ကမ္ဘာပေါ်မှာ လူတွေနဲ့အတူ တိရိစ္ဆာန် မျိုးစိတ်ပေါင်း (၈.၇) သန်းခန့် နေထိုင်နေကြပါတယ်။ တစ်ချို့တိရိစ္ဆာန်တွေ အကြောင်းကို လူတွေသိကြပေမယ့် တစ်ချို့တွေအကြောင်းတော့ လူတော်တော်များများ မသိကြသေးပါဘူး။ ဒီနေ့ kwee page ကတစ်ချို့တိရိစ္ဆာန်လေးတွေရဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းလေးတွေ ပြောပြပေးသွားမှာပါ။

တစ်ချို့အိမ်မြှောင်တွေက ရေပေါ်မှာလမ်းလျှောက်နိုင်ကြတယ်

Source: Bright Side

တစ်ချို့သော ခေါင်းမှာအမှောက်ပါတဲ့ အမေရိကန်အိမ်မြှောင်လေးတွေက ရေပေါ်မှာအေးအေးဆေးဆေးလမ်းလျှောက်နိုင်ကြတယ်။ ပြေးလွှားနိုင်ကြပါတယ်။ ဒီလိုအိမ်မြှောင်မျိုးစိတ်ကို အများအားဖြင့် မိုးသစ်တောတွေမှာ တွေ့ရလေ့ရှိပြီး သူတို့ရဲ့ စွမ်းရည်တွေကို ရန်သူတွေဆီကနေ ရှောင်ပြေးကြတဲ့အခါမျိုးမှာ အသုံးချလေ့ရှိကြတယ်။

မြင်းကျားတွေရဲ့ အရောင်အစင်းက အင်းဆက်ပိုးမွှားတွေကို တွန်းလှန်ပေးတယ်

Source: Bright Side

မြင်းကျားတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဖြူအနက် အစင်းကြားတွေက ယင်ကောင်နဲ့ခြင်တွေမလာအောင် တွန်းလှန်ပေးပါတယ်။ ဒီအစင်းကြားတွေက အင်းဆက်တွေကို ဝေခွဲမရအောင် ဖြစ်စေတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။ လူတွေမှာလည်း ဒီလိုအစင်းကြားတွေရှိမယ်ဆိုရင် ခြင်ယင်ကောင်တွေ မလာအောင် တားနိုင်တယ်လို့ သူတို့ကပြောထားပါသေးတယ်။

ကြောင်တွေဟာ တိရိစ္ဆာန်မျိုးစိတ် (၃၃) မျိုးလောက် မျိုးတုံးပျောက်ကွယ်သွားမှုမှာတာဝန်ရှိတယ်

Source: Bright Side

လေ့လာမှုတွေအရ US မှာ ကြောင်တွေဟာ တစ်နှစ်အတွင်း သတ္တဝါပေါင်း ဘီလီယံနဲ့ချီပြီး သတ်ဖြတ်စားသောက်လေ့ရှိကြတယ်လို့ သိရပါတယ်။ သူတို့ဟာ တစ်နှစ်ကို ငှက်ပေါင်း (၁.၄-၃.၇) ဘီလီယံ နဲ့ နို့တိုက်သတ္တဝါပေါင်း (၆.၉-၂၀.၇) ဘီလီယံလောက် သတ်ဖြတ်နေကြပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ကမ္ဘာပေါ်ကနေ မျိုးတုံးပျောက်ကွယ်သွားတဲ့ တိရိစ္ဆာန်မျိုးစိတ်ပေါင်း (၃၃) မျိုးလောက်ဟာ သူတို့ရဲ့ ပယောဂ ကြောင့်ဖြစ်ပါတယ်။

ဝေလငါးပြာရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ (၂) ကြိမ်ခန့်သာရှိပါတယ်

Source: Oceana

ကျွင်းကျင်သူတွေရဲ့ တိုင်းတာချက်အရ ဝေလငါးပြာရဲ့ နှလုံးခုန်နှုန်းဟာ အနိမ့်ဆုံး တစ်မိနစ်မှာ (၂) ကြိမ်ခန့်သာရှိပါတယ်။ အများဆုံးကတော့ (၃၇) ကြိမ်ဖြစ်ပါတယ်။

ဇီးကွက်တွေက မြွေတွေကို မွေးထားကြတယ်

Source: Bright Side

တစ်ချို့ အရှေ့တိုင်းဇီးကွက်မျိုးစိတ်တွေဟာ မြွေအကောင်ငယ်လေးတွေကို အရှင်ဖမ်းပြီး အသိုက်ထဲမှာ မွေးထားလေ့ရှိကြတယ်။ မြွေအကောင်ငယ်လေးတွေက အင်းဆက်ပိုးကောင်ငယ်လေးတွေကို စားသုံးလေ့တာကြောင့် ဇီးကွက်ဘေဘီလေးတွေကို ပိုးကောင်တွေ အန္တာရယ်ကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ဇီးကွက်တွေက ဒါကို သူတို့ရဲ့ ကလေးတွေ အသက်ရှင်ခွင့် ပိုရအောင် လုပ်လေ့ရှိကြတယ်။