သန်းကြွယ်သူဌေးကြီးဆိုတာနဲ့ လူတွေတော်တော်များများက အိမ်ကြီးအိမ်ကောင်းတွေ၊ ဈေးကြီးတဲ့ စားသောက်ဆိုင်ကြီးတွေ၊ ဇိမ်ခံကားတွေA ကိုပဲမြင်ကြတာများပါတယ်။ တစ်ချို့ သူဌေးကြီးတွေအတွက်တော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်ချို့ ဘီလီယံနာ သူဌေးကြီးတွေကတော့ သာမန်လူတွေလိုပဲ နေထိုင်ကြတာတွေလည်းရှိပါတယ်။

ဒီနေ့ kwee က သာမန်လူတွေလိုနေထိုင်နေကြတဲ့ ဘီလီယံနာ သူဌေးကြီးတွေရဲ့အကြောင်းကို ပြောပြပေးသွားမှာပါ။

Adele

Source: Youtube

အဆိုကျော် Adele ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ သူမရဲ့ အောင်မြင်မူတွေကြောင့် Guinness Book of World Records မှာမှတ်တမ်းတင်ထားခံရသူပါ။ ဒါပေမဲ့ သူမရဲ့ လူနေမူဘဝက အရမ်းကိုရိုးရှင်းလှပါတယ်။

ဈေးကြီးတွေ အဝတ်အစားတွေ များများစားစား ဝယ်လေ့မရှိသလို့၊ ဇိမ်ခံရွတ်လှေတွေလည်း မရှိပါဘူး။ သူမဟာ သားတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်နေတဲ့သူဖြစ်ပြီး သူမရဲ့ပရိသတ်တွေအတွက် သီချင်းကောင်းတွေဖန်တီးပေးနေသူဖြစ်ပါတယ်။

Tyra Banks

Source: Daily Mail

မော်ဒယ်လုပ်ခဲ့ဖူးသူ၊ America’s Next Top Model ကိုတည်ထောင်ထားသူ Tyra Banks ဟာဇိမ်ခံပစ္စည်းတွေ များများစားစားသုံးလေ့မရှိပါဘူး။

သူမဟာ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေကို သွားစားမဲ့အစား အနီးဆုံးက fast food မှာ ဝင်စားတတ်တဲ့သူပါ။ သူမရဲ့အလုပ်အတွက်လည်း ဈေးကြီးတဲ့ တတ်ဘလတ်တွေ ဝယ်သုံးလေ့မရှိပဲ ရိုးရိုး notebooks တွေကိုပဲ အသုံးပြုပါတယ်။ ပြီးတော့ သူမတည်းက ဟိုတယ်က ရေးချိုးဆပ်ပြာနဲ့ခေါင်းလျှော်ဆပ်ပြာကို သုံးလေ့ရှိပါတယ်။ သူမရဲ့ အပေါင်းအပါးတွေကို သူမကို ကက်စေးနည်းတယ်လို့ ပြောပေမဲ့ သူမကတော့ ဂရုမစိုက်ပါဘူး။ လူတိုင်းမှာ ကိုယ်လုပ်ချင်တာ ဥပဒေဘောင်အတွင်းကနေ လုပ်ပိုင်ခွင့် ရှိတယ်လို့ သူမက ယူဆထားပါတယ်။

Ashton Kutcher နှင့် Mila Kunis

Source: MP4 You

Ashton Kutcher နှင့် Mila Kunis ငွေကြေးကို အကျိုးရှိရှိ အသုံးချတတ်သူတွေဖြစ်တာကြောင့် ပိုမိုလူသိများကြတယ်။ သူတို့တွေဟာ ငယ်ရွယ်စဉ်က ဆင်းရဲစွာ နေထိုင်ခဲ့ကြရပြီး ငွေကြေးကို ဘယ်လိုသုံးစွဲရမလဲဆိုတာ သိတဲ့သူတွေပါ။

သူတို့ရဲ့ကလေးတွေကို လည်းသူတို့လိုဖြစ်အောင် သင်ကြားဆုံးမပေးလေ့ရှိကြတယ်။ သူတို့ရဲ့သားသမီးတွေ ရမဲ့ အမွေခံ ပစ္စည်းငွေကြေးတွေအကုန်လုံးကို ပရဟိတအဖွဲ့တွေထ့ လှူဒါန်းထားကြတဲ့သူတွေပါ။

Kristen Bell နှင့် Dax Shepard

Source: Enterainment Tonight

Kristen Bell နှင့် Dax Shepard တို့ဟာ ငွေကြေးချွေတာသုံးစွဲတတ်တာကြောင့် ကျော်ကြားကြတယ်။ သူတို့ရဲ့ပိုင်ဆိုင်မူတွေဟာ ဒေါ်လာ ၁၈ သန်းခန့်ရှိပေမဲ့ သူတို့ မင်္ဂလာဆောင်စရိတ်အတွက် ဒေါ်လာ ၁၄၀ ပဲ အသုံးပြုခဲ့ကြပါတယ်။ Kristen ကတော့ ဒီအတွက်ကြောင့် သူမနဲ့သူမ ခင်ပွန်းက မရှက်ဘူးလို့ ပြောသွားပါသေးတယ်။

Mark Zuckerberg

Source: TechCrunch

Facebook တည်ထောင်သူ Zuckerberg ဟာဘဝကို ရိုးရိုးရှင်းရှင်းနေထိုင်တတ်သူပါ။ တကယ်တော့ သူဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေ ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

သူ့ရဲ့ငွေကြေးတော်တော်များများကို The Giving Pledge နှင့် the Chan Zuckerberg ဆိုတဲ့ သူနဲ့သူ့အမျိုးသမီး တည်ထောင်ထားသော ပရဟိတ အဖွဲ့ကိုလှူဒါန်းလေ့ရှိပါတယ်။

“ဘယ်သူ့ဆီမှာမှ ဒီလောက်ငွေအများကြီးရှိမနေသင့်ဘူး။ ဒီလောက်ထိငွေတွေအများကြီးစုနေတာက ကျနော့အတွက် အဓိပ္ပာယ်မရှိသလိုပဲ။ ဒါတွေအားလုံးက မရှိတဲ့သူတွေအတွက် ဝေမျှသုံးစွဲသင့်တယ်” လို့ Zuckerberg ပြောခဲ့ပါသေးတယ်။