Sensitive အသားအရေပိုင်ရှင်မျိုးဆိုတာ ဘယ်လိုမျိုးလဲ။ ထိုအသားအရေပိုင်ဆိုင်ထားသူများသည် များသောအားဖြင့် Skin Care ထုတ်ကုန်တိုင်းနဲ့ ဓာတ်မတည့်ကြတာများပါတယ်။ မတည့်တာတစ်ခုခု မျက်နှာပေါ် တင်မိပြီဆိုတာနဲ့ ချက်ချင်းမျက်နှာ ယားလာတာ၊ နီမြန်းလာတာမျိုးတွေ ခံစားရတတ်ပါတယ်။

ဘာ့ကြောင့် ဒီလိုအသားအရေမျိုး ပိုင်ဆိုင်ကြရတာလဲ။ Sensitive အသားအရေဖြစ်သွားအောင် ဘယ်အရာတွေက တွန်းပို့နေတာလဲ။

man with sensitive skin

အသားအရေခြောက်သွေ့လွန်းခြင်းကို သတိမထားမိဘဲ ဒီအတိုင်းပစ်ထားတဲ့အခါ အချိန်ကြာလာမယ်ဆိုရင် သင့်အသားအရေက Sensitive အသားအရေမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင်အခြေအနေများ၊ ဥပမာ နေလောင်ဒဏ်၊ ပူလွန်း၊ အေးလွန်းတဲ့ဒဏ်ကို ခံရတဲ့အခါမျိုးမှာဆိုရင်လည်း Sensitive အသားအရေမျိုးသို့ ပြောင်းလဲသွားတတ်ပါတယ်။

ကိုယ့်ရဲ့အသားအရေက Sensitive အသားအရေမျိုးဖြစ်သွားတဲ့အခါ သေသေချာချာပြန်လည်ဂရုစိုက်ရမယ့်အချိန် ရောက်သွားပါပြီ။ Sensitive သမားများအတွက် သီးသန့်ထုတ်ထားတဲ့ ထုတ်ကုန်များကိုသာ သေချာရွေးသုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုဖော်ပြပေးမယ့် သဘာဝမျက်နှာပေါင်းတင်နည်းများ အသုံးပြုရင်း ကိုယ့်အသားအရေကို ပြန်လည်ထိန်းသိမ်းနိုင်ပါတယ်။

ပေါင်းတင်နည်း (၁)

Face Mask For Men with Sensitive Skin

Photo: Vogue

လိုအပ်မယ့်ပစ္စည်းများကတော့ ရေနွေးပူ စားပွဲတင်ဇွန်း ၈ ဇွန်း၊ အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် ရေနွေးပူနှင့် အုတ်ဂျုံတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ပျားရည်နှင့် ဒိန်ချဉ်တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

သင့်မျက်နှာကို သန့်စင်အောင် မျက်နှာသစ်ပြီးတဲ့နောက်မှာတော့ စောစောကပြုလုပ်ထားတဲ့အနှစ်များကို မျက်နှာပေါ် သုတ်လိမ်းကာ ၁၅ မိနစ်ခန့် ပေါင်းတင်လိုက်ပါ။ ထို့နောက် ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

နည်းလမ်း (၂)

Face Mask For Men with Sensitive Skin

Photo: Pinterest

သင်္ဘောသီးအနှစ် စားပွဲတင်ဇွန်း ၈ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥအကာ ၁ လုံး (မွှေခလောက်ထားပါ)။ ပါဝင်ပစ္စည်းများကို သမအောင် ရောမွှေကာ သန့်စင်ထားသော မျက်နှာပေါ်တွင် သုတ်လိမ်းထားလိုက်ပါ။

ထို့နောက် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် ပေါင်းတင်လိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။ တစ်ပတ် တစ်ကြိမ်ခန့် ပုံမှန်ပေါင်းတင်ပေးပါက သင့်အသားအရေက ပြန်လည်နူးညံ့စိုပြေလာပါလိမ့်မယ်။

နည်းလမ်း (၃)

Face Mask For Men with Sensitive Skin

Photo: Getinspiredeveryday

ဒီနည်းလမ်းကတော့ Sensitive အသားအရေလည်းဖြစ်တယ်၊ ဝက်ခြံလည်း ပေါက်နေတယ်ဆိုတဲ့ အမျိုးသားများအတွက် သင့်တော်ပါတယ်။ စတော်ဘယ်ရီသီး ၃ လုံး၊ ၄ လုံးခန့်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို လိုအပ်ပါလိမ့်မယ်။

စတော်ဘယ်ရီသီးများကို ခက်ရင်းဖြင့် ချေမွှပစ်လိုက်ပါ။ ထို့နောက် ပျားရည်၊ ဒိန်ချဉ်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာတော့ ကြက်သီးနွေးရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

Source: Dermcollective.com

Featured Image Source: