ဟင်နရီကာ‌ဗေးလို့ ပြောလိုက်ရင် ချက်ချင်း မသိတဲ့သူတွေတောင် Superman မင်းသားလို့ ပြောလိုက်ရင် အားလုံးသိကြပါလိမ့်မယ်။ ဒါတောင် သူ့အကြောင်း အခုပြောမယ့်အချက်တချို့ကို လူသိနည်းကြပါတယ်။

(၁) ဂိမ်းဝါသနာအိုးတစ်ယောက်ပါ

Photo: zestradar

ဟင်နရီကာဗေးကို ကြည့်လိုက်ရင် ဂိမ်းဝါသနာအိုးလို့ ထင်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့်လည်း စာအုပ်တစ်အုပ်ကို အဖုံးကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရသလိုမျိုးပါပဲ။ သူဟာ World of Warcraft ကစားကောင်းလို့ Superman အဖြစ် သရုပ်ဆောင်ဖို့ ဖုန်းခေါ်တာတောင် လက်လွတ်မတတ်ဖြစ်သွားဖူးပါတယ်။

(၂) ဖက်တီးတစ်ယောက်ဖြစ်ခဲ့တယ်

Photo: zestradar

Superman ကားထဲမှာ ကြည့်လိုက်ရင် ဟင်နရီကာဗေးရဲ့ ဘော်ဒီက အားကျစရာပါ။ ဒါပေမယ့်လည်း Superman ရုပ်ရှင်အတွက် သူ့ကို အစမ်းသရုပ်ဆောင်ချိန်မှာ သူ့ရဲ့ ကိုယ်အလေးချိန်ဟာ သတ်မှတ်ထားတာထက် ပေါင် ၂၀ ပိုဝနေပါတယ်။ ကျောင်မှာ သူ့ရဲ့ နာမည်ပြောင်က လူဝလေး ကာဗေးပါတဲ့။

(၃) ဂျိမ်းစ်ဘွန်းဇာတ်ကောင်အတွက် လျာထားခံခဲ့ရဖူးတယ်

Photo: The Studio Exec

ဟင်နရီကာဗေးရဲ့ ရုပ်ရည်ဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်နဲ့ လိုက်ဖက်တာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဒန်နီယယ်ခရေ့ချ်နဲ့ အပြိုင်အရွေးခံရာမှာ ရှုံးခဲ့ပါတယ်။ ရှုံးခဲ့ပေမယ့်လည်း ခရေ့ချ်ရဲ့ ဂျိမ်းဘွန်းဇာတ်ရုပ်ကို ထောက်ခံအားပေးခဲ့သူလည်း ဖြစ်ပါတယ်။

(၄) ဟယ်ရီပေါ်တာဇာတ်ရုပ်လည်း သရုပ်ဆောင်ဖို့ လူတွေ့စစ်ဆေးခံခဲ့ဖူးတယ်

Photo: Animated Times

ဒီအကြောင်းလည်း သိတဲ့သူ နည်းကြပါတယ်။ သူဟာ Harry Potter And The Goblet Of Fire ရုပ်ရှင်ထဲမှာ ကက်ဒရစ် ဒစ်ဂိုရီနေရာကနေ သရုပ်ဆောင်ဖို့ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ နောက်ဆုံးမှာ ဒီဇာတ်ရုပ်အတွက် သူဟာ အသက်ကြီးတဲ့ပုံပေါက်တယ်ဆိုပြီး ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

(၅) Twilight မှာလည်း ပါဖို့ ကံနည်းခဲ့ပါတယ်

Photo: zestradar

Twilight စီးရီးကို ရေးခဲ့သူဟာ အက်ဒွပ်နေရာနဲ့ အလိုက်ဆုံးဟာ ဟင်နရီကာဗေးပဲလို့ ယူဆခဲ့ပေမယ့် တကယ်တမ်း ရိုက်ကူးမှုတွေ လုပ်ချိန်မှာ သူ့အစား မင်းသားချော ရောဘတ်ပတ်တင်ဆန်ကိုပဲ သုံးသွားခဲ့ပါတယ်။