FA ကွီးတို့ကတော့ ရှော်တီလေး မရှိလို့ ချစ်တင်းမနှောရဘူးဆိုပြီး အားငယ်နေကြမှာပါပဲ။ ဒီဆောင်းပါးလေးကို ဖတ်ပြီးနောက်မှာတော့ ကွီးတို့ရဲ့ အားငယ်စိတ်တွေ ပျောက်သွားပါလိမ့်မယ်။ ရှော်တီလေး မရှိတဲ့ FA ကွီးတို့လည်း ချစ်တင်းနှော တဲ့ ဖီလ်လင် မျိုးကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ပြီပဲဖြစ်ပါတယ်။
ရှော်တီလေး မရှိတဲ့ FA တစ်ယောက် ဘယ်လိုမျိုး ချစ်တင်းနှော တဲ့ ဖီလ်လင် မျိုးကို ခံစားနိုင်မှာလဲ ဆိုပြီး ကွီးတို့က အထွန့်တက်ချင်နေပါလိမ့်မယ်။ ဘယ်လိုနည်းလမ်းမျိုးပါလိမ့် ဆိုပြီးတော့လည်း သိချင်စိတ်တွေ ပြင်းပြနေပါလိမ့်မယ်။
ဘယ်လိုနည်းလမ်းလည်းဆိုတော့ လက်သိုင်းကျင့်ခြင်းလို့ခေါ်တဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းပဲဖြစ်ပါတယ်။ ဒီနည်းလမ်းက FA ကွီးတို့ကို ချစ်တင်းနှော တဲ့ ဖီလ်လင် မျိုး ခံစားရအောင် ကူညီပေးမယ့်အပြင် ကောင်းကျိုးအများအပြားလည်း ယူဆောင်ပေးမှာပဲဖြစ်ပါတယ်။
ဘယ်လိုကောင်းကျိုးလည်းဆိုတော့
- စိတ်ဖိစီးမှုများ လျော့နည်းသွားစေခြင်း
- ကိုယ့်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း
- နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း
- အချိန်ကြာကြာ ထောင်မတ်စေခြင်း
- ဆီးကျိတ်ကင်ဆာ ခံစားရနိုင်ခြေကို လျော့ချပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာကို ဆောင်ကျဥ်းပေးမှာပဲဖြစ်ပါတယ်။
လက်သိုင်းကျင့်တဲ့အခါ အကောင်းမွန်ဆုံး ခံစားချက်တွေကို ခံစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ကျင့်သုံးနိုင်ပါတယ်။
(၁) ခန္ဓာကိုယ် အနေအထား ပြောင်းလဲပါ
ကွီးတို့က ထိုင်လျက်သားနဲ့ လက်သိုင်းကျင့်တာကို ကျင့်သားရနေပြီဆိုရင်တော့ ကွီးတို့ ခန္ဓာကိုယ်ကို အနေအထား ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ဖဲမွေ့ရာထက်မှာ လှဲလျောင်းပြီး လက်သိုင်းကျင့်တာမျိုး (သို့) မတ်တပ်ရပ်လျက်သားဖြင့် လက်သိုင်း ကျင့်တာမျိုးကို ပြောင်းလဲပြုလုပ်နိုင်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲကြည့်မယ်ဆိုရင်တော့ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ခံစားချက်၊ အတွေ့အကြုံသစ်ကို ခံစားရမှာပဲဖြစ်ပါတယ်။
(၂) လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ ပြုလုပ်ပါ
ကွီးတို့သည် လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ ဟိုစိတ် ဒီစိတ်တွေ ကြွလာတာမျိုး ခံစားနေရပါသလား။ ဒီလိုဖြစ်ရခြင်းသည်လည်း အကြောင်းအရင်းကောင်းကောင်းတစ်ခုရှိပါတယ်။
