ယနေ့လူတော်တော်များများသိထားကြတဲ့ လူ့သမိုင်းကြောင်းတော်တော်များများဟာ အမှန်မဟုတ်ကြဘူးဆိုတာ ပရိသတ်တွေသိပါသလား။ ဒါပေမယ့် ဒီသမိုင်းကြောင်းတွေက လူတွေကိုထိခိုက်စေခြင်းမရှိပါဘူး။ သိပ္ပံပညာရှင်တွေ တစ်ချို့လူ့သမိုင်းကြောင်းတွေဟာ လူတွေထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ထားကြောင်း သက်သေပြခဲ့ကြပါတဘ်။

ဒီနေ့ kwee page က လူအများသိထားကြပြီး လက်ခံထားကြတဲ့ မှားယွင်းနေတဲ့ အချက်အလက်တချို့ကို ဖော်ပြပေးမှာပါ။

ငှက်ပျောပင်

Source: Bright Side

ငှက်ပျောသီးဟာ ထန်းပင်မျိုးနွယ်ဝင်ဖြစ်တယ်ဆိုတာမဟုတ်ပါဘူး။ ငှက်ပျောပင်ဟာ တကယ်တော့ ပန်းပွင့်တဲ့ပင်စည်ရိုးပျော့ပင် အမျိုးအစားထဲမှာပါဝင်ပါတယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် ငှက်ပျောပင်ဟာ မြက်ပင်မျိုးနွယ်ဝင်ဖြစ်ပါတယ်။ ပြီးတော့ ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားထဲမှာပါဝင်ပါတယ်။

ကမ္ဘာဦးအစက စားဖို့တားမြစ်ထားတဲ့ ပန်းသီး

Source: Bright Side

ကျမ်းစာတွေအရ ဘုရားသခင်က အာဒံ နဲ့ ဧဝ ကိုမစားဖို့ တားမြစ်ထားတဲ့အသီးဟာ ပန်းသီးဖြစ်တယ်လို့ဖော်ပြနေကြပါတယ်။ ကျမ်းစာထဲမှာ ပန်းသီးစားတယ်လို့ တိတိကျကျဖော်ပြထားခြင်းမရှိပါဘူး။ ကျမ်းစာကို (၄) ရာစုလောက်က လက်တင် ဘာသာစကားကနေ ဘာသာပြန်ခဲ့ခြင်းဖြစ်ပြီး လက်တင် ဘာသာစကား “malum” ဟာ ပန်းသီး (သို့) မကောင်းဆိုးဝါး လို့အဓိပ္ပာယ်သက်ရောက်တာကြောင့် ပန်းသီးဆိုပြီး ဖြစ်ပေါ်လာခဲ့တာပါ။ ဒါ့ကြောင့် တားမြစ်ထားတဲ့အသီးဟာ ဘယ်အသီးမဆိုဖြစ်နိူင်သလို တချို့စာပေးထဲမှာ သလဲသီး လို့လည်းဖော်ပြထားကြပါတယ်။

လပြည့်ညမှာ မြေခွေးတွေအူကြတယ်

Source: Bright Side

လပြည့်ညနဲ့ မြေခွေးတွေအူကြတယ်ဆိုတဲ့နေရာမှာ တိုက်ရိုက်ဆက်စပ်မူမရှိပါဘူး။ မြေခွေးတွေအချင်းချင်း ဆက်သွယ်မူပြုလုပ်တဲ့အချိန်မှာ အူကြလေ့ရှိပါတယ်။ ပြီးတော့ အသံပျံ့နှံ့မြန်အောင် ခေါင်းမော့ပြီးအူတက်ကြပါတယ်။

မြေခွေးတွေဟာ လမရှိတဲ့ ညမှောင်မှောင်ထဲမှာလည်း အူတက်ကြပါတယ်။ လပြည့်ညတွေမှာ မိုးလေကင်းစင်တာကြောင့် မြေခွေးတွေအူတာကို ကောင်းကောင်းမြင်ရကြားရလေ့ရှိတာပါ။ ဒါ့ကြောင့် လူတွေက လပြည့်ညမှာ မြေခွေးတွေအူတက်ကြတယ်လို့ ပြောစမှတ်ပြုကြတာပါ။

လူတွေဟာ မျောက်တွေကနေဆင်းသက်လာကြတယ်လို့ ချားစ်ဒါးဝင်း ကပြောခဲ့တယ်

Source: Bright Side

တကယ်တော့ ချားစ်ဒါးဝင်း ကလူတွေဟာ မျောက်တွေကနေဆင်းသက်လာတယ်လို့ တိုက်ရိုက်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ သူပြောခဲ့တဲ့အထဲမှာ မျောက်တွေ၊ လူဝံတွေနဲ့လူတွေ ဆင်းသက်လာပုံဟာ တူညီမူတွေ ရှိနေတယ်လို့သာ ပါဝင်ခဲ့ပါတယ်။ တခြားသတ္တဝါတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မျောက်နဲ့လူတွေမှာ တူညီတဲ့အချက်တွေ အများကြီးရှိနေပါတယ်။

လူတွေအိပ်နေတဲ့အချိန်မှာ ဦးနှောက်ကအနားယူလေ့ရှိတယ်

Source: AboutKidsHealth

လူတွေအိပ်နေတဲ့အချိန်မှာ ဦးနှောက်လည်းအနားယူလေ့ရှိတယ်လို့ လူတွေကထင်ထားကြတယ်။ တကယ်တော့ ဦးနှောက်က အနားယူခြင်းမရှိပါဘူး။ အလုပ်လုပ်တဲ့ ပုံစံတွေပြောင်းလဲသွားရုံပဲရှိတာပါ။ ကြွက်တွေနဲ့ ပြုလုပ်ခဲ့တဲ့ လေ့လာမူမှာ ဦးနှောက်ဟာ ခန္ဓာကိုယ်အိပ်စက်အနားယူတဲ့အချိန်မှာ အဆိပ်အသောက်ဖြစ်မယ့်အရာတွေကို သန့်ရှင်းပေးတဲ့ လုပ်ငန်းတွေ စတင်လေ့ရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

ပိရမစ်တွေကို ကျွန်တွေက တည်ဆောက်ခဲ့ကြတယ်

Source: Twitter

အီဂျစ်မှာရှိတဲ့ ပိရမစ်ကြီးတွေကို ကျွန်တွေကတည်ဆောက်ခဲ့ကြတာလို့ လူအများကယုံကြည်ထားကြပါတယ်။ ရုပ်ရှင်တွေထဲမှာလည်း ဒီအတိုင်းပဲ ရိုက်ပြထားကြတယ်။ လေ့လာမူတွေအရ ပိရစ်တွေကို တည်ဆောက်ခဲ့တဲ့လူတွေဟာ အခကြေးငွေတွေရရှိခဲ့ကြပြီး အလုပ်သမားအဖွဲ့အစည်းတွေလိုမျိုး အဖွဲ့အစည်းတွေတောင်ရှိခဲ့ကြတယ်လို့ ထောက်ပြထားကြပါတယ်။