ရွန်နီဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ အင်္ဂလန်မြေမှာ အောင်မြင်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ။ အင်္ဂလန်အသင်းသားတစ်ယောက်အနေနဲ့ရော၊ မန်ယူတိုက်စစ်မှူး အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ရော အချိန်ကြာမြင့်စွာ ထမ်းရွက်ခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။

အဲဗာတန်၊ မန်ယူ၊ အဲဗာတန်၊  ယခု ဒီစီယူနိုက်တက် ကန်ခဲ့ဖူးတဲ့အသင်းတိုင်းမှာ ရွန်နီဟာ ပေးဆပ်တတ်ပြီး အသင်းအတွက် အကောင်းဆုံးကစားပေးတတ်တာဖြစ်ပါတယ်။ ရွန်နီအကြောင်းစိတ်ဝင်စားဖွယ်အချက်အလက်လေးတွေကတော့…..

wayne-rooney-gets-assist-on-derby-debut-as-eldest-son-kai-goes-wild-in-the-stands

Source : The Irish Sun

သူဟာ အသက် (၁၆) နှစ်အရွယ်မှာတင် အဲဗာတန်အသင်းနဲ့အတူ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အဆိုပါပွဲကတော့ စပါးအသင်းနဲ့ရင်ဆိုင်ကစားရတဲ့ ပွဲစဉ်ဖြစ်ပြီး အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းပရိသတ်တွေကပါ ရွန်နီရဲ့ပါရမီကို ချီးကျူးခဲ့ကြပါတယ်။

သူအာဆင်နယ်အသင်းကို သွင်းယူခဲ့တဲ့သွင်းဂိုးတစ်ဂိုးဟာ နာမည်ကြီးခဲ့ပါတာ်။ ထိုပွဲစဉ်မှာ အဲဗာတန်အသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ရွန်နီသွင်းယူခဲ့တဲ့ ဂိုးကြောင့် အာဆယ်နယ်အသင်းရဲ့ ပွဲ (၃၀) ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားခဲ့ပါတယ်။

နယူကာဆယ်အသင်းက ရွန်နီကို ပေါင်သန်း (၂၀) နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့လည်း မန်ယူအသင်းကိုသာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။သူဟာ အသက် (၁၈) နှစ်မှတင် ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ထိုပွဲစဉ်ဟာလည်း ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တာကြောင့် အသက် အငယ်ဆုံး ဟက်ထရစ်ရှင်အဖြစ် လူအများရဲ့ ဂုဏ်ပြုခြင်းကို ခံခဲ့ရပါတယ်။

Wayne Rooney lifts lid on Manchester United departure ahead of final England appearance

Source : Manchester Evening News

သူဟာ အစားပုတ်သူတစ်ယောက်ပါ။ အမြဲလိုလို အာဂါ၊ ကြက်ဥ၊ အာလူးချောင်းတို့ကို စားနေတတ်ပါတယ်။ သူဟာ လက်ဝှေ့ကစားနည်းကိုလည်း ကြိုက်ပါတယ်။ အကြိုက်ဆုံးကစားသမားကတော့ Mike Tyson ဖြစ်ပါတယ်။

ရွန်နီရဲ့ အကြိုက်ဆုံးကတော့ သြဂုတ်လပါ။ သူဟာ မန်ယူအသင်းရဲ့ ဂိုးသွင်းအများဆုံး ဘောဘီဂျာတန်ရဲ့ စံချိန်ကို (၂၃၃) ဂိုးနဲ့ သြဂုတ်လမှာ ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ သူကို အိုင်ယာလန်လက်ရွေးစင်အသင်းက ကမ်းလှမ်ခဲ့ပေမဲ့ အင်္ဂလန်ကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။