Titanic ရုပ်ရှင်ထွက်ရှိလာခဲ့တာဟာ နှစ်ပေါင်း (၂၀) ကျော်ရှိနေပါပြီ။ ဒီရုပ်ရှင်ကို မကြည့်ရသေးတဲ့သူ အနည်းငယ်လောက်ပဲ ရှိမယ်လို့ထင်ပါတယ်။ တစ်ချို့တွေက ဒီရုပ်ရှင်ကို တစ်ကြိမ်ထက် ပိုကြည့်ခဲ့ကြတဲ့သူတွေလည်း ရှိကြပါတယ်။ Titanic ရုပ်ရှင်ဟာ ယခုထက်ထိ အောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။

ဒီနေ့မှာတော့ kwee page ကနေ Titanic ရုပ်ရှင်ရဲ့ စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးသွားမှာပါ။

  • Tom Cruise, Brad Pitt, Christian Bale, Macaulay Culkin အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဟာ Jack Dawson နေရာမှာသရုပ်ဆောင်ဖို့အတွက် လူရွေးပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ငယ်ရွယ်ပြီး နာမည်မရသေးတဲ့ Leonardo DiCaprio ကသရုပ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။

Source: PopSugar

  • Titanic ဇာတ်ကားထုပ်လုပ်စရိတ်ဟာ Titanic သင်္ဘော ဆောက်လုပ်ခဲ့စဉ်ကထက်ပိုပြီး ကုန်ကျခဲ့ပါတယ်။ Titanic ဇာတ်ကားထုပ်လုပ်စရိတ်ဟာ ဒေါ်လာ သန်း (၂၀၀) ရှိခဲ့ပြီး Titanic သင်္ဘော ဆောက်လုပ်စရိတ်က ဒေါ်လာ (၇.၅) သန်းပဲရှိပါတယ်။
  • ဇာတ်ညွန်းအရ Rose ဟာသူ့ရဲ့ သတို့သားလောင်းကို ဖနောင့်နဲ့ ပေါက်ရမှာပါ။ ဒါပေမယ့် Kate Winslet ကဖနောင့်နဲ့ပေါက်တာထက် တံတွေးနဲ့မျက်နှာကို ထွေးတာက ကြည့်ရတာ ပိုပြီးအဆင်တာကြောင့် တံတွေးနဲ့ထွေးဖို့ ရွေးချယ်ခဲ့ကြတာပါ။
  • Titanic ထဲက (၁၉၁၂) ခုနှစ်အဖြစ်အပျက်တွေကိုပဲချန်ထားပြီး ကျန်တဲ့ အခန်းတွေအကုန်ဖြတ်ထားမယ်ဆဆိုပါက ရုပ်ရှင်ရဲ့ကြာချိန်ဟာ (၂) နာရီနဲ့ (၄၀) မိနစ်ရှိပါတယ်။ ဒါဟာ Titanic သင်္ဘောနစ်မြုပ်ခဲ့စဉ်က ကြာချိန်နဲ့တူတူပါပဲ။

Source: Bright Side

  • Titanic ရုပ်ရှင်က စံချိန်တွေအများကြီး ချိုးနိူင်ခဲ့ပါတယ်။ အဲ့ဒီထဲကတခုကတော့ ပိတ်ကားပေါ်မှာ ရုပ်ရှင်ပြသချိန်ပါပဲ။ (၂၈၇) ရက် ပြသခဲ့ပါတယ်။
  • ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်းမှာ ရုပ်ရှင်နာမည်ကို The Ice Planet လို့အမည်တပ်ပြီး ရိုက်ကူးခဲ့ပါတယ်။
  • Kate Winslet ရဲ့အဝတ်အစားကို ရေစိုနေတဲ့အချိန်မှာကော ခြောက်နေတဲ့အချိန်မှာပါ ကြည့်လို့ကောင်းအောင် အထူးချုပ်လုပ်ထားတာပါ။

Source: Best Life

  • Jack က Rose ရဲ့ အဝတ်အစားမပါတဲ့ပုံကိုပန်းချီဆွဲတဲ့ အခန်းကိုကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဒီအခန်းကို ရုပ်ရှင်စရိုက်တဲ့နေမှာ အရင်ဦးဆုံး ရိုက်ကူးခဲ့တာပါ။
  • အဲ့ဒီအခန်းမှာပဲ Jack ကအမှားတခုလုပ်ခဲ့ပါတယ်။ ဒါကတော့ Rose ကိုဆိုဖာပေါ်သွားဖို့ ပြောရမယ့်အစား အိပ်ယာပေါ်သွားဖို့ ပြောခဲ့တာပါပဲ။