တစ်ချို့လူတွေက အင်တာနက်ပေါ်မှာ ပြုပြင်ထားတဲ့ ဓာတ်ပုံတွေ တင်ပြီး လူတွေကို အရူးလုပ်တက်ကြပါတယ်။ တစ်ချို့တွေက အနှောက်အယှက်ပေးချင်ရုံသက်သက်လုပ်ကြပြီး တစ်ချို့ကတော့ အပျော်သဘော လုပ်တက်ကြတယ်။ လူတစ်ချို့က ဒါကို အမှန်ထင်ပြီး လူမူကွန်ယက်အင်တာနက်ပေါ်မှာ မျှဝေလေ့ရှိကြတယ်။

ဒီနေ့ kwee page က လူအများအမှန်တကယ်ထင်နေကြတဲ့ နာမည်ကြီးဓာတ်ပုံတွေရဲ့ အကြောင်းပြောပြပေးသွားမှာပါ။

ဒီဓာတ်ပုံက လူတော်တော်များများကို ပြုံးမိစေပါတယ်။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ပုံတွေကို ရိုက်ယူတဲ့အခါမှာ အရေးပေါ်ဆိုတာ ကြုံတက်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေတော့ မဟုတ်ပါဘူး။ ဒီပုံကို Facebook သုံးတဲ့ လူတော်တော်များများ မြင်တွေ့ဖူးကြမှာပါ။ တကယ်တော့ ဒီပုံက ပြုပြင်ထားတာပါ။

ဒီဓာတ်ပုံကတော့ လွန်ခဲ့တဲ့နှစ်အနည်းက ထွက်ပေါ်လာခဲ့တာပါ။ ရုပ်ရှင်ထုတ်လုပ်ရေးနောက်ကွယ်က ခြင်္သေ့ဟိန်းဟောက်နေတဲ့ပုံ ဘယ်လိုရိုက်ခဲ့ရသလဲဆိုပြီး လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးခဲ့ဖူးပါတယ်။ အမှန်တော့ ဒါဟာ ခြင်္သေ့ကို MRI ရိုက်နေတဲ့ပုံပါ။ အကယ်၍ ကိုယ်ကျိုးစီးပွားအတွက် တိရိစ္ဆာန်တွေကို ဒီလိုနှိပ်စက်မယ်ဆိုရင် တိရိစ္ဆာန်ကာကွယ်သူများအဖွဲ့တွေက ငြိမ်ခံနေကြမှာမဟုတ်ပါဘူး။

လေယာဉ်ပေါ်ကနေ အကြောက်အလန့်မရှိ ဆယ်လဲဖီဆွဲထားတဲ့ လေယာဉ်မှုးရဲ့ ဓာတ်ပုံဟာ လူတွေကြားမှာ ရေပန်းစားခဲ့ဖူးပါတယ်။ တစ်ချို့လူတွေက ဒီပုံကို အတုပါလို့ ပြောနေကြတာတောင် လူစိတ်ဝင်စားမူများခဲ့ပါတယ်။ ဒါပေမယ့် တကယ်တော့ ဒီပုံက ပြုပြင်ထားခြင်းဖြစ်ပါတယ်။ တကယ့်အစစ်ပုံက ပိုပြီးတောင် ကြည့်ကောင်းနေပါသေးတယ်။

ဒီပုံစထွက်လာတုန်းက ကမ္ဘာတစ်ဝှမ်း like တွေသိန်းချီ ရရှိခဲ့ပါတယ်။ လူတိုင်း လှပလွန်းတဲ့ ဒီအမည်းရောင် ခြင်္သေ့အကြောင်း ပြောဆိုနေခဲ့ကြတယ်။ ဒါပေမယ့် ပုံကပြုပြင်ထားတာပါ။ အမည်းရောင် ခြင်္သေ့ဟာ ကမ္ဘာပေါ်မှာ မရှိပါဘူး။

ဒီပုံကိုမြင်တာနဲ့ ဒီရဲတိုက်ကြီးကို အပြင်မှာမြင်တွေ့ဖူးချင်စိတ် တဖွားဖွားပေါ်လာပါလိမ့်မယ်။ ဒါပေမယ့်ဒါဟာ ပုံနှစ်ပုံကို ပေါင်းစပ်ပြီး ပြုပြုထားခြင်းဖြစ်ပါတယ်။ Photoshop ပြုလုပ်တဲ့လူတော်တာကြောင့် လူတော်တော်များများကို လှည့်စားနိုင်ခဲ့တာပါ။

ဒီပုံစပြီး ထွက်ပေါ်လာတဲ့အချိန်က အင်တာနက်သုံးတဲ့လူတွေကြားမှာ အလွန်ရေပန်းစားခဲ့ပါတယ်။ National Geographic Photo of the Year ဆုနဲ့ ထိုက်တန်တဲ့ပုံလို့လည်း လူအများက ခေါင်းစဉ်တွေတပ်ပြီး မျှဝေခဲ့ကြသည့်အထိ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီပုံဟာ မတူညီတဲ့ ဓာတ်ပုံနှစ်ပုံကို အသေအချာ ပြုပြင်ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။