ယနေ့ခေတ်မှာ အင်တာနက်အသုံးပြုသူတွေဟာ နေ့တိုင်း ဓာတ်ပုံသန်းပေါင်းများစွာကို တင်လေ့ရှိကြပါတယ်။ တစ်ချိုပုံတွေက လူတွေကိုပျော်ရွှင်စေသလို တစ်ချို့ပုံတွေက လူတွေကို ဝမ်းနည်းစေပါတယ်။ အင်တာနက်ပေါ်တတ်လာတဲ့ ပုံတော်တော်များများဟာ photoshop လုပ်ထားတာများပါတယ်။ ဒါတွေကို တစ်ချို့သူတွေက ရိပ်မိပေမဲ့ တစ်ချို့တွေကြတော့ အမှန်ထင်ပြီး ယုံမိကြတာတွေရှိပါတယ်။

ဒီနေ့မှာတော့ kwee page ကနေ အင်တာနက်ပေါ်က လူအများစုက အမှန်လို့ ယူဆထားကြပေမဲ့ တကယ့်လက်တွေ့နဲ့ ကွဲလွဲနေတဲ့ နာမည်ကြီးဓာတ်ပုံတွေအကြောင်းပြောပြပေးသွားမှာပါ။

၁။ ထမင်းကြော်

ဒီပုံကိုမြင်လိုက်တာနဲ့ ဓာတ်ပုံဆရာက တော်လိုက်တာလို့ ချီးကျူးမိမှာအမှန်ပါပဲ။ တကယ်တမ်းတော့ ဒါတွေက အတုတွေပါ။ လေပေါ်မှာ ဝဲနေတဲ ထမင်းတွေကအစ အကုန်အတုတွေပါပဲ။ ဂျပန်နိူင်ငံ တိုကျိူမြို့မှာ ဒီထမင်းကြော်အိုး မျိုးကိုဝယ်ယူရရှိနိူင်ပါတယ်။

၂။ ပါရီမြို့ရဲ့နှစ်သစ်ကူး

အပေါ်ကပုံကတော့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ ပါရီမြို့ရဲ့နှစ်သစ်ကူးည မီးရှူးတွေ ပစ်ဖောက်နေတဲ့ပုံပါ။ တကယ်တော့ ဒီပုံက အတုပါ။ ပြုပြင်ပြီးတော့တင်ထားကြတာပါ။ New Year ညမှာ Eiffel Tower ကပဲအရင်ဆုံး မီးရှူးတွေပစ်ဖောက်တာပါ။ ဒါပေမဲ့ပုံထဲမှာတော့ မီးရှူးတွေက နေရာစုံကနေ ပစ်ဖောက်နေကြတာပါ။

တကယ့် ပုံကတော့ အောက်မှာပါ။

၃။ မြို့ပေါ်က ပိုလာဝတ်ဝံကြီး

ဒီပုံကတကယ်ရိုက်ကူးထားတဲ့ပုံပါ။ ပြုပြင်ထားခြင်းမရှိပါဘူး။ ဒီပုံကို ချက်နိူင်ငံရဲ့မြို့တစ်မြို့ပေါ်မှာရိုက်ကူးထားတာပါ။ ဒါပေမဲ့ ပိုလာဝတ်ဝံကတော့တကယ်အစစ်မဟုတ်ပါဘူး။

ပတ်ဝန်းကျင်အရေး တတ်ကြွလှုပ်ရှားသူတွေက ဝတ်ဝံပုံ ဝတ်စုံဝတ်ထားကြတာပါ။ ဒီလှုပ်ရှားမူဟာ Save the Arctic (အာတိတ်ရေခဲပြင်ကိုကာကွယ်ပါ) အတွက် ရည်ရွယ်တာပါ။

၄။ ဝေလငါးကျောရိုးပေါ်က megalodon ငါးမန်းရဲ့သွား

အပေါ်ကပုံကိုကြည့်မယ်ဆိုရင် ဝေလငါးကျောရိုးပေါ်မှာ megalodon ငါးမန်းရဲ့စိုက်ဝင်နေတာကိုတွေ့နိူင်ပါတယ်။ ဒါပေမဲ့ ဝေလငါးကျောရိုးနဲ့ megalodon ငါးမန်းရဲ့သွားကို တနေရာစီမှာ တွေ့ခဲ့ကြတာပါ။ ဒါပေမဲ့ ဥာဏ်ကောင်းတဲ့သူတစ်ယောက်က ဒီအရိုးနှစ်ခုကို ပေါင်းပြီး ပုံမှာမြင်ရတဲ့အတိုင်း ထုလုပ်ခဲ့ပါတယ်။

တကယ်လို့သာ ဝေလငါးကျောရိုးပေါ်က megalodon ငါးမန်းရဲ့သွားစိုက်ဝင်နေတာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိမှာပါ။ ဒါပေမဲ့ ဒီတခုကလူတွေ ပြုလုပ်ထားတဲ့အတွက်ကြောင့်မလို့ ဒေါ်လာ ၁၂၅ နဲ့ပဲ ရောင်းထွက်ခဲ့ပါတယ်။

Source: Bright Side