လေ့လာမှုတွေအရ ကမ္ဘာ့လူဦးရေ ရဲ့ (၉၀) ရာခိုင်နှုန်းက ညာသန်တွေဖြစ်ကြပြီး (၁၀) ရာခိုင်နှုန်းခန့်ကတော့ ဘယ်သန်များဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေရဲ့ တွေ့ရှိချက်အရ ဘယ်သန်တွေက ဦးနှောက်ညာခြမ်းပိုသန်ပြီး ဘာသာစကားစွမ်းရည်နဲ့ တီထွင်ဖန်တီးမှု ပိုသာတယ်လို့ ဆိုကြပါတယ်။ အနုပညာလက်ရာ၊ အကြံဥာဏ်ကောင်း ၊ စိတ်ကူးကောင်းနဲ့ သီချင်းသံစဉ်ကို ဖန်တီးနိုင်စွမ်းဆိုတာ ဦးနှောက်ညာခြမ်းသန်သူတွေမှာ ပိုပြီးတွေ့ရတက်တယ်လို့ ဆိုထားပါတယ်။ ဒီနေ့ kwee page က ကမ္ဘာကျော်ဘယ်သန်တွေ ကိုဖော်ပြပေးသွားမှာပါ။
အမေရိကန်သမ္မတဟောင်း အိုဘားမား

Source: Common Dreams
ကမ္ဘာ့လူဦးရေရဲ့ (၁၀-၁၅) ရာခိုင်နှုန်းက ဘယ်သန်တွေဖြစ်ကြပြီး အဲ့ဒီထဲမှာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ၊ အနုပညာသမားတွေ အများစုပါဝင်ကြပါတယ်။ ဒီထဲမှာ အမေရိကန်သမ္မတဟောင်း အိုဘားမား လည်းပါဝင်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ ကလင်တန်၊ ဂျော့ အိတ်ချဒဗလူ ဘုစ်၊ သမ္မ ဖော့ တို့ဟာလည်း ဘယ်သန်တွေဖြစ်ကြပါတယ်။
စတိဗ်ဂျော့စ် ၊ ဘီလ်ဂိတ်စ်နဲ့ ဖေ့စ်ဘွတ်တည်ထောင်သူ မက်ခ်ဇူကာဘက်တို့လို နည်းပညာ စွမ်းပကားနဲ့ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်ပေးခဲ့သူတွေက ဘယ်သန်တွေချည်းပါပဲ။

Source: Success Africa
ကမ္ဘာကျော် လူငယ်အဆိုတော် ဂျက်စတင်ဘီဘာက ဘယ်သန်တစ်ဦးဖြစ်သလို ဘယ်သန် ဘောလုံးသမားတွေထဲမှာဆိုရင် မက်ဆီက၊ ဗန်ပါစီ၊ ရော်ဘန် တို့လည်းပါဝင်ပါတယ်။ ဘယ်သန်တွေထဲမှာ John Wick မင်းသားကြီး Keanu Reeves လည်းအပါအဝင်ဖြစ်ပါတယ်။

Source: Asianet Newsable
အနုပညာရှင်တွေထဲမှာတော့ လေဒီဂါဂါ ၊ အန်ဂျလီနာဂျိုလီနဲ့ ဂျနီဖာလောရန့်စ် ( Jennifer Lawrence) တို့ကလည်း ဘယ်သန်တွေ ဖြစ်ပါတယ်။ ပြီးတော့ Master Chef ရဲ့ ဒိုင်တစ်ဦးဖြစ်သူ Gordon Ramsey ဟာလည်း ဘယ်သန်ပါပဲ။