ကွီးတို့ လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ခံစားချက်ကို ကောင်းမွန်စေတဲ့ Adrenaline နဲ့ Dopamine လို့ခေါ်တဲ့ ဟော်မုန်းများ ထွက်လေ့ရှိပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ လက်သိုင်းကျင့်ခြင်းသည် အကောင်းဆုံးဖြစ်တယ်လို့လည်း ကျွမ်းကျင်ပညာရှင်များက အကြံပေးကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ ဟော်မုန်းတွေက အမြင့်ဆုံးသို့ ရောက်ရှိနေတာဖြစ်ပြီး သွေးလှည့်ပတ်မှုကလည်း ကောင်းမွန်နေတဲ့အပြင် Pelvic Floor လေ့ကျင့်ခန်းများကလည်း လက်သိုင်းကျင့်ဖို့အတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ နေရာ သေချာ ရွေးချယ်ဖို့တော့ လိုတာပေါ့ဗျာ။
(၃) ဓာတ်မီး အသုံးပြုပါ
ဓာတ်မီးဆိုလို့ တကယ့် ဓာတ်မီးလို့ မထင်လိုက်ပါနဲ့။ ကွီးတို့ရဲ့ ညီလေးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဓာတ်မီးကို ဆိုလိုတာပါ။ ဒီဓာတ်မီးက ကွီးတို့ ညီလေးက အစစ်အမှန် ဂူအောင်းရတဲ့ ခံစားချက်မျိုးကို ခံစားနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ လက်လည်း မညောင်းတော့ဘူးဆိုတော့ တကယ့်ကိုမှ အသုံးတည့်မယ့် ပစ္စည်းတစ်မျိုးပါ။ သုံးပြီးသွားရင်တော့ သေချာ ပြန်လည် ဆေးကြောသန့်စင်ဖို့ မမေ့ပါနဲ့။
(၄) တုန်တုန် အသုံးပြုပါ
တုန်တုန်တွေက အမျိုးသမီးထုအတွက် အဓိက ထုတ်လုပ်ထားတဲ့ လူကြီးအရုပ်တစ်ခုပဲဖြစ်ပါတယ်။ ခံစားချက်များ အထွတ်အထိပ်ရောက်စေဖို့ ကူညီပေးမယ့် ပစ္စည်းတစ်မျိုးပါ။ ဒါပေမဲ့ မကြာသေးမီ နှစ်များကလည်း အမျိုးသားထုကြီးတို့ရဲ့ ညီလေးအတွက်လည်း တုန်တုန်လေးတွေ ထပ်မံ ထုတ်လုပ်ပေးထားပါတယ်။ ၂၀၁၂ ခုနှစ်က ပြုလုပ်ထားတဲ့ လေ့လာချက်အရ ၄၄ ရာခိုင်နှုန်းသော အမျိုးသားများသည် တုန်တုန်များကို အသုံးပြုရတာ အင်မတန်မှ နှစ်ခြိုက်ကြကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း တုန်တုန်တွေကို အသုံးပြုဖို့ မရှက်ပါနဲ့တော့။
(၅) အားမသန်တဲ့ လက်ကို အသုံးပြုပါ
များသောအားဖြင့် ပုရိသတို့ လက်သိုင်းကျင့်ကြတဲ့အခါ သူတို့ရဲ့ အားသန်တဲ့ လက်ကို အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်ပညာရှင်များက အားမသန်တဲ့ လက်ကိုလည်း ပြောင်းလဲ အသုံးပြုဖို့ အကြံပေးထားပါတယ်။ ဒီလို ပြောင်းလဲခြင်းအားဖြင့် လက်ညောင်းရတာမျိုးလည်း ခံစားရမှာ မဟုတ်တဲ့အပြင် ကွီးတို့ရဲ့ စိတ်ခံစားချက်ကိုလည်း အထွတ်အထိပ်ရောက်အောင် ပိုမို ကူညီပေးနိုင်ပါတယ်။
ကွီးတို့ရော ဘယ်လိုနည်းလမ်းများနဲ့ တစ်ယောက်တည်း လက်သိုင်းကျင့်လေ့ရှိပါသလဲ။
Source: Menshealth
Featured Image: Freepik