အင်္ဂလန်နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးဖလားတစ်လုံးဖြစ်တဲ့ FA ဖလားပွဲစဉ်တွေကိုတော့ BBC ရုပ်သံမှာ 2025 အထိပြသတော့မှာဖြစ်ပါတယ်။

Source: Skysports

အဆိုပါစာချုပ်ဟာတော့ 2021-2022 ကျမှသာ အသက်ဝင်မှာဖြစ်ပြီး ဖလားပွဲစဉ်တွေ၊ ရလာဒ်တွေ၊ ဟိုက်လိုဒ်တွေကို BBC တစ်ဦးထဲတင်ခွင့်ရရှိသွားမှာပါ။ပွဲစဉ် (၁၈) ပွဲလောက်ပြသပေးမှာဖြစ်ပြီး ဒီထက်လည်းပိုများသွားနိုင်ပါတယ်။FA ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ” ကျွန်တော်တို့အနေနဲ့ BBC နဲ့ အလုပ်တွဲလုပ်ရတာကို နှစ်ခြိုက်ကြောင်းပြောဆိုခဲ့တာပါ။ FA ဖလားပြိုင်ပွဲဟာ လူစိတ်ဝင်စားမှုများများရှိလာခဲ့ပါပြီ။ ဒီနှစ် ပဉ္စမအဆင့် မန်ယူနဲ့ ချယ်ဆီးပွဲစဉ်တုန်းကဆိုရင်ကြည့်ရှုသူ ၈.၁ သန်းအထိရှိခဲ့တာပါလို့လည်း FA အကြီးအကဲတစ်ယောက်ကပြောခဲ့ပါတယ်။

Source: Skysports

ပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုက ပိုကောင်းလာလို့ ပရိသတ်အရေအတွက်ကလည်း တဖြည်းဖြည်းကြီးလာပါပြီ။ FA ဖလားဟာ ကမ္ဘာ့မှာ သမိုင်းကြောင်း အစဉ်အလာကြီးမားတဲ့ပွဲတစ်ပွဲဖြစ်ပြီပါတယ်။ ကျွန်တော်တို့ရဲ့ Free To Air ရုပ်သံလိုင်းတွေမှာ ပြိုင်ဆိုင်မှုပြင်းတဲ့ ပွဲတွေကို ပြသရတော့မှာဆိုတော့ ကျွန်တော်တို့လည်း စိတ်လှုပ်ရှားပါတယ်ဆိုပြီး BBC ကပြောကြားခဲ့ပါတယ်။

Source: Skysports

ဒါဟာ ဘောလုံးကြိုက်တဲ့ လူငယ်ပရိသတ်တွေကို BBC တီဗီတွေကိုဆွဲဆောင်ဖို့ အခွင့်အလမ်းကောင်းပါလို့လည်းပြောဆိုထားပါတယ်။ လက်ရှိချန်ပီယံအသင်းကတော့ ချယ်ဆီးအသင်းဖြစ်ပြီး၊ ယခုနှစ်ရေပန်းစားနေတဲ့ အသင်းကတော့ မန်စီးတီးအသင်းပဲဖြစ်ပါတယ်။ သမိုင်းတစ်လျောက်အအောင်မြင်ဆုံးအသင်းကတော့ အာဆင်နယ်ဖြစ်ပြီး ဒုတိယနေရာမှာတော့ ယူနိုက်တတ်က နေရာယူထားပါတယ်။

Source: Skysports

ယခုနှစ်ရဲ့ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ ဧပြီ ၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ မန်စီးတီးနဲ့ ဘရိုက်တန်၊ ၀ုဒ်နဲ့ ၀က်ဖို့ဒ်တို့ရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်သွားရမှာပါ။