ရှုမငြီးနိူင်တဲ့ ရှုခင်းတွေနဲ့ လှပဆန်းကြယ်သော ဘူတန် နိူင်ငံလေးဟာ တရုတ်နဲ့ အိန္ဒိယ နိူင်ငံတွေရဲ့ကြားထဲမှာ တည်ရှိနေပါတယ်။ ဒီနိူင်ငံလေးဟာ ၁၉၇၄ ခုနှစ်အထိ နိူင်ငံခြားသား ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာပါ။
အခုတော့ နိူင်ငံခြားသားတွေအတွက် တံခါးဖွင့်ပေးလိုက်ပါပြီ။ ဒီနေ့မှာ ဘူတန်နိူင်ငံမှာ နေထိုင်နေတဲ့ ပြည်သူတွေ ဘာကြောင့်ပျော်ရွှင်နေရလဲဆိုတာကို ပြောပြပေးသွားမှာပါ။
အင်တာနတ်၊ တီဗီ
Source: WatterBalloon
ဘူတန်နိူင်ငံမှာ ၁၉၉၉ ခုနှစ်အထိ တီဗီနဲ့ အင်တာနတ်အသုံးပြုခွင့် ပိတ်ပင်ထားခဲ့တာပါ။ ဒါပေမဲ့ ဘူတန်ဘုရင်က နောက်ပိုင်းမှာ ဒီဥပဒေကို ပယ်ဖျတ်ပေးလိုက်ပါတယ်။ ဘူတန်နိူင်ငံဟာ တီဗီအသုံးပြုမူ နောက်အကျဆုံး နိူင်ငံလည်းဖြစ်ပါတယ်။
ဘူတန်မှာ အိမ်ခြေရာမဲ့တွေမရှိဘူး
Source: Mind Blowing Facts
ဟုတ်ပါတယ်။ ဘူတန်နိူင်ငံတွင် လမ်းပေါ်မှာနေတဲ့ အိမ်ခြေရာမဲ့တွေ မရှိပါဘူး။ ပြည်သူတစ်ယောက်က သူရဲ့အိမ် ဆုံးရှုံးလိုက်ရတယ်ဆိုရင် ဘုရင်ဆီကို သွားတွေ့ရင် အဆင်ပြေပါတယ်။ ဘုရင်က အိမ်ဆောက်ဖို့ မြေနဲ့ စိုက်ပျိုးဖို့ မြေနေရာတွေ ပေးပါလိမ့်မယ်။
ကျန်းမာရေး
World Health Organization
ဘူတန်နိူင်ငံသားတွေအတွက် သူတို့နိူင်ငံတွင်းမှာ အခမဲ့ကျန်းမာရေးစောင့်ရှောက်ခွင့် ခံစားပိုင်ခွင့်ရှိပါတယ်။
ဆေးလိပ်
Source: WeekenThrill
ဘူတန်နိူင်ငံမှာ ဆေးရွတ်ကြီးစိုက်ပျိုးခွင့်နဲ့ရောင်းချခွင့်ကို ပိတ်ပင်ထားပါတယ်။ သူတို့ဆီမှာ ဆေးလိပ်ဝယ်ဖို့ဆိုတာ မဖြစ်နိူင်ပါဘူး။ နိူင်ငံခြားသားတွေအနေနဲ့ ဆေးလိပ်ယူသွားချင်တယ်ဆိုရင် နယ်စပ်ဂိတ်မှာ အခွန်အများကြီးဆောင်ရပါတယ်။
သဘာဝပတ်ဝန်းကျင်
Source: Bhutan Swallowtail
ဘူတန်နိူင်ငံဟာ သဘာဝပတ်ဝန်းကျင်ကို အလွန်ဂရုစိုတ်တဲ့နိူင်ငံလေးပါ။ သူတို့ဟာ သစ်ပင်ခုတ်ဖို့ထက် သစ်ပင်စိုက်ဖို့ပိုပြီး စိတ်အားထက်သန်ကြတယ်။ ၂၀၁၅ ခုနှစ်မှာ တစ်နာရီအတွင်း သစ်ပင်ပေါင်း ၅၀၀၀၀ စိုက်ပျိုးခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါသေးတယ်။
လမ်း
Source: Insight Guides
ဘူတန်နိူင်ငံရဲ့မြို့တောမှာ မီးပွိုင့်မရှိပါဘူး။ ဒါပေမဲ့ သူတို့အတွက်က ပြသာနာ မရှိပါဘူး။ လမ်းညွှန်တဲ့ ရဲသားနဲ့တင် အဆင်ပြေနေကြပါတယ်။
ပြီးတော့ ဘူတန်နိူင်ငံမှာ နိူင်ငံခြားသားနဲ့ယူခွင့်မရှိပါဘူး။