင် တည်ရှိပါတယ်။ ကျွန်းစုပေါင်း ၁၂၀၀ ကျော် တည်ရှိပေမယ့် ကျွန်းပေါင်း ၂၀၀ ကျော်မှာသာ လူနေထိုင်မှု ရှိကြပါတယ်။ ထိုကျွန်း ၂၀၀ အနက် ကျွန်းပေါင်း ၈၀ ကတော့ Resort ခရီးသွားကမ်းခြေပဲဖြစ်ပါတယ်။ ရိုမန့်တစ်ဆန်တဲ့ နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့် FA တွေကတော့ ရည်းစားရပြီးမှ သွားသင့်တဲ့ နေရာ တစ်ခုဖြစ်ပါတယ်။

အီတလီနိုင်ငံရှိ Florence

FA နေရာ

အီတလီနိုင်ငံရဲ့ ရိုမန့်တစ်ဆန်တဲ့ မြို့ကတော့ Florence ပဲဖြစ်ပါတယ်။ ထိုမြို့သည် သူ့ရဲ့ ဗိသုကာ လက်ရာများကြောင့် လူသိများပြီး ယဥ်ကျေးမှု ပြတိုက်များလည်း အများအပြားတည်ရှိပါတယ်။ ပန်းချီပြခန်းများသို့ သွားရောက်ကာ လှပတဲ့ အနုပညာလက်ရာများကို သွားရောက်လေ့လာနိုင်ပါသေးတယ်။

ဟာဝိုင်အီရှိ Kauai

FA နေရာ

ဟာဝိုင်အီရှိ Kauai ကမ်းခြေသည်လည်း မေ့မထားသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ သူကတော့ သစ်ပင်ပန်းမာန်ပေါင်းများစွာနှင့် စိမ်းလန်းစိုပြေနေပြီး ပြာလဲ့လဲ့ ရေပြင်ကျယ်ကြီးက ကွီးတို့ စုံတွဲကို ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။ Water Sport မျိုးစုံကို ပြုလုပ်နိုင်ပြီး သာယာကြည်နူးဖွယ်ကောင်းတဲ့ အခိုက်အတန့်များကို ပိုင်ဆိုင်နိုင်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံရှိ Saint Moritz

FA နေရာ

Saint Moritz ကတော့ အယ်လ်ပိုင်း တောင်တန်းကြီးရဲ့ တစ်နေရာမှာ တည်ရှိတဲ့ အပန်းဖြေ မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။ ရေခဲတောင်ပေါ်မှာ စကိတ်စီးချင်သလား၊ ပျော်ပျော်ပါးပါး စကိတ်စီးနိုင်ပါတယ်။ ဒါမှမဟုတ် Saint Moritz က နာမည်ကြီး Spa မှာ ရေနွေးကန်ထဲ စိမ်ရင်း အနှိပ်ခံချင်ပါသလား။ ကွီးတို့ ကြိုက်ရာ ပြုလုပ်နိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း သွားလည်ဖို့ဆိုရင် ဘယ်နေရာကို သွားရောက်လည်ပတ်ချင်ပါသလဲ။

Source: Viatravelers

Featured Image: Freepik