အခုပြောပြမဲ့ အကြောင်းကတော့ ကမ္ဘာကြီးကို ကိုင်လှုပ်ဖို့မွေးလာတဲ့ ကလေးတွေလားထင်ရအောင်ကျော်ကြားတဲ့ကလေးတွေပါ။ သူတို့ဟာ အောင်မြင်တယ်။ ချမ်းသာတယ်။ ကျော်ကြားတယ်။ ဒီသရုပ်ဆောင်တွေနဲ့ အနုပညာသမားတွေဟာ ကမ္ဘာကြီးအတွက် သူတို့ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာ ကျနော်တို့ကိုပြခဲ့တဲ့သူတွေပါ။ ကဲအခု kwee page ကနေပြီးတော့ ငယ်ငယ်တုံးက ကြိုက်ခဲ့တဲ့ ကလေးသရုပ်ဆောင်တွေ ဘယ်လိုကြီးပြင်းလာခဲ့လဲဆိုတာ ပြောပြပေးမှာပါ။

(၁) Thomas Brodie-Sangster

Source: @The Maze Runner TSG Entertainment

Thomas Brodie-Sangster ကို ၁၉၉၀ ခုနှစ်တွင် လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘနှစ်ပါစလုံးက အနုပညာသရုပ်ဆောင်တွေပါ။ သူ့ရဲ့ ငယ်ငယ်တုံးက ရုပ်ရည်နဲ့ နာမည်းကြီး Game of Thrones တီဗီစီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တာတွေကြောင့် ကျော်ကြားထင်ရှားပါတယ်။ Maze Runner ရုပ်ရှင်စီးရီးကြောင့်လည်းလူသိများပါတယ်။

သူဟာသရုပ်ဆောင်ဖက်မှာ ငယ်ငယ်ကတည်းက ထူးချွန်ကြောင်းပြခဲ့တဲ့သူပါ။သူရဲ့ ငယ်ရွယ်ပြီးချစ်စရာကောင်းတဲ့မျက်နှာနဲ့ သရုပ်ဆောင်မူတွေကို Love Actually (၂၀၀၃), Nanny McPhee (၂၀၀၅) နဲ့ The Last Legion (၂၀၀၇) တို့မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်။

(၂) Jaden Smith

Source: @The Karate Kid Columbia Pictures

Jaden Smith ကိုတော့ ဂျက်ကီချန်းကားကြိုက်တဲ့သူတော်တော်များများသိကြမယ်ထင်ပါတယ်။ သူကတော့နာမည်းကြီးသရုပ်ဆောင် Will Smith ရဲ့သားတယောက်ပါ။ Jaden Smith ကိုတော့ ဂျက်ကီချန်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ The Karate Kid (၂၀၁၀) ဇာတ်ကားကြောင့် လူသိများထင်ရှားပါတယ်။ သူဟာ သရုပ်ဆောင်ဖက်မှာပဲတော်တဲ့သူမဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက ရက်ပ်ပါတယောက်ပါ။ သီးချင်းလည်းရေးပါတယ်။ အဆိုတော်ဆိုလည်းဟုတ်ပါတယ်။ ဂျက်စတင်ဘီဘာနဲ့ (Never Say Never) သီချင်းကို တွဲဆိုဖူးတာ လူတိုင်းသိကြမယ်ထင်ပါတယ်။

သူဟာ အနုပညာအလုပ်ပဲလုပ်နေတာမဟုတ်ပါဘူး။ သဘာဝပက်ဝန်းကျင် အတွက်အကျိုးပြုတဲ့အလုပ်တွေအများကြီးလုပ်ခဲ့ဖူးပါတယ်။ Jaden Smith ဟာ clean water crisis လုပ်ငန်းစဉ်နဲ့ JUST WATER ဆိုတဲ့ ပရော့ဂျက်တွေမှာလည်း ပါဝင်ကူညီခဲ့ဖူးပါတယ်။

(၃) Emma Watson

Source: @Harry Potter Warner Bros

Emma Watson နာမည်အပြည့်အစုံကတော့ Emma Charlotte Duerre Watson ဖြစ်ပါတယ်။ သူမဟာ ကျော်ကြားတဲ့ သရုပ်ဆောင်ဖြစ်ရုံသာမက မော်လ်ဒယ် တယောက်လည်းဖြစ်ပါတယ်။ သူမကိုတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာမွေးဖွားခဲ့ပါတယ်။

သူရဲ့ ကလေးဘဝ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်ဘဝကို Hermione Granger အနေနဲ့ Harry Potter ရုပ်ရှင်စီးရီးမှာ အဓိကနေရာကနေပါဝင်သရုပ်ဆောင်ရင်း လူသိများကျော်ကြားလာခဲ့ပါတယ်။ Harry Potter ငယ်ငယ်တုံးက အမြဲအကူအညီပေးတတ်တဲ့Hermione ကိုလူတိုင်းသိကြမယ်ထင်ပါတယ်။ သူမဟာ ဒေါ်လာသန်း ၆၀ ဝင်ငွေရတဲ့ အောင်မြင်ခဲ့တာပါ။

သူမဟာ စိတ်နှလုံးကောင်းတဲ့သူတယောက်ပါ။ Bangladesh နိုင်ငံနဲ့ Zambia နိုင်ငံမှာ ရှိတဲ့ မိန်းကလေးတွေအတွက် ပညာရေးထောက်ပံမှုတွေ ပေးခဲ့ပါတယ်။