ဂျပန်နိုင်ငံဟာ ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြီးတော့ ချယ်ရီပန်းတွေ အရသာရှိလှတဲ့ ဆူရှီတို့နဲ့ နာမည်ကျော်ကြားလှပါတယ်။ ဒီနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့ မတူတဲ့ ထူခြားလှတဲ့ ယဉ်ကျေးမှုတွေ ကျင့်သုံးလျက်ရှိနေပါတယ်။

ဒီနေ့ kwee page က ဂျပန်နိုင်ငံရဲ့ စိတ်ဝင်စားဖွယ်ရာ ဓလေ့ထုံးတမ်းတွေအကြောင်း တင်ပြပေးသွားမှာပါ။

ဦးညွှတ်ပြီး အရိုအသေပေးခြင်း

Source: ThoughtCo

တခြားနိုင်ငံတွေ တော်တော်များများမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြပြီ လက်ဆွဲနှုတ်ဆက်တတ်ကြပေမယ့် ဂျပန်မှာတော့ လက်ဆွဲနှုတ်ဆက်မယ့်အစား ဦးညွှတ်ပြီးပဲ အရိုအသေပေးကြပါတယ်။ ဒါဟာ ဂျပန်တို့ရဲ့ လူသိများတဲ့ ဓလေ့ထုံးတမ်းတစ်ခုပါ။

ဂျပန်နိုင်ငံသားတွေဟာ ဦးညွှတ်ခြင်းကို ငယ်ငယ်ကတည်းက သင်ကြားရပါတယ်။ ဦးညွှတ်ရာမှာလည်း ဘယ်သူ့ကို ဘယ်လို ဦးညွှတ်ရမယ် ဘယ်နှစ် ဒီဂရီ ဦးညွှတ်ရင် ဘယ်လိုအဓိပ္ပာယ်ရှိတယ်ဆိုတာတွေလည်း ရှိပါတယ်။ ဦးညွှတ်ခြင်းဟာ တစ်ယောက်ကို တစ်ယောက် ကျေးဇူးတင်တဲ့အဓိပ္ပာယ်လည်း ပါဝင်သက်ရောက်ပြီး တစ်ခါတစ်ရံမှာတော့ ကြီးမားတဲ့အပြစ်တစ်ခုကို လုပ်မိလို့ ဝန်ချတောင်းပန်တဲ့ အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။

ဘောက်ဆူးပေးခြင်း

Source: Restaurant Cafe

အနောက်နိုင်ငံတွေမှာ ဘောက်ဆူးပေးတဲ့ အလေ့အကျင့်ဟာ ဓလေ့တခုလိုဖြစ်နေပါပြီ။

ဘောက်ဆူးပေးခြင်းဟာ ဝန်ဆောင်မှုကို သဘောကျလို့ (သို့) ကျေးဇူးတင်တယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဘောက်ဆူးပေးခြင်းဓလေ့ဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ကူညီပေးတဲ့ သဘောလိုပါပဲ။

ဂျပန်မှာတော့ ဘောက်ဆူးပေးတဲ့ အလေ့အကျင့် မရှိပါဘူး။ ဂျပန်တို့ဟာ စည်းစနစ်ကျလှတဲ့ အလုပ်လုပ်ပုံရှိပြီး တန်ရာတန်ကြေးကိုသာ ရယူလေ့ရှိပါတယ်။ ဒါကြောင့် သူတို့အတွက်တော့ ဘောက်ဆူးဆိုတဲ့ အပိုငွေတစ်ခုရတယ်ဆိုတဲ့ အမြင်ထက် သူတို့ကို ပိုက်ဆံပေးတယ်ဆိုပြီး ဒေါသထွက်တတ်ကြပါတယ်။ တကယ်လို့ ဂျပန်နိုင်ငံရောက်လို့ စားသောက်ဆိုင်တွေမှာ သွားစားဖြစ်ခဲ့ရင် စားပွဲထိုးလေးတွေကို ဘောက်ဆူးအဖြစ် စားပွဲပေါ်မှာ ငွေမထားခဲ့ဖို့ လိုပါတယ်။ ဒီလိုထားထားခြင်းက သူတို့ကို စော်ကားလို့ တွေးတတ်ကြပါတယ်။တန်ရာတန်ကြေး အားလုံးဟာ ဘောင်ချာစာရွက်ထဲမှပဲ ပါဝင်ပြီးသားဖြစ်လို့ နောက်ထပ်အပိုငွေကို ထပ်လက်မခံခြင်းလည်း ဖြစ်ပါတယ်။

တူအသုံးပြုခြင်း

Source: www.nippon

ဂျပန်နိုင်ငံကိုရောက်ရင်တော့ စားသောက်ဆိုင်အများစုမှာ ဇွန်း၊ ခရင်းတွေ အစား တူတွေကိုသာ အသုံးများပါတယ်။ တူတွေနဲ့ ပတ်သက်ပြီး ဂျပန်တွေရဲ့ အယူအဆတွေလည်း ဟိုးယခင်ကတည်းက ရှိခဲ့ပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ ထမင်းဝိုင်းတွေမှာ ထမင်းစားတဲ့အခါ ထမင်းပန်းကန်ထဲကို တူနှစ်ချောင်း ထိုးစိုက်ထားတာမျိုးကို မပြုလုပ်ဘဲ ရှောင်ကျဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို တူထိုးစိုက်ထားတဲ့ ဓလေ့ဟာ နာရေးနဲ့ ဈာပအခမ်းအနားတွေမှာပဲ လုပ်လေ့ရှိတဲ့ ဓလေ့ဖြစ်ပြီး ကံမကောင်းစေတဲ့အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။

သတိပြုရမယ့်နောက်တစ်ချပ်ကတော့ ကိုယ့်ရဲ့ ပါးစပ်နဲ့ ထိပြီးသားဖြစ်တဲ့ တူနဲ့ အခြားလူတစ်ယောက်ကို ဟင်းထည့်ပေးတာတို့၊  ထမင်းခူးပေးတာတို့ကိုလုပ်လို့မရပါဘူး။