ဘိုင်အို (ဇီဝဗေဒ) အချိန်တွေမှာ ဒီလိုစိတ်ဝင်စားဖွယ် တရိစ္ဆာန်တွေအကြောင်း သင်ခဲ့မယ်ဆိုရင် ကျောင်းသားတွေ ကျောင်းပြေးကြတော့မှာမဟုတ်ဘူး။

ဒီနေ့ kwee ကနေပြီးတော့ လူတွေအသိနည်းတဲ့ တရိစ္ဆာန်တွေအကြောင်း ကိုဗဟုသုတရအောင် ပြောပြပေးသွားမှာပါ။

သိမ်းကြက်မ (သိမ်းငှက်အငယ်စား) လေးတွေဟာ သူတို့အသိုက်ကိုကာကွယ်ဖို့အတွက် မြတ်တွေကို မီးရှို့လေ့ရှိကြတယ်

တစ်ချို့ငှက်တွေကြောင့် တောမီးလောင်ကြတာဟာ ယုံဖို့တော့ နည်းနည်းခတ်ပါတယ်။

ဒါပေမဲ့ သြစတြေးလျ သတ္တဗေဒ တစ်ယောက်ကတော့ သိမ်းကြက်မ (သိမ်းငှက်အငယ်စား) တွေက သူတို့ရဲ့ အသိုက်နဲ့ဥတွေကို တစ်ခြား တရိစ္ဆာန်ရန်တွေကနေ ကာကွယ်ဖို့အတွက် မြတ်ခြောက်ပင်တွေကြားထဲ မီးလောင်နေတဲ့ သစ်သားချောင်းတွေ သယ်ဆောင်ပစ်ချနေတာကို မှတ်တမ်းတင်ထားနိူင်ခဲ့ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် မြတ်ပင်တွေကြားထဲမှာပုန်းနေတဲ့ ဥသူခိုးတွေကို ခြောက်လှန့်တတ်ကြပါတယ်။

မိမိကိုယ်ကို တစ်ကိုယ်လုံးအေးခဲသွားအောင် လုပ်တဲ့ဖား

အလက်စကာမှာ နေထိုင်ကျက်စားနေကြတဲ့ Wood Frog ဖားမျိုးစိတ်တွေဟာ တစ်နှစ်ကို (၆) လကနေ (၇) လထိ မိမိကိုယ်ကို တစ်ကိုယ်လုံးအေးခဲသွားအောင် လုပ်လေ့ရှိကြပါတယ်။ သူတို့ရဲ့တစ်ကိုယ်လုံးကို ဆီးနှင်းတွေ ဖုံးလွှမ်းသွားတဲ့ အချိန်မှာ အဆုတ်၊နှလုံး အလုပ်လုပ်တာရပ်တန့်သွားပြီးတော့ သွေးလှည်ပတ်မူလည်း မရှိတော့ပါဘူး။

ဖားတွေဟာ အလွန်အေးခဲတဲ့ရာသီတွေမှာ သွေးအေးခဲသွားတာကို လျှော့ချနိူင်ပြီး အသက်ရှင်သန်နေထိုင်ကြပါတယ်။ နွေရာသီရောက်လာတာနဲ့ ဆီးနှင်းတွေ ပျော်ကြကုန်ပြီး ဖားတွေက တစ်ဖန်ပြန်လည် နိုးကြားလာလေ့ရှိပါတယ်။

မြင်းကျားခန္ဓာကိုယ်ပေါ်က အစင်းကြောင်းများ

မြင်းကျားခန္ဓာကိုယ်ပေါ်က အဖြူအနတ် အစင်းကြောင်းတွေဟာ ကိုယ်ရောင်ဖျောက်ဖို့ အတွက်မဟုတ်ဘူးဆိုတာကို သိပ္ပံပညာရှင်တွေကရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒီအစင်းကြောင်းတွေဟာ tsetse ယင်ကောင်နဲ့ မြင်းတွေကိုကိုက်တတ်လေ့ရှိသည့် မှက်ကြီးတွေရန်ကနေကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။

မြင်းကျားတွေပေါ်က အစင်းကြောင်းကျည်းကျည်းလေးတွေကို အင်းးဆက်ပိုးမွှားတွေအတွက် စွဲဆောင်မူနည်းစေတာကြောင့် ပိုးမွှားတွေရန်ကနေကာကွယ်ပြီးသားဖြစ်သွားတာပါ။

အရက်က ငါးတွေ အေးခဲနေတဲ့ဆောင်းရာသီမှာ အသက်ရှင်အောင် ကူညီပေးတယ်

ရွှေငါးတွေဟာ ဆီးနှင်းတွေကျပြီး အေးတဲ့ရာသီရောက်လာပြီဆိုရင် သူတို့ခန္ဓာကိုယ်က အီသနော ကိုထုတ်လုပ်ပေးပါတယ်။ ငါးထဲမှာပါတဲ့ ပရိုတင်းတစ်မျိုးက လက်တစ်အက်စစ် ကို အရက်အဖြစ်ပြောင်းသွားစေပါတယ်။

အီသနော များများထုတ်လေ ငါးတွေအေးခဲတဲ့ရာသီမှာ ရှင်သန်နိူင်ဖို့ အခွင့်အရေးများလေလေပါပဲ။