ရုပ်ရှင်ပိတ်ကားထက်မှာ သရုပ်ဆောင်ပိုင်းထူးချွန်သုတွေကို အော်စကာဆု ချီးမြှင့်ခဲ့တာဟာ နှစ်ပေါင်း (၉၀) ကျော်ခဲ့ပါပြီး။ အော်စကာဆု စချီးမြှင့်ချိန်မှ စ၍ ၁၀ နှစ်အကြာမှာတော့ သရုပ်ဆောင်တွေကိုသာ မဟုတ်တော့ဘဲ ထူးချွန်သော ဒါရိုက်တာတွေ ထုတ်လုပ်သူတွေကိုပါ အော်စကာဆုချီးမြှင့်ခဲ့ကြပါတယ်။ အော်စကာဆုနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖွယ် ဇာတ်လမ်းလေးတွေလဲ များစွာရှိပါတယ်။

အော်စကာဆုပေးပွဲကို (၁၉၅၃) ခုနှစ်တွင် TV ဖန်သားပြင်ပေါ်တွင် ပထမဆုံး စတင်ထုတ်လွှတ်ခဲ့ပါတယ်

Source: Pinterest

အော်စကာဆုပေးပွဲကို (၁၉၂၉) ခုနစ်တွင်စတင်ကျင်းပခဲ့သော်လဲ (၁၉၅၃) ခုနစ် မတ်လ (၁၉) ရက်နေ့တွင် TV ဖန်သားပြင်ပေါ်၌ အဖြူအမဲ ရုပ်သံဖြင့် NBC မှ ထုတ်လွှတ်ခဲ့ပါတယ်။ (၁၃) နှစ်အကြာ (၁၉၆၀) ပြည့်နှစ်မှာတော့ ရောက်စုံ ရုပ်သံအနေနဲ့ပရိတ်သတ်များ စတင်မြင်တွေ့ခွင့်ရခဲ့ကြပါတယ်။

(၁၉၄၀) မှာတော့ Gone with the Wind ဇာတ်ကားဟာ ပထမဆုံး Oscar for Best Picture ဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

Source: Bright Side

နောက်ဖြစ်စဉ်တစ်ခုကတော့ အော်စကာ ဆုပေးပွဲ သက်တမ်းတလျှောက် အော်စကာနာမည်နှင့် (၁၉၄၁) နဲ့ (၁၉၄၅) တွင် ဆုရရှိခဲ့သော သီချင်းရေးဆရာ Oscar Hammerstein ll ဘဲဖြစ်ပါတယ်။

Source: Bright Side

မိမိနာမည် မိမိ ပြန်လည် ကြေငြာခဲ့ရသောဖြစ်စဉ်

Source: Monovisions

တတိယမြောက် အော်စကာဆုပေးပွဲတွင် Norma Shearer ဟာ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ကို ကြေငြာပေးရန် ဖိတ်ကြားခံခဲ့ရပြီး ဆုလက်ခံရမည့်သူဟာ သူမ ကိုယ်တိုင်ပင် ဖြစ်နေခဲ့ကြောင်းသိခဲ့ရပါတယ်။

Micky Mouse , Donald Duck တို့ရဲ့ ဖန်တီးရှင်ဖြစ်သူ Walt Disney ဟာ သူ့ဘဝသက်တမ်း တစ်လျှောက် ဆုပေါင်း (၂၆) ဆုရရှိခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်မှာ မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

Source: Good Houskeeping

အော်စကာ ဆုပေးပွဲတလျှောက် အမျိုးသမီး ဒါရိုက်တာ (၅)  ဦးသာ ဆုရရှိခဲ့ဖူးပါသေးတယ်။ သူတို့တွေကတော့ Lina Wertmuller , Jane Campion, Sofia Coppola, Kathryn Bigelow နဲ့ Gretav Grewing တို့ဘဲ ဖြစ်ပါတယ်။

Source: india.com