နာမည်ကျော်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ လွှမ်းမိုးမှုဟာဆိုရင် အတော်လေးအားကောင်းတယ်လို့ဆိုရမှာပါ။ ဘောလုံးကစားပုံတွေသာမက ပြင်ပ Lifestyle တွေမှာ ပရိသ်တွေအပေါ်လွှမ်းမိုးမှုရှိကြပါတယ်။ ဒီထဲကမှ လွှမ်းမိုးမှုအားကောင်းတာကတော့ သူတို့ရဲ့ Hair Styles တွေပါပဲ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတွေ အကောင်းဆုံး ဘောလုံးသမားတွေရဲ့ အတုယူသင့်တဲ့ဆံပင်စတိုင်လ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဒေးဗစ်ဘက်ခမ်း

david beckham

Photo : CGTN

ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးလောကမှာသာမက Fashionလောကမှာပါ ကိုယ်ပိုင် Brand တစ်ခုနဲ့ အောင်မြင်နေသူတစ်ဦးပါ။ သူကိုယ်တိုင် Grooming Brand 99 ကိုဦးစီးနေတာဖြစ်လို့ စံပြအနေနဲ့ အမြဲငေးကြည့်ရလောက်အောင် သပ်ရပ်သန့်ပြန့်စွာနေတတ်သူဖြစ်ပါတယ်။ သူ့ရဲ့ဆံပင်ပုံစံဟာလည်း ခပ်တိုတိုနဲ့ ပြင်ဆင်စရာသိပ်မလိုတဲ့ Hair Styles မျိုးဖြစ်ပြီး ရိုးရိုးရှင်းရှင်းနဲ့ ပွဲလယ်တင့်နေစေမှာ အသေချာပါပဲ။

နေမာ

Neymar Jr

Photo : Red Bull

နေမာကတော့ ဆံပင်စတိုင်အမျိုးမျိုးပြောင်းလဲနေရတာကြိုက်သူတစ်ယောက်ပါ။ သူ့ရဲ့ယောကျာ်းပီသတဲ့ မျက်နှာကျကို ပေါ်လွင်နေစေတာကတော့ ပြေပြစ်တဲ့ ဆံပင်လှိုင်းတွန့်တွေနဲ့ ရွှေအိုရောင် Hair Styles ပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန်အထာကျကျနဲ့ လန်းချင်တဲ့ အမျိုးသားတွေအတွက်တော့ ဖြူဖြူညိုညို လိုက်ဖက်တာမို့ Inspire ယူလို့အကောင်းဆုံး Hair Stylesတစ်ခုပါပဲ။

ခရစ္စတီယာနို ရော်နယ်ဒို

Christiano Ronaldo

Photo : Taiwan News

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဆံပင်စတိုင်လ်ဟာဆိုရင် မေးရိုးခပ်ကျယ်ကျယ်နဲ့ ယောကျာ်းပီသတဲ့မျက်နှာကျကို ပိုမိုပေါ်လွင်စေနိုင်တဲ့ Hair Styles တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့Hair Styles ထူးခြားမှုကတော့ ဆံပင်ခွဲကြောင်းထင်းထင်းနဲ့ သပ်ရပ်နေတဲ့ Trimတွေပါ။ ဆံပင်နဂိုကာလာကို နက်မှောင်နေအောင် တခြားကာလာမဆိုးပဲနဲ့ သေသပ်တဲ့ Styleမျိုး ကြိုက်သူတွေအတွက်အလိုက်ဖက်ဆုံးပါပဲ။

ဟယ်ရီကိန်း

HARRY KANE

Photo : The Athletic

ဟယ်ရီကိန်းရဲ့ ဆံပင်စတိုင်လ်က ဆံပင်မတိုမရှည်ထားပြီး ခေါင်းကိုသပ်သပ်ရပ်ရပ်ဖြီးထားတဲ့ ပုံစံမျိုးဖြစ်ပြီး မုတ်ဆိတ်ထားချင်သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ လူလတ်ပိုင်းအမျိုးသားတွေအတွက် သိပ်ကိုသင့်တော်တဲ့ဆံပင်စတိုင်လ်တစ်မျိုးပါ။ ကြော့ရှင်းပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းချင်ရင်တော့ ဟယ်ရီကိန်းရဲ့ ဆံပင်စတိုင်လ်မျိုးက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Featured Photo : The Guardian