ဝီစကီကို ဆေးဖြစ်ဝါးဖြစ် မှီဝဲခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးပြီး ကင်ရောရောဂါကို တိုက်ဖျက်ပေးပါတယ်။ ကိုယ်အလေးချိန်လျော့ချပေးပြီး စိတ်ဖိစီးမှုများကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ မှတ်ဉာဏ်ဆုံးရှုံးခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ အစာချေစနစ်ကိုလည်း ကောင်းမွန်စေကာ အအေးမိဖျားနာခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ကျန်းမာရေးအတွက် ဒီလိုတစ်ဖက်တစ်လှမ်းကနေ ကောင်းကျိုးပေးတဲ့ ဝီစကီကို ဆေးဖြစ်ဝါးဖြစ် မှီဝဲနိုင်သလို အစားအစာများ ချက်ပြုတ်ရာတွင်လည်း အသုံးပြုနိုင်ပါတယ်။ သင်သည် အစားအစာ ချက်ပြုတ်ရတာကို ကြိုက်နှစ်သက်တဲ့ ယောကျာ်းတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါပဲ။

ဟင်းလျာလေးရဲ့ နာမည်ကတော့ နူးညံ့အိစက်ပြီး လျှာလည်သွားစေမယ့် အမဲသားစတိပ်ခ်ပဲ ဖြစ်ပါတယ်။

whiskey and beef steak recipe for men

Photo Source: Ningboguide.com

အဓိကပါဝင်ပစ္စည်းကတော့ အမဲသားပြား ၃၊ ၄ ပေါင်ခန့်ဖြစ်ပြီး အမဲသား နူးအိမွှေးပျံ့ဖို့ရန်အတွက် စိမ်ထားရမယ့် ပါဝင်ပစ္စည်းများကတော့ Ketchup ၊ ကြက်သွန်ဖြူ၊ ဝီစကီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ၆ ဇွန်းခန့်၊ ပဲငံပြာရည် အနည်းငယ်နှင့် သံလွင်ဆီ အနည်းငယ်တို့ပဲဖြစ်ပါတယ်။

အဆင့် (၁) အရင်ဦးဆုံး Ketchup ၊ ကြက်သွန်ဖြူ၊ ဝီစကီ၊ ပဲငံပြာရည်နှင့် သံလွင်ဆီတို့ကို သမအောင် ရောမွှေလိုက်ပါ။

အဆင့် (၂) အမဲသားကို ဇလုံ (သို့) ဇစ်ပါသော ပလပ်စတစ်အိတ်ထဲ ထည့်လိုက်ပါ။ စောစောက အရောအနှောကို အမဲသားပေါ်သို့ လောင်းချကာ နှံ့စပ်သွားအောင် ပွတ်ပေးလိုက်ပါ။ ထို့နောက် အချိန်အနည်းငယ်ကြာအောင် နှပ်ထားပေးရပါမယ်။ (တစ်ည သို့မဟုတ် ၂၄ နာရီခန့် နှပ်ထားပေးရင်တော့ အကောင်းဆုံးပါပဲ။)

သင့်အနေနဲ့ ဇလုံအသုံးပြုတယ်ဆိုရင်တော့ လေလုံအောင် အုပ်ထားပေးဖို့ လိုအပ်ပြီး ဇစ်ပါတဲ့ ပလပ်စတစ်အိတ် အသုံးပြုပါကလည်း ဇစ်ကို သေချာပိတ်ပေးထားရပါမယ်။

whiskey and beef steak recipe for men

အဆင့် (၃) သတ်မှတ်ချိန်ပြည့်အောင် နှပ်ပြီးသွားတဲ့အခါမှာတော့ အကင်မီးဖိုကို အပူပေးပါ။

မကျက်တကျက်လေး စားချင်တယ်ဆိုရင်တော့ အပူချိန်ကို ၁၃၀ – ၁၃၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကင်ပါ။ Medium Rare ပုံစံမျိုး စားချင်တယ်ဆိုရင်တော့ ၁၄၀ – ၁၄၅ ဒီဂရီဖာရင်ဟိုက်ကြား ကင်ပေးရပါမယ်။ သူ့ထက်ပိုကျက်ချင်တယ်ဆိုရင်တော့ ၁၅၅ – ၁၆၀ ဒီဂရီကြားကင်ပါ။ လုံးဝ အကျက်စားမျိုး စားချင်တယ်ဆိုရင်တော့ ၁၆၅ – ၁၇၀ ဒီဂရီဖာရင်ဟိုက်ကြား ကင်ပေးရပါမယ်။

ကင်နေချိန်မှာလည်း မကြာခဏ ဟိုလှန် ဒီလှန် လုပ်တာမျိုး မလုပ်ဘဲ ခပ်ကြာကြာလေး ထားကာ ကင်ပေးရပါမယ်။

whiskey and beef steak recipe for men

Photo Source: Elijahcraig.com

အဆင့် (၄) စတိပ်ခ်ပြားတစ်ဖက်ချင်းစီကို ၄ မိနစ်၊ ၅ မိနစ်ခန့် ကင်ပေးပြီးတဲ့နောက်မှာတော့ အမဲသားပြားကို အကင်မီးဖိုကနေ ဖယ်လိုက်လို့ရပါပြီ။ ထို့နောက် ပန်းကန်ပြားပေါ် တင်ထားကာ ခဲဖတ်ဖြင့် ၁၀ မိနစ်ခန့် အုပ်ထားလိုက်ပါ။

အဆင့် (၅) ၁၀ မိနစ်ပြည့်တဲ့အခါမှာတော့ အမဲသား စတိပ်ခ်ကို မိမိစိတ်ကြိုက် လှီးဖြတ်ကာ အရသာရှိရှိ စားသုံးနိုင်ပါပြီ။ ဝိုင်၊ ဝီစကီတို့နဲ့ တွဲဖက်စားသုံးပါက ပိုမိုအရသာရှိပါတယ်။

Source: Mantitlement.com

Featured Image Source: Latimes.com