ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်တွင်းအောင်းနေရသူတွေအတွက် Facebook က ဈေးကွက်သစ်တွေ မိတ်ဆက်နေပါတယ်။ Facebook ဟာ ၂၀၁၉ ခုနှစ်ထဲမှာ ချစ်သူရည်းစား ရှာလို့ရမယ့် Dating Service ဝန်ဆောင်မှုစတင်ခဲ့ပါတယ်။ ဒီနှစ် ဧပြီ ၂၄ ရက်နေ့မှာတော့ Facebook Dating Service သုံးသူတွေအတွက် Video Call ခေါ်နိုင်မယ့် စနစ်တစ်ခုကို Messenger မှာ ထည့်သွင်းဖို့ လုပ်ဆောင်နေတယ်လို့ Facebook က ဆိုပါတယ်။
Facebook Dating မှာ မိတ်ဆက်သွားမယ့် ဒီ feature ကို Virtual Date (ပုံရိပ်ယောင်ချိန်းဆိုမှု) အဖြစ် ပြောနေကြပါတယ်။ Facebook ရဲ့ အဆိုအရ Virtual Dating features မှာ ကိုယ့်ချစ်သူကို Invite လုပ်ပြီး Messenger ထဲမှာ Video Chat အဖြစ် ချိန်းဆိုလို့ရမယ်လို့ ဆိုပါတယ်။ ဒီ feature ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ပြောကြားခြင်း မရှိသေးပါဘူး။
Photo: Tech Crunch
Virtual Dating feature ဟာ စတင်လုပ်ဆောင်နေဆဲ အဆင့်မှာ ရှိသေးပြီး ထွက်ရှိဖို့ နောက်လအတန်ကြာ စောင့်ဆိုင်းရဦးမှာပါ။ လစဉ်လူသန်းပေါင်း ၂၅၀၀ ကျော် အသုံးပြုနေတဲ့ Facebook ဟာ ဧပြီ ၂၄ ရက်နေ့မှာ features သစ်တစ်ချို့ မိတ်ဆက်ထားပါတယ်။ ဒီထဲမှာ Messenger ကိုလည်း လူပေါင်း ၅၀ အထိ Video Chat လုပ်နိုင်ဖို့ ခွင့်ပြုလိုက်တဲ့ Messenger Rooms ဝန်ဆောင်မှုသစ် ပါရှိပါတယ်။
Messenger Rooms ကတော့ Facebook အကောင့်မရှိသူကိုပါ Rooms ကိုင်သူကနေ link ပို့ပြီး ဖိတ်ခေါ်ပြောဆိုလို့ ရပါတယ်။ ဒီ feature ကို ယူကေမှာ စတင်မိတ်ဆက်ထားပြီး မကြာခင်မှာ ကမ္ဘာတစ်ဝှမ်းကို မိတ်ဆက်ဖြန့်ချိသွားဖို့ ရှိပါတယ်။ COVID-19 ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးရဲ့ ဆက်သွယ်မှုပုံစံကို ပြောင်းလဲနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ချို့မှာ Lockdown ချထားချိန်မှာ တစ်ခြားစီးပွားရေးရာကိစ္စတွေလိုပဲ ချစ်မှုရေးရာနယ်ပယ်တွေမှာလည်း အကြပ်ရိုက်နေပါတယ်။
Photo: Tech Crunch
Facebook ကတော့ လက်တွဲဖော် သမီးရည်းစား ဝန်ဆောင်မှုကို ပုံရိပ်ယောင်လူမှုဘဝအဖြစ် ပြောင်းလဲမြှင့်တင်နေပါတယ်။ ဒီလထဲမှာပဲ Facebook ဟာ ချစ်သူနှစ်ဦးအကြား Private Message တွေ ပေးပို့နိုင်မယ့် Tuned App ကို မိတ်ဆက်ထားပါတယ်။ Dating Service ကတော့ ပြီးခဲ့တဲ့နှစ် Facebook F8 Developer Conference ပွဲမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဝန်ဆောင်မှု ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ မှာ သုံးစွဲနေကြပါတယ်။