လူကြိုက်များတဲ့ရုပ်ရှင်တွေထဲမှာ လူအများသတိမထားမိတဲ့ စိတ်ဝင်စားစရာအချက်တွေ အများကြီးရှိပါတယ်။ တကယ်လို့ သေချာဂရုတစိုက်ကြည့်မယ်ဆိုရင်တော့ မြင်နိူင်ကောင်းမြင်နိူင်ပါလိမ့်မယ်။ ဒါပေမယ့် တချို့အချက်အလတ်တွေကတော့ သိရဖို့မလွယ်ပါဘူး။

ဒီနေ့တော့ kwee page ကနေ ပရိသတ်တွေမသိသေးဘူးလို့ထင်တဲ့ နာမည်ကြီးရုပ်ရှင်များထဲမှ စိတ်ဝင်စားစရာအချက်လေးတွေကို ပြောပြပေးသွားမှာပါ။

၁. The Shawshank Redemption ရုပ်ရှင်ထဲက Morgan Freeman ရဲ့ငယ်ဓာတ်ပုံအဖြစ်အသုံးပြုခဲ့တဲ့ ပုံထဲကလူဟာ တကယ့် Morgan Freeman ရဲ့သား (Alfonso) ပါ။

၂.  Guardians of the Galaxy ဇာတ်ကားရိုက်ကူးစဉ်တုံးက ဇာတ်ဝင်ပစ္စည်းစီစဉ်ရတဲ့သူဟာ လိမ္မော်ရောင် မူလနားကြပ်ပါဝင်တဲ့ Sony Walkman (MDR-3L2) ကက်ဆက်ကို (၄) လကြာရှာဖွေခဲ့ရပါတယ်။

၃. One Flew Over the Cuckoo’s Nest ဇာတ်ကားထဲက ဇာတ်ကောင်တော်တော်များများဟာ တကယ့်စိတ်ကျန်းမာရေး ချွတ်ယွင်းနေတဲ့သူတွေကို အသုံးပြုထားတာပါ။

၄. Sherlock season 3 မှာတွေ့ရတဲ့ Sherlock Holmes မိဘနှစ်ပါးဟာ Benedict Cumberbatch ရဲ့တကယ့်သူ့ရဲ့ မိဘအရင်းတွေဖြစ်ပါတယ်။

၅. A Quiet Place ဇာတ်ကားထဲက Emily Blunt နှင့် John Krasinski တို့ဟာ အပြင်မှာ တကယ်လက်ထက်ထားတဲ့ စုံတွဲတွေဖြစ်ပါတယ်။

၆. Matrix ကားထဲက အစိမ်းရောင် code လေးတွေကို ကွီးတို့ သတိထားမိမှာပါ။တကယ်တော့ ဒီ code တွေက ရုပ်ရှင်ဒီဇိုင်နာက သူ့မိန်းမရဲ့ sushi လုပ်နည်းစာအုပ်ထဲကနေ ကူးယူပြီး code တွေအဖြစ် အသုံးပြုခဲ့တာပါ။

၈. Titanic ကားထဲမှာ Leonardo က Kate Winslet ရဲ့အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို ပုံတူဆွဲတဲ့ အခန်းကို ကွီးတို့ မှတ်မိကြမယ်ထင်ပါတယ်။တကယ်တော့ အဲ့ဒီပုံတူပန်းချီကားကို ဒါရိုက်တာ ဖြစ်သူ James Cameron ကိုယ်တိုင်ရေးဆွဲခဲ့တာပါတဲ့။ ဒါပေမဲ့ သူဆွဲတဲ့အချိန်မှာ မင်းသမီးက ရေကူးဝတ်စုံဝတ်ထားပါတယ်။

Source: Bright Side