ဝီစကီချစ်သူတွေကတော့ ဝီစကီကို နည်းမျိုးစုံနဲ့ ရောစပ်ထားတဲ့ ကော့လ်တေးတွေကို ကြိုက်နှစ်သက်ပြီး မြည်းစမ်းကြည့်ချင်ကြမှာတော့ အမှန်ပါပဲ။ အခုဖော်ပြပေးချင်တဲ့ Fancy Whiskey ကော့လ်တေးကလည်း သိမ်မွေ့ပြီး ပြေပြစ်တဲ့ အရသာရှိတာကြောင့် ညိုကီတို့ အကြိုက်တွေ့စေမဲ့ ကော့လ်တေးတွေထဲက တစ်ခုပါပဲ။ ဒီကော့လ်တေးကဲ့သို့ ဝီစကီကော့လ်တေးတော်တော်များများက အနည်းငယ်တော့ ပြင်းထန်လေ့ရှိတာကြောင့် ထိထိမိမိကော့လ်တေး သောက်ချင်တဲ့ သူတွေအတွက်တော့ အံကိုက်ပါပဲ။ ဒါ့ကြောင့် ကွီးတို့အတွက် ဝီစကီကော့လ်တေးတစ်ခု ဖြစ်တဲ့ Fancy Whiskey ကော့လ်တေး စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
အရင်ဆုံး ကော့လ်တေး ဖျော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။
Photo : The Spruce Eats
- ဝီစကီ ၂ အောင်စ
- Superfine သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်
- Triple Sec ၀.၅ အောင်စ
- Angostura Bitters ပမာဏ အနည်းငယ် (ကြိုက်ရာ Bitters အမျိုးအစားကို သုံးနိုင်ပါတယ်၊)
- ရေခဲများနဲ့
အလှဆင်ရန်အတွက် လိမ္မော်သီးခွံ ဒါမှမဟုတ် သံပုရာသီးခွံ စသည်တို့ လိုအပ်ပါတယ်။
ဒီကော့လ်တေးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Triple sec ဆိုတာကတော့ ပြင်သစ်နိုင်ငံမှ ထုတ်လုပ်တဲ့ လိမ္မော်အရသာ အရည်တစ်မျိုးဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ ပမာဏအလိုက် အယ်လ်ကိုဟော ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ထိ ရာခိုင်နှုန်း အထိ ပါဝင်ပါတယ်။ သူ့ကို သီးသန့်သောက်သုံးလေ့ မရှိသော်လည်း ဖျော်ယမကာများ ကော့လ်တေးများ၊ Martini များ၊ စသည်တို့ ဖျော်စပ်ရာတွင် ရောစပ်အချိုရည်အဖြစ် အသုံးပြုပါတယ်။
နောက်ထပ်ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Angostura Bitters ကလည်း ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အခြေခံပြီး စုစည်းထားသော အခါးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၎င်းကို အနံ့အရသာရှိသော အဖျော်ယမကာများ သို့မဟုတ် အစားအစာအတွက် မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ ဒီပါဝင်ပစ္စည်း နှစ်မျိုးလုံးက ကော့လ်တေးရဲ့ အရသာကို ပိုမို ကောင်းမွန်အောင် ပံ့ပိုးပေးပါလိမ့်မယ်။
ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အမိုက်စား Fancy Whiskey ကော့လ်တေးဖျော်စပ်ဖို့ အသင့်ပါပဲ။ ဖျော်စပ်ပုံကတော့
(၁) အရင်ဆုံး ပါဝင်ပစ္စည်းများကို တစ်နေရာတည်းမှာ စုလိုက်ပါ။
Photo : The Spruce Eats
(၂) ထို့နောက် ကော့လ်တေး Shaker ထဲသို့ ရေခဲများ ဖြည့်လိုက်ပါ။ ထို့နောက် ဝီစကီအပါအဝင် Triple Sec၊ သကြားနဲ့ bitters စတဲ့ ပါဝင်ပစ္စည်းများကိုလည်း ကော့လ်တေး Shaker ထဲသို့လောင်းထည့်လိုက်ပါ။
Photo : The Spruce Eats
(၃) ကော့လ်တေး Shaker အပြင်ဘက် အေးလာတဲ့အထိ လှုပ်ခါပါ။
Photo : The Spruce Eats
(၄) ရရှိလာသော ကော့လ်တေးကို အအေးခံထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။
Photo : The Spruce Eats
နောက်ဆုံးအနေဖြင့် အဆင်သင့် လှပစွာ လှီးဖြတ်ထားတဲ့ လိမ္မော်သီးခွံ ဒါမှမဟုတ် သံပုရာသီးခွံ စသည်တို့နဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ မြည်းစမ်းကြည့်ချင်စရာ ကော့လ်တေးလေးဖြစ်တဲ့ Fancy Whiskey ကော့လ်တေးလေး ရရှိပါပြီ။
Source : The Spruce Eats
Featured Photo : Slightly Pretentious