သွေးလည်ပတ်မှုတွေက တကယ်ရှုပ်ထွေးတဲ့ အရာပါ။ ဒါကြောင့်လည်း လူတွေရဲ့နှလုံးနဲ့သွေးအမျိုးအစားတွေကို ဂရုစိုက်ဖို့ လိုအပ်တာပါ။ လူတော်တော်များများဟာ ကိုယ်တွင်းမှာလည်ပတ်နေတဲ့ သွေးတွေအကြောင်းကို အရမ်းကြီးစိတ်မဝင်စားတာကြောင့် သူတို့အကြောင်း အရမ်းကြီးမသိကြပါဘူး။
ဒီနေ့တော့ kwee page ကလူ့သွေးတွေ အကြောင်းသိကောင်းစရာအချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
- အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့သွေးကို ကုန်ခမ်းသွားတဲ့အထိ စုပ်ယူဖို့ ခြင်ပေါင်း (၁,၁၂၀,၀၀၀) ကောင်ခန့်လိုအပ်ပါတယ်။
- သွေးလည်ပတ်ဖို့အတွက် နှလုံးဟာ သွေးကိုပေပေါင်း (၃၀) အထိပန်းထွက်နိုင်တဲ့ ဖိအားမျိုး ဖန်တီးရပါတယ်။
- လူတစ်ယောက်ဟာ ခန္ဓာကိုယ်ထဲက သွေး (၄၀) ရာခိုင်နှုန်းဆုံးရှုံးတာတောင် အသက်ရှင်နေနိူင်ပါတယ်။ သွေးသွင်းထားဖို့တော့ လိုအပ်ပါတယ်။
Source: Britannica
- အုန်းရေဟာ သွေးရည်ကြည်ကို အစားထိုးနိူင်ပါတယ်။
- သွေးအမျိုးအစားတွေဟာ အိမ်ထောင်ကွဲရခြင်းရဲ့ အကြောင်းအရင်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို သိပ္ပံပညာရှင်တွေက ပြောထားကြတယ်။ လက်တွဲခိုင်မာတဲ့ စုံတွဲတွေမှာ အို သွေးအမျိုးအစား အတွေ့များရပြီး အိမ်ထောင်မကြာခဏ ပြိုကွဲလေ့ရှိတဲ့ စုံတွေမှာတော့ အေ+အေဘီ (သို့) အေ+အို အမျိုးအစားတွေကို တွေ့ရလေ့ရှိကြောင်း တွေ့ရှိထားပါတယ်။
Source: Bright Side
- သွေးအမျိုးအစားဟာ ကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မူရှိပါတယ်။ အိုသွေးအမျိုးအစားတွေဟာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် အဝလွန်ရောဂါ (သို့) အရေပြားဆိုင်ရာ ရောဂါတွေ ဖြစ်နိူင်ချေများပြားပါတယ်။
- အေ သွေးပိုင်ရှင်တွေကတော့ သွေးတွင်း cholesterol ပမာဏကိုဂရုစိုက်သင့်ပါတယ်။ သူတို့ဟာ နှလုံးနှင့်ဆိုင်သော ရောဂါတွေ ဖြစ်နိူင်ချေမြင့်မားကြတယ်။
Source: HealthEngine
- ဘီသွေးပိုင်ရှင်တွေကတော့ ဆီးချိုနဲ့ပန်ကရိယ ကင်ဆာဖြစ်နိုင်ချေ ရှိတာကို သတိပြုရပါမယ်။
- အေဘီ သွေးပိုင်ရှင်တွေဟာ အခြားလူတွေထက် အမြင်အာရုံချွတ်ယွင်းနိူင်ခြေ (၈၂) ရာခိုင်နှုန်း ခန့်ပိုများတာကြောင့် မှတ်ဉာဏ်နှင့်အာရုံပိုင်းဆိုင်ရာ တွေကို အထူးသတိပြုရပါမယ်။
- အားကစားတွေထဲမှာ အိုသွေးပိုင်ရှင်တွေက ပိုပြီးအမောခံနိုင်ရည်ရှိကြောင်း လေ့လာသူတွေက တွေ့ရှိထားပါတယ်။